Sunday, June 9, 2013

နေပြည်တော်နှင့် ဘန်ကောက် ပထမဆုံး လေကြောင်း နေ့စဉ်ပြေးဆွဲမည်

နယူးဒေလီ (မဇ္ဈိမ)။   ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ နေပြည်တော်သို့ လေကြောင်းပျံသန်းမှုကို AirAsia က ပြေးဆွဲရန် စီစဉ်နေကြောင်း Wanderlust ခရီးသွားမဂ္ဂဇင်းက ရေးသားလိုက်သည်။

နေပြည်တော်သို့ ပထမဆုံးသော ကမ္ဘာ့လေကြောင်းလိုင်းတခုအဖြစ် အောက်တိုဘာလတွင် စတင်နိုင်ရန် AirAsia ၏ ထိုင်းရုံးခွဲက စီစဉ်နေခြင်းဖြစ်သည်။

"ဘန်ကောက်နဲ့ နေပြည်တော်ကို ချိတ်ဆက်ဖို့ ပထမဆုံးနဲ့ တခုတည်းသော လေကြောင်းလိုင်း ဖြစ်ရတာကို စိတ်လှုပ်ရှား ပီတိဖြစ်ရပါတယ်" ဟု AirAsia ၏ အမှုဆောင် အရာရှိချုပ် တိုနီ ဖာနန်ဒက်စ် အား ကိုးကား၍ Wanderlust တွင် ရေးသားထားသည်။

ဒီဇင်ဘာလတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို နေပြည်တော်၌ ကျင်းပရန်ရှိပြီး နောင်နှစ်များ တွင်လည်း နေပြည်တော်သို့ အသွားအလာ ပိုများလာဖွယ်ရှိသည်ဟု ခန့်မှန်းသည်။

"အဲဒီမှာ ကျန်ကမ္ဘာကြီးနဲ့ ချိတ်ဆက်ဖို့ ဧရာမ တောင်းဆိုလိုလားချက်တွေ ရှိနေမှာဖြစ်ပြီး ဘန်ကောက်ကတော့ စတင်ဖို့ လုံလောက်တဲ့နေရာ ဖြစ်ပါတယ်" ဟု တိုတီ ဖာနန်ဒက်စ် က ဆက်လက်ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။