Tuesday, April 23, 2013

ကျပ် ၁၅၀၀ တန်ဖုန်းများအတွက် သီးသန့်ငွေဖြည့်ကဒ် ရောင်းချပေးမည်

မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချပေးတော့မည့် တန်ဖိုးနည်း ကျပ် ၁၅၀၀တန်ဖုန်းများ ၀ယ်ယူအသုံးပြုသူ များအတွက် ငွေဖြည့်ကဒ်များကို သီးသန့်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

 

"ဒီငွေဖြည့်ကတ်ကို  သီးသန့်ရောင်းချပေးတဲ့ ဆိုင်တွေမှာပဲ ၀ယ်လို့ရမယ်"ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ်တစ်ဦးကပြောသည်။

 

ဧပြီ ၂၄ ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စတင်ရောင်းချပေးတော့မည် ကျပ် ၁၅၀၀ တန် CDMA-800 MHz  တန်ဖိုးနည်းဖုန်းများ ငွေဖြည့်ကတ်ထည့်သွင်းအသုံးပြုရာတွင် MECTel စာတန်းပါ ငွေဖြည့်ကတ်ကိုသာ ထည့်သွင်းအသုံးပြုရမည်ဖြစ်ကြောင်း သိရှိရသည်။

 

၁၅၀၀ ဖုန်းများသည် ယခင်ဖုန်းများကဲ့သို့ မည်သည့် ငွေဖြည့်ကတ်မဆိုထည့်သွင်းအသုံးပြုနိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသည့် ငွေဖြည့်ကတ်ကိုသာ ထည့်သွင်းအသုံးပြုရမည်ဖြစ်ကြောင်းသိရှိရသည်။

 

"ဒီလိုတော့ မကောင်းပါဘူး အသုံးပြုသူတွေအတွက် အခက်တွေ့မှာပေါ့၊ ၀ယ်လို့မရတဲ့ နေရာရောက်နေတဲ့သူဆိုရင် ဘယ်လို လုပ်မှာလဲ"ဟုလည်းတန်းတွင်ငွေဖြည့်ကတ်ရောင်းချပေးနေသူ ကိုထိန်ကပြောသည်။

 

အဆိုပါတန်ဖိုးနည်းဖုန်းအသုးံပြုသူများအတွက် ငွေဖြည့်ကတ်ဝယ်ယူရရှိနိုင်သောဆိုင်များမှာ TMHC-ZK  ကမာရွတ်မြို့နယ်၊ MTS စမ်းချောင်မြို့နယ်၊ Best One လသာမြို့နယ်၊ Mobile လသာမြို့နယ၊် MTC မင်္ဂလာတောင်ညွန့်မြို့နယ်၊ 09 မရန်ကုန်းမြို့နယ် ၊လူကြီးမင်း သင်္ဃန်းကျွန်းမြို့နယ၊် Mobile King တာမွေမြို့နယ၊် Mobile Bank ကြည့်မြင်တိုင်မြို့နယ် ၊ISN Netအင်းစိန်ုမြို့နယ်၊ Missed-Call ဒေါပုံမြို့နယ်တို့တွင် သာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ၄င်းငွေဖြည့်ကတ်များအား ရန်ကုန်မြို့တွင်  ၁၂ ဆိုင်သာဝယ်ယူအသုံးပြု   ငွေဖြည့်နိုင်မည်ဖြစ်ကြောင်း သိရ သည်။

 

"ကျွန်တော်တို့အတွက်တော့ လုံးဝအခက်အခဲပ၊ဲ အရင်ဖုန်းတွေဆိုရင် ငွေကုန်တာနဲ့ ငွေဖြည့်ကတ်ရောင်းတဲ့ ဆိုင် ဘယ်ဆိုင်မဆို ၀ယ်လို့ရတယ်။ ၁၅၀၀ တန်ဖုန်းကို ခုလိုကန့်သတ်လိုက်တော့ ကျွန်မဆိုရင် မ၀ယ်တော့ဘူးလို့ စဉ်းစားလိုက်တယ်"ဟု လက်ကိုင်ဖုန်းရောင်းချနေသူ ဒေါ်ခင်ဌေးက ပြောသည်။

 

၁၅၀၀ တန်ဖုန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးအသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ရောင်းချမည်ဖြစ်ပြီး လာရောက် လျှောက်ထားမှုနည်းပါးလျက်ရှိကြောင်း လှည်းတန်း (၇) လမ်းရှိအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

 

အဆိုပါ လျှောက်ထားမှုများကို ဧပြီလ ၂၂ရက်နေ့ ည ၁၀ နာရီ နောက်ဆုံးထားကာ သက်ဆိုင်ရာ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်ထားနိုင်ကြောင်းသိရှိရသည်။

 

ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း စီဒီအမ်အေ ဆင်းမ်ကတ်များအား အမည်စာရင်းပေးသွင်းထားသူများကို မဲဖောက်ကာ မဲပေါက်သူကိုသာ ရောင်းချပေးသွားမည်ဖြစ်သည်။

 

ဆင်းမ်ကတ်များကို ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် လိုင်းဖွင့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။