Wednesday, July 24, 2013

သစ်ပင်ပေါ် ကြက်တက်ဖမ်းရာက ဓာတ်လိုက်သေဆုံး

သစ်ပင်ပေါ်တွင် အိပ်တန်းတက်နေသော ကြက်ကို တက်ဖမ်းရာက ဓာတ်လိုက် သေဆုံးမှုတစ်ခု အင်းစိန်မြို့နယ်တွင် ဇူလိုင် ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူသည် အသက် ၃၂ နှစ် အရွယ် သံပန်းသံတံခါးလုပ်သား ကိုကျော်ဇေယျဆိုသူဖြစ်ပြီး သူသည် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်ဟု ရဲများက အတည်ပြုထားသည်။

၎င်းသည် ကြက်တက်ဖမ်းနေစဉ် သူတက်နေသည့် သရက်ကိုင်းက ကျိုး၍ အရှိန်လွန်ပြီး နေအိမ်နှင့် သွယ်ထားသော လျှပ်စစ်ဓာတ်ကြိုးပေါ်သို့ ပြုတ်ကျခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။ ထို့နောက် သူ့လည်ပင်းနှင့် ဓာတ်ကြိုး
ထိမိပြီး ဓာတ်လိုက်နေခဲ့သဖြင့် ကြိုးကို ဖြတ်တောက်ပြီး သူ့ကိုအင်းစိန်ဆေးရုံသို့ ပို့ ဆောင်ခဲ့သော်လည်း သေဆုံး
သွားခဲ့သည်ဟု ရဲမှတ်တမ်းများတွင် တွေ့ရသည်။

လက်ရှိတွင် အလောင်းကို အင်းစိန်ဆေးရုံတွင်ပင် ဓာတ်လိုက်မှုကြောင့် သေဆုံးခြင်း ဟုတ်၊မဟုတ် သေချာစေရန် စစ်ဆေးလျှက်ရှိပြီး အင်းစိန်ရဲစခန်းကလည်း သေမှုသေခင်း အမှတ်စဉ် ၄၆/၁၃ ဖြင့် အမှုဖွင့်ထား သည်ဟု တိုင်းရဲ
တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ မီးကြိုးပေါ် တက်အိပ်နေသော ကြက်အားဖမ်းရာမှ သားအဖနှစ်ဦး ဓာတ်လိုက် သေဆုံးခဲ့မှုတစ်ခု ဇွန် ၂၉ ရက် က မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ဖူးသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။