Wednesday, August 14, 2013

လမ်း ၃၀ အသည်း အထူးကု ဆေးခန်း မိသားစု အဖွဲ့မှ အခမဲ့ ဆေးကုသမှုများ ပြုလုပ် ပေးခဲ့

အသည်း အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း ဦးဆောင်တဲ့ လမ်း ၃၀ အသည်း အထူးကု ဆေးခန်း မိသားစုများမှာ သြဂုတ်လ

၁၁ ရက်နေ့က မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့၊ ၀က်ဂေါင်း ကျေးရွာမှ အခမဲ့ ဆေးကုသမှုများ ပြုလုပ်ပေး ခဲ့ပါတယ်။ ဒီလို အခမဲ့ ကုသပေး ရာမှာတော့ အဆိုပါ ကျေးရွာ အတွင်း မှာရှိတဲ့ ဒေသခံ များကို ဆရာဝန်များ၊ သူနာပြု အဖွဲ့ဝင် များက အထွေထွေ ရောဂါကုသ ပေးခြင်း၊ အသည်းရောဂါ ကုသပေးခြင်း၊ ကလေးငယ် များနဲ့ သက်ဆိုင်သော ရောဂါ များအား ကုသပေးခြင်း၊ သွားဘက် ဆိုင်ရာ ရောဂါများ ကုသပေးခြင်းနဲ့ သွေးစစ် ပေးခြင်း တို့ကိုလည်း အခမဲ့ ပြုလုပ်ပေး ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ အဖွဲ့ အနေနဲ့ နယ်လှည့် အခမဲ့ ဆေးကုသမှုများကို လစဉ်လတိုင်း နယ်များကို သွားရောက်ကာ လှည့်လည် ကုသပေး လျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှ ပင့်ဆောင် လာတဲ့ ဗောဓိ ညောင်ပင်ပေါက် ကိုလည်း အဆိုပါ ရွာမှ ဒေသခံများ ရွာသားများ ညောင်ရေ သွန်းလောင်းဖို့ အတွက်လည်း ပင့်ဆောင် စိုက်ပျိုး ပေးခဲ့တယ်လို့ သိရပါတယ်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။