
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ အလုပ်သမား ဦးရေ ၃ ထောင်လောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ပိတ်မိနေသူ ၇၀ ကျော် ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ရန်လုံကျိုင်းနဲ့ မန်တုံ ကျေးရွာတွေဘက်မှာ ပိတ်မိနေတဲ့သူတွေရှိပေမယ့် လုံခြုံရေးစိုးရိမ်ရ တာကြောင့် သွားမခေါ်နိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ လောက်ကိုင်ခရိုင် ကြက်ခြေနီဦးစီးမှူး တတိယတန်း ဦးစောရွှေမြင့်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ တစ်နှစ်အတွင်း ငွေကျပ် ၆၅ ဘီလျံကျော် တန်ဖိုးရှိတဲ့ ကျောက်စိမ်းတန်ချိန် ၂ သောင်းကျော် ထုတ်ယူနိုင်ခဲ့ပြီး ရတနာအခွန်အဖြစ် စုစုပေါင်း ကျပ် ၁၂ ဘီလျံကျော် ကောက်ခံရရှိခဲ့ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောပါတယ်။










