Wednesday, March 27, 2013

ရွှေပေါ်ကျွန်းဘုရားပွဲတွင် ဂက်(စ်)အိုးပေါက်ကွဲ၍ လူတစ်ဦးသေဆုံး

ကချင် ပြည်နယ်၊ ရွှေကူ မြို့နယ်၊ ကျွန်းတော် ကျေးရွာ၊ ရွှေပေါ်ကျွန်း ဘုရားပွဲ၌ ဇာတ်ရုံ အနီး ဧရာဝတီ မြစ်ကမ်းနံဘေး တွင်မတ်၂၃ ရက် နေ့လည်က မိုးပျံပူးဖောင်း ရောင်းချသူ နိုင်ကိုဇင်(၁၅)နှစ်သည် မိုးပျံ ပူဖောင်း အတွင်း ဂက်(စ်) ထည့်ရန် အတွက် ဂက်(စ်) အိုးအတွင်း ဒန်စအမှုန့် များနှင့် ကော့စမစ် အမှုန့်တို့ ရောစပ် နေစဉ် ဂက်(စ်) အိုးပေါက်ကွဲပြီး ဒဏ်ရာမျာ့း ရရှိခဲ့ သဖြင့် ပွဲခင်းလုံခြုံရေး တာဝန်ကျ ရွှေကူ ရဲစခန်းမှ တပ်ဖွဲ့ဝင် များက ရွှေကူမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး နိုင်ကို ဇင်မှာ ရရှိသော ဒဏ်ရာ များဖြင့် ညနေ တွင် ဆေးရုံ၌ သေဆုံး သွားခဲ့သည်။့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေကူ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၃)ဖြင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိင်ငံ ရဲတပ်ဖွဲ့ မှသိရသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။