Friday, January 25, 2013

တပ်မတော်မှ အဆက်မပြတ်ထိုးစစ်ဆင် နေသော်လည်း လိုင်ဇာမကျသေးဟု KIO ဆို

ရန်ကုန် ဇန်န၀ါရီ ၂၅

ယနေ့နံနက် အင်တာနက်ပေါ်၌ ပျံ့နှံ့နေသည့် KIA ဌာနချုပ် လိုင်ဇာ အားသိမ်းယူပြီး ဖြစ်ဟူသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း KIO ဘက်မှ အတည်ပြုပြောကြားသည်။


လက်ရှိတွင် KIA ဌာနချုပ်မှာလည်း သိမ်းယူခဲ့ရ ခြင်းမရှိသေး သော်လည်း အဆိုပါ ဌာနချုပ် စခန်းသို့ တပ်မတော်မှ ထိုးစစ်ဆင်နေမှုများ ဆက်လက်ဖြစ်ပွား နေကြောင်း KIO မှ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်ကဆိုသည်။

KIA နှင့်တပ်မတော် တို့မှာ ပြည်နယ်အဆင့်သုံးကြိမ် ၊ ပြည်ထောင်စုအဆင့် သုံးကြိမ် ၊ အလွတ်သဘော သုံးကြိမ်နှင့် တရားဝင်နှစ်ကြိမ် စုစုပေါင်း ၁၁ ကြိမ်တွေ့ဆုံဆွေးနွေးမှုပြုခဲ့ပြီး ၂၀၁၁ ခုနှစ်ဇွန်လ ၉ရက်နေ့မှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သုတလင်း -Popular Myanmar News Journal

လိုင်ဇာမြို့ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။