Saturday, August 24, 2013

အမြန်လမ်းမမှာ တောင်ပေါ်သားအဝေးပြေးကား မြောင်းထဲထိုးကျ

သြဂုတ် (၂၃)

ယနေ့ နေ့ လည်၂း၁၁ မိနစ်ခန့်က နေပြည်တော် အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၅၇/၇မှာ တောင်ပေါ်သား အဝေးပြေးကားက လမ်းပြုပြင်မှု ပြုလုပ် နေတဲ့ မော်တော်ယာဉ်ကို ဝင်တိုက်ပြီး ဘေးကမြောင်း ထဲကို ထိုးကျခဲ့ပါတယ်။

တောင်ပေါ်သား ကားဟာ ရန်ကုန်မှ နေပြည်တော်သို့ သွားမှာဖြစ်ပြီး ခရီးသည် ၂၈ဦးခန့် ပါပါတယ်။ ယာဉ်တိုက်မှုကြောင့် ခရီးသည်တစ်ဦး တစ်ယောက်မှ ဒဏ်ရာအပြင်း အထန်ရခြင်း မရှိဘဲ ယာဉ်မောင်းနှစ်ဦးအနက် တစ်ဦးမှာ ခြေထောက်နဲ့ လက်များ ပွန်းပဲ့ ဒဏ်ရာ ရရှိခဲ့တယ်။

"ရှေ့က ကားသေးလေးကို ကျော်တက်ခိုင်းတာ အဲဒါကို ကားသေးလေးက မတက်တော့ သူကတက်တော့ အရှိန်မထိန်းနိုင်တော့ဘူး လမ်းပြင်နေတဲ့ သူတွေ ထိမှာ စိုးလို့လမ်းဘေးကို ဆွဲချလိုက်ပြီ ဆိုတာကိုတွေ့ တော့ ခေါင်းငုံ့ချလိုက်တာ၊ ကြောက်တာတော့ တော်တော် ကြောက်သွားတယ်"လို့ ကားပေါ်ပါလာသူအသက်သုံးဆယ်ဝန်းကျင် အမျိုးသမီးတဦး ပြောပါတယ်။

အမြန်လမ်း ရဲဝန်ထမ်းများက စစ်ဆေးလျှက်ရှိပါတယ်။

Author ချိုဇင်မာဝင့်
Kumudra

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။