Sunday, June 9, 2013

မြန်မာ့လူဦးရေ လေးပုံ သုံးပုံ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်ခြင်း မရှိသေး

မြန်မာနိုင်ငံလူဦးရေ၏ ၇၄ ရာခိုင်နှုန်းသည် လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ခြင်း မရှိသေး ကြောင်း အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်လိုက်သည့် New Energy Architecture (မြန်မာ အစီရင်ခံစာ)တွင် ဖော်ပြပါရှိသည်။

အဆိုပါ အစီရင်ခံစာသည် မြန်မာ့စွမ်းအင် ကဏ္ဍအပေါ် ပထမဦးဆုံးအကြိမ် အသေးစိတ် လေ့လာထားသည့် အစီရင်ခံစာဖြစ်ပြီးနိုင်ငံ စွမ်းအင်ကဏ္ဍအတွက် အဓိက အရေးကြီးသောအချက်ကို ဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာတွင် မြန်မာ့လူဦးရေ၏ ၇၄ ရာခိုင်နှုန်းသည် လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ခြင်းမရှိပဲ ၁၆ ရာခိုင်နှုန်းသာ လျှပ်စစ် ဓါတ်အားသုံးစွဲနိုင်သေးကာ စိတ်ချရသော စွမ်းအင်ဖြည့်ဆည်းပေးနိုင်သော စနစ်မရှိခြင်းတို့ ဖြစ်လျှင်
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားနိုင်သည်ဟုလည်း ထောက်ပြထားသည်။

အစီရင်ခံစာတွင် အကြံပြုချက် ၁၇ ချက်ကို ဖော်ပြထားပြီး နိုင်ငံ၏စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခု ရှိရမည်ဖြစ်ကြောင်းထောက်ပြထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဌ မစ္စတာ စတီဖင်ဂေါဖ့်က ''မြန်မာနိုင်ငံအနေနဲ့ အလျင်အမြန် တိုးတက်လာနေတဲ့ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆီးပေးဖို့ရယ်၊ ကျေးလက်ဒေသတွေ လျှပ်စစ်စွမ်းအင်ပိုမိုအသုံးပြုနိုင်ဖိုရယ်၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ရယ် လိုအပ်ပါတယ်။ ဒီလိုတွေလုပ်နိုင်ဖို့အတွက် စည်းမျဉ်း ဥပဒေတွေကို ပိုကောင်းအောင် လုပ်တာတို့ကို အရေးတကြီး လုပ်ဖို့လိုအပ်ပါတယ်'' ဟု ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။