Monday, July 29, 2013

ကိုကာကိုလာ၏Brand Ambassador ဖြစ်လာသည့် စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer

စိုင်းစိုင်ခမ်းလှိုင်နှင့်Bobbby Soxer (ထက်ထက်အောင်)ကို ကိုကာကိုလာ၏ မြန်မာပြည်အတွက် Brand Ambassador အဖြစ်  ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

270713 Coca-Cola ambassadors Sai Sai and Bobby interacting with an audience member Image Credit to Coca-Cola Myanmarသြဂုတ်လ(၃)ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် ကိုကာကိုလာပျော်ရွှင်ခြင်းခရီးစဉ်၌လည်း ကိုကာကိုလာဖျော်ဖြေရေးယာဉ်တန်းနှင့်အတူ စိုင်းစိုင်းနှင့်BobbySoxerတို့နှစ်ဦးလုံးလိုက်ပါ ဖျော်ဖြေ မည် ဖြစ်သည်ဟု ကိုကာကိုလာမှ မလှမြတ်မွန်က ပြောသည်။

 

၄၂၅မီလီလီတာဆန့် ကိုကာကိုလာပုလင်းပုံစံသစ် ဖြန့်ချိရောင်းအားမြှင့်တင်သည့် Open Happiness Campaignကို ဇူလိုင်လ(၂၇)ရက်နေ့က ပြုလုပ်ခဲ့သည်။ ကိုကာကိုလာ၏ ဖျော်ဖြေရေး ယာဉ်တန်း၌ စိုင်းစိုင်းနှင့်BobbySoxerတို့ နှစ်ဦးစုံတွဲ သီဆိုထားသည့် လန်းဆန်းသော နေ့များအမည်ရသည့် တေး သီချင်းကို ထုတ်ဝေခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်နှင့်BobbySoxerတို့၏ဖျော်ဖြေပွဲကို ဇူလိုင်(၂၇)နေ့ နေ့လည်၂နာရီတွင် ဒဂုံစင်တာ (၂)၌လည်းကောင်း၊ ညနေ(၄)နာရီတွင်Junction Square၌လည်ကောင်း ကျင်းပခဲ့သည်။

ရန်ကုန်၌ ကိုကာကိုလာ၏ ဖျော်ဖြေရေးယာဉ်တန်းသည် လှိုင်တက္ကသိုလ်နယ်မြေရှိ စီးပွားရေး တက္ကသိုလ်ရှေ့မှစ၍  ဖျော်ဖြေရေးခရီးစဉ်ကို နေ့လည်(၁၁)နာရီခွဲမှ စတင်ကာ ည၈နာရီအချိန်၌ (၈)မိုင်၌ ခရီးစဉ် ပြီးဆုံးခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်ကို ၁၉၇၉ခုနှစ် ဧပြီလ(၁၀)ရက်နေ့တွင် မွေးဖွားခဲ့ပြီး ရှမ်းတိုင်းရင်းသား တစ်ဦးဖြစ်သည်။ သူသည် နာမည်ကျော် အဆိုတော်၊ သီချင်းရေးစပ်သူ၊ တေးဂီတ ထုတ်လုပ်သူ၊ စာရေးဆရာ၊ မော်ဒယ်နှင့်ရုပ်ရှင်မင်းသားတစ်ဦးလည်း ဖြစ်ပါသည်။

တောင်ကြီးမြို့ဇာတိဖြစ်ပြီး အသက် ၃၄ နှစ်ရှိသော စိုင်းစိုင်းသည်သူ၏ ပထမဆုံး ဟစ်ပ်ဟော့ပ် တေးသီချင်းအယ်လ်ဘမ် ချောကလက်ရောင် ရေခဲအိပ်မက်ကို ၂၀၀၀ပြည့်နှစ်တွင် ထုတ်ဝေ ဖြန့်ချိခဲ့သည်။

 Bobby Soxer (ထက်ထက်အောင်) ကို ၁၉၉၃ ခုနှစ် မေလ ၂၂ ရက်နေ့တွင် မွေးဖွားပြီး အဆိုတော်၊ တေးရေး၊ ရုပ်သံသရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ၂၀၀၆ ခုနှစ် ၁၃ နှစ်သမီးအရွယ်တွင် အဆိုတော် ရဲလေးနှင့်တွဲဖက်ပြီး နှုတ်မဆက်ချင်ဘူး အမည်ရ တေးသီချင်းသီဆိုထုတ်လုပ်ခြင်း မပြုမီကပင် BobbySoxer သည် Underground ဟစ်ပ်ဟော့ပ်ဖျော်ဖြေသူအဖြစ် အနုပညာဘ၀ စတင်ခဲ့သူ ဖြစ်သည်။

၂၀၁၁ခုနှစ်တွင် ဒုံးပျံတေးအယ်လ်ဘမ်ထုတ်ပြီးနောက် ဆယ်ကျော်သက်လူငယ်ပရိသတ်၏ ထောက်ခံ အားပေးမှုကို ယနေ့အချိန်အထိရရှိခဲ့သူဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။