Friday, January 25, 2013

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ငွေလွှဲနိုင်ပြီ



2013-01-24
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အတွက် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံ ကို ငွေလွှဲနိုင်တော့မယ်လို့ ဂျပန် Seven ဘဏ်က ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံ ကို ငွေလွှဲရင် တစ်ကြိမ်ကို ဂျပန်ယန်းငွေ ၅ သိန်း အထိ လွှဲနိုင်တယ်လို့ ဆိုပါတယ်။

Seven ဘဏ်ရဲ့ ဂျပန်တစ်ပြည်လုံးမှာရှိတဲ့ အလိုအလျောက် ငွေထုတ်စက်ပေါင်း တစ်သောင်းခုနစ်ထောင် ကနေတဆင့် လွှဲနိုင်ကြောင်း၊ ဂျပန်ကနေ လွှဲလိုက်တဲ့ငွေကို  Western Union နဲ့ ချိတ်ဆက်ထားတဲ့နေရာ ၁၅၀ ကျော်မှာ မြန်မာကျပ်ငွေနဲ့ ထုတ်ယူနိုင်ကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဂျပန်နိုင်ငံမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားပေါင်း ၈ ထောင်လောက်ရှိပြီး၊ လောလောဆယ် မြန်မာဘဏ် ၇ ခုက Western Union နဲ့ ချိတ်ဆက်ပြီး ပြည်ပငွေလွဲအဝင်လုပ်ငန်း ဆောင်ရွက်နေကြရာမှာ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာ့မွေးမြူရေးနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ယူနိုက်တက်အမရာဘဏ်တို့ ပါဝင်ကြပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။