Thursday, May 31, 2012
ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ
ရဲ ဒုတပ်ကြပ် အဆင့် ရှိသူ တစ်ဦး၏ ရိုက်နှက်မူကြောင့် တောင်ကုတ်မြို့နယ်မှ
အသက် ၅၅ နှစ်ရှိ လူကြီးတစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိကာ ဆေးရုံတွင်
ငါးချက်တိတိ ချုပ်လိုက်ရကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။
ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု
ရဲဒုတပ်ကြပ်၏ ရိုက်နက်၍ ဦးခေါင်းကို ငါးချက်တိတိ ချုပ်လိုက်ရသူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင် ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။
ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနုထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်
သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ
ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန်
တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။

ဝ တပ်ဖွဲ့စစ်သမီးများ
ဟိုင်မို ဆံပင်တုစက်ရုံ အလုပ်သမား နစ်နာမှု ၈၈ မျိုးဆက်မှ ကိုးရီးယား သံရုံးသို့ အကြောင်းကြားမည်
မေလ ၃၀၊ ၂၀၁၂၊ ပိုင်ပိုင် (YPI)
အခြေခံလစာနည်းပါးမှုကြောင့် လွန်ခဲ့သည့် ရက် (၂၀) ခန့်မှ စတင်ဆန္ဒပြခဲ့ကြသော ကိုရီးယားလူမျိုးပိုင်ဆိုင်သည့် ဟိုင်မိုဆံပင်တုစက်ရုံမှ အလုပ်သမားများအရေးကိစ္စနှင့် ပတ်သက်ပြီး ကိုရီးယားသံရုံးသို့ အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောသည်။
ကိုမင်းကိုနိုင်က “ဒီကိစ္စကို ပစ်မထားဘူး။ ဒီထက်အခြေအနေ တိုးတက်အောင် တရားတဲ့နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်။ နိုင်ငံတကာသိအောင် အစ်ကိုတို့အားလုံးဝိုင်းဝန်း ဖော်ထုတ်ပေးမယ်။ ကိုရီးယားသံရုံးကိုလည်း စာပို့မယ် ” ဟု ယနေ့နေ့လည် ဟိုင်မိုစက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တန်ဖိုးမြင့်လာသည့် ပြင်ဦးလွင် ကျူးကျော်ရပ်ကွက်ကို အာဏာပိုင်များ ဖယ်ရှားခိုင်း
မေလ ၃၀၊ ၂၀၁၂ ၊ ကျော်သူရမျိုး (YPI )
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ မြို့သစ် ပဒေသာတွင် (၁၀)နှစ်ကျော်ကြာ အခြေချနေထိုင်လာသည့် အိမ်ခြေ ၁၀၀ ကျော်ရှိ ကျူးကျော်ရပ်ကွက်အား မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များနှင့် သစ်တောရေးရာဦးစီးဋ္ဌာန တို့မှ ပုးပေါင်း၍ ဖယ်ရှားခိုင်းလျှက်ရှိသည်ဟု ရပ်ကွက်သားများက ပြောသည်။

လမ်းမတော် မီးလောင်မှု၌ သေဆုံးသူမိန်းကလေး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ ခု တွေ့ရှိ
လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကြောင်းသိရသည်။
မေလ(၃၀)ရက်နေ့ နံနက် ၁၂ နာရီ ၄၅ ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၇၆) သုံးလွှာ ညာဖက်ခြမ်း အခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ အခြေခံပညာအထက်တန်းဖြေဆိုထားသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။

Subscribe to:
Posts (Atom)