Friday, January 25, 2013
အငြင်းပွားနေတဲ့ လယ်ယာတွေကို ဇေကမ္ဘာ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး
2013-01-24
ဇေကမ္ဘာကုမ္ပဏီနဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမားတွေအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ စက်မှုဇုန် ၄ က လယ်ယာမြေ ကန်သင်းတွေကို မနေ့က ဇေကမ္ဘာ ကုမ္ပဏီ ဘက်ကလူတွေ ဝင်ရောက်ဖျက်ဆီး ခဲ့တဲ့အတွက် လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူတွေအကြား ထိပ်တိုက်တွေ့ဆုံ မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။
Photo: Sai Tun Aung Lwin
လယ်ကွက်အနီးတွင် ဇေကမ္ဘာကုမ္ပဏီက ဘူဒိုဇာများနဲ့ မြောင်းများတူးထားပြီး မြေများပုံထားပုံ
ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ငွေလွှဲနိုင်ပြီ
2013-01-24
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အတွက် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံ ကို ငွေလွှဲနိုင်တော့မယ်လို့ ဂျပန် Seven ဘဏ်က ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံ ကို ငွေလွှဲရင် တစ်ကြိမ်ကို ဂျပန်ယန်းငွေ ၅ သိန်း အထိ လွှဲနိုင်တယ်လို့ ဆိုပါတယ်။
လိုင်ဇာအနီး ခါယာဘွမ် တောင်ကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်
2013-01-24
KIO ဌါနချုပ်ရှိတဲ့ လိုင်ဇာမြို့ အနောက်ဖက်က ခါယာဘွမ်တောင်ကို အစိုးရတပ်တွေက ဇန်န၀ါရီလ ၂၄ ရက်နေ့ ဒီနေ့ နေ့လည် ၁ နာရီ ကျော်ကနေစပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ကေအိုင်အို က ပြောပါတယ်။

Photo: RFA
စစ်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ်က ကေအိုင်အေ စခန်းတစ်ခုပုံ
ဒီကနေ့ အစိုးရတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး အရေအတွက်ဟာ အခုရက်ပိုင်းအတွင်း အများဆုံး စံချိန်တင်ရမှာဖြစ်တယ်လို့ ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်း က ပြောပါတယ်။
Thursday, January 24, 2013
ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ်ဖို့ လွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းတော့မည်
2013-01-23
ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာ မှာ အဆိုးမြင်ဝေဖန် ရေးသားဖော်ပြနေ တဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည်နဲ့ သုံးစွဲသူကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင် ရွက်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးတကြီး ပြင်ဆင်နေကြပါတယ်။
ဒေသတည်ငြိမ်မှု မရှိ၍ မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ လျှပ်စစ်မီးများ ဆက်လက်ပြတ်တောက်မည်။
2013-01-24
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ ဆိုရင် တစ်လပြည့်သွားပြီဖြစ်ပေမယ့် မီးပုံမှန်အတိုင်းပြန်လည်ပေးနိုင်ဖို့ကတော့ အစိုးရနဲ့ ကေအိုင်အေ တို့ နှစ်ဖက်ကြားက တိုက်ပွဲတွေ အပေါ်မှာ မူတည်နေတယ်လို့ အဲဒီဒေသကို လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ဘူးဂါးကုမ္ပဏီက အာအက်ဖ်အေကို ပြောပါတယ်။
Subscribe to:
Posts (Atom)