Monday, December 10, 2012

သန်းခေါင်စာရင်း ဥပဒေဟောင်းကို ရုပ်သိမ်း၊ ဥပဒေကြမ်း အသစ်ထုတ်ပြန်

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပထမဦးဆုံး ထောက်ခံအားပေးခဲ့သည့် နိုင်ငံဖြစ်သည့်အတွက် ဂုဏ်ယူကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်မှ သတင်းထုတ်ပြန်

၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလတွင် ပါရီမြို့၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြု ချမှတ်နိုင်ရန် နိုင်ငံအမည်ခေါ်၍ မဲခွဲဆုံးဖြတ်စဉ် မြန်မာနိုင်ငံသည် ပထမဦးဆုံး ထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်ကြောင်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဂုဏ်ယူသတိရလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လူသားအားလုံးနှင့် သက်ဆိုင်သည့် အရေးအကြီးဆုံး ကြေညာချက် တစ်ရပ်ဖြစ်သော နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အတည်ပြုချမှတ်ခဲ့ပြီး အဆိုပါနေ့အား နိုင်ငံတကာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း လူ့အခွင့်အရေးနေ့ ပေါ်ပေါက်လာပုံကို ဖော်ပြထားသည်။

ယနေ့သည် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး မြင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် လွန်ခဲ့သည့်နှစ်အတွင်း ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် ရေရှည်လုပ်ငန်းစဉ်များကို ချပြရန် အသင့်လျော်ဆုံး အခါသမယဖြစ်ကြောင်း၊ ကော်မရှင်သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ လက်ခံရရှိခဲ့သော တိုင်တန်းချက်ပေါင်း သုံးထောင်ကျော်အနက် အများစုကို စိစစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ''ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ'' အပါအ၀င် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးအတွက် နိုင်ငံတော်သမ္မတထံ စာရေးသား မေတ္တာရပ်ခံခြင်းနှင့် သတင်းထုတ်ပြန်ခြင်းတို့ကို ကော်မရှင်က ဆောင်ရွက်ခဲ့ခြင်းသည် ထောင်ပေါင်းများစွာသော အကျဉ်းသားများကို လွတ်မြောက်စေခဲ့ကြောင်း၊ လွတ်မြောက်လာသော အကျဉ်းသားအချို့သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြသည့် အတွက်လည်း အားရကျေနပ်မိကြောင်း၊ လူ့အခွင့်အရေး ကာကွယ်ရေးလုပ်ငန်း အတွေ့အကြုံများအရ နိုင်ငံတော်အစိုးရနှင့် အခြားသက်ဆိုင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

လူ့အခွင့်အရေး မြင့်တင်ရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ပညာပေးရေးကို အထူးပြုဆောင်ရွက်နေသော အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရန်ကုန်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် ထူးခြားသည့် ရလဒ်တစ်ခုအဖြစ် အခြေခံပညာနှင့် အဆင့်မြင့်ပညာ သင်ရိုးများတွင် လူ့အခွင့်အရေး ဘာသာရပ်ကို အလေးထား သင်ကြားပေးနိုင်ရေး လုပ်ငန်းစဉ်ကို အစပျိုးနိုင်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားပါသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ တင်းပြည့်အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ တွဲဖက်အဖွဲ့ဝင်နိုင်ငံအဖြစ် လည်းကောင်း အသိအမှတ်ပြု ခံခဲ့ရကြောင်း၊ သို့ဖြစ်ရာ ဒေသတွင်း လူ့အခွင့်အရေး မြင့်တင်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် ၄င်းဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းလာနိုင်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်နှင့် ရှေ့လုပ်ငန်းစဉ်များတွင် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဆက်နွယ်မှု ဘာသာရပ်၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်နှင့်စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်တို့ကဲ့သို့သော အရေးကြီးသည့် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန် ကိစ္စများ ပါဝင်ကြောင်း၊ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲများသည် လူပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး မြင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာ ၀န်ကြီးဌာနများအတွက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ကြောင်း၊ ရေရှည်စီမံချက်အဖြစ် အရေးကြီးသော လူ့အခွင့်အရေး စာရွက်စာတမ်းများကို အများပြည်သူ သိရှိစေရန် မြန်မာဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေမူကြမ်းတွင် ဖော်ပြပါရှိသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် ကော်မရှင်ကို ကြီးမားသော တာဝန်တစ်ရပ်အဖြစ် ယုံကြည်စွာ အပ်နှံခြင်းဖြစ်သောကြောင့် ဆောင်ရွက်ရာတွင် ကော်မရှင်အတွက် သက်ဆိုင်သူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု မရှိပါက လူသားတို့၏ မွေးရာပါဂုဏ်သိက္ခာကို လေးစားမှုရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်ရေးအတွက် အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အဆုံးတွင် ဖော်ပြထားပါသည်။

မလေးရှားရောက် မြန်မာများက ကြေးနီးတောင် စီမံကိန်း အကြမ်းဖက်မူကို ကန့်ကွက်ရှုတ်ချ


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းတော်များကို မြန်မာ အစိုးရမှ အကြမ်းဖက်ဖြိုခွဲမူ အပေါ် ကန့်ကွက် ရှုတ်ချသော အခမ်းအနား တစ်ရပ်ကို မလေးရှားတွင် ပြုလုပ်ခဲ့ကြသည်။

ကန့်ကွက် ရှုတ်ချပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ်  ဘာလပ်ဂေါင်းရှိ သာသနာ့ အောင်မြေ ကျောင်းတိုက်တွင် ဒီဇင်္ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

" ကန့် ကွက် ရှုတ်ချပွဲ လုပ်ရတဲ့ အကြောင်းက ကြေးနီ စီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ သပိတ် စခန်းဖွင့် တောင်းဆိုနေတဲ့  ရဟန်းသံဃာတွေ ပြည်သူတွေကို  အစိုးရကနေ မီးလောင်ဗုံးတွေ သုံးပြီး အကြမ်းဖက် နှိမ်နှင်းမူ အပေါ် မကျေနပ်တဲ့ အတွက် ယခုလို  မလေးရှားကိုရောက်နေကြတဲ့ မြန်မာ အဖွဲ့အစည်းတွေက အခမ်းအနားလုပ်ပြီး ကန့်ကွက် ရှုတ်ချရတာ ဖြစ်ပါတယ်" ဟု ဦးဆောင် ရဟန်းတော် တစ်ပါးဖြစ်သည့် အရှင်  ဦးသြဘာသမှ နိရဉ္စရာသို့ ပြောသည်။

၎င်းပြင် ဦးသြဘာသက " မြန်မာနှိုင်ငံ အတွင်းမှာ တရားမျှတမူ မရှိသေးဘူး။ စစ်အအစိုးရဲ့ လက်ကျန် အမွေ အနှုစ်တွေကို ကျင့်သုံးပြီး လူထုကို အနိုင်ကျင့်နေတုန်း ဖြစ်တယ်။ မြန်မာနိုင်ငံ အတွင်းမှာ သံဃာတော်တွေ သွေးမြေခခဲ့ ရတဲ့ အဖြစ်မျိုး၊  ဓါတုလက်နက် သုံးပြီး ဖြိုခွဲ လိုက်တဲ့ ခုလိုမျိုး လုပ်ရပ်တွေ  အပေါ် ဦးဇင်းတို့ အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး။ လုံးဝ ရှုတ်ချတယ်။ ကန့် ကွက်တယ်။ မြန်မာအစိုးရက ပြောတော့ ဒီမိုကရေစီ လုပ်နေတယ်။ ကျင့်သုံးနေတာတွေ အရိပ်အယောင် တစ်ခု မတွေ့ ရဘူး" ဟု ဆိုသည်။

ဘာသာရေးမှာ မြန်မာ လူမျိုးတို့၏  အသက်သွေးကြော ဖြစ်သဖြင့် ဘာသာ သာသနာကို မြန်မာ လူမျိုးများ ကိုယ်တိုင် ကာကွယ်ကြရမည်ဟု ဆိုသည်။

" နောက်ပြီး  တို့ဘာသာ သာသနာဟာ တို့လူမျိုးရဲ့ သွေးကြော အသက် နှလုံးသားဖြစ်တာကြောင့်  ဒို့သာသနာကို ဒို့  ကာကွယ်မှ သာလျှင် ကောင်းမယ်။ ဒို့ သာသနာကို မကာကွယ် ဘူးဆိုရင် ကြာရင် ပျောက်သွားမယ်။ ဒို့နိုင်ငံလည်း ပျောက်သွားမယ်။  သွေးမိုက်ဆာ လူတစ်စုရဲ့ ဘာသာရေး အရေချုံပြီးမှ  သူတို့က အခုလို လုပ်တဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဦးဇင်းတို က့ လုံးဝ ရှုတ်ချတယ်။ဒါတွေကို သူတို့ သိစေဖို့  မလေးရှားမှာ ရောက်ရှိတဲ ရွှေမြန်မာ ညီအစ်ကို တိုင်းရင်းသားတွေနဲ့  စုပေါင်းပြီး မြန်မာအစိုးရကို ရှုတ်ချပွဲ လုပ်ရတာဖြစ်တယ်″ ဟု ဆက်မိန့်ကြားသည်။

အခမ်းအနားသို့ တက်ရောက်လာသူများမှ အကြမ်းဖက် နှိမ်နှင်းမူကြောင့် ဒဏ်ရာရရှိခဲ့ကြသော ရဟန်းသံဃာများနှုင် ကျောင်းသူကျောင်းသား ပြည် သူများ အတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းကြရာ  မလေး ရစ်ဂစ်( ၄၇၀၀)နှင့်  မြန်မာကျပ်ငွေ ၁၃သိန်း ရရှိခဲ့ဟု သိရသည်။

အဆိုပါ အလှူငွေ ရင်းဂစ်  ၄၇၀၀နှင့်  မြန်မာကျပ်ငွေ ၁၃ သိန်းကို မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူ ထံသို့ လွဲ အပ် ပေးပို့သွားမည် ဖြစ်ကြောင်း မလေးရှားနှိုင်ငံ ကွာလာလာမ်ပူရ် မြို့ သာသနာ့ အောင်မြေ ကျောင်းတိုက် ဆရာတော် ဦးသြဘာသမှ မိန့်ကြားသည်။

အခမ်းအနားကို မလေးရှာနှိုင်ငံရောက် ၈၈မျိုးဆက် ကျောင်းသားများ၊  သံဃာ သမဂ္ဂများနှုင့် အထွေထွေ သပိတ်ကော်မတီ (GSC) နှုင့် NLD (LA)  မှ စုပေါင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

မလေးရှာနိုင်ငံ အထွေထွေ သပိတ်ကော်မတီ (GSC) ဥက္ကဌ ကိုအောင်ကြီးကလည်း နိရဉ္စသို့  ယခုကဲသို့  ပြောသည်။

" ရှင်းရှင်း ပြောရရင်တော့ သူတို့  ဒီမိုကရေစီ လမ်းကြောင်းကို  လျှောက်နေပါတယ် ပြောဆိုပြီးတော့ ခုလိုမျိုး အကြမ်းဖက် ဖြိုးခွင်းတဲ့ ကိစ္စကတော့ စစ်အဏာရှင်ရဲ့ အရိပ် အာဝါသ ရှိနေတုန်း၊ အဲဒီအောက်က မလွှတ်ကင်းသေးဘူး ဆိုတာကို သူတို့ ပြလိုက်တာပါပဲ" ဟု ဆိုသည်။

" အခုလိုမျိုး ဘုန်းကြီးတွေကို မျက် ရည်ဗုံးလို့  ပြောပြီးတော့ တကယ်တမ်း ပစ်ခတ်တဲ့ ဗုံးတွေက မီးလောင်ဗုံးနဲ့ ပစ်တယ်။ ဒီလို အကြမ်းဖက်ပြီး ဘုန်ကြီးတွေကို လုပ်တာဟာ ဗုဒ္ဓ သာသနာကို စော်ကားတာနဲ့ အတူတူပါဘဲ" ဟု ပြောသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း မရပ်တန့်ပါက  ဆက်လက် စုပေါင်း ဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ် သွားမည်ဖြစ်ကြောင်း မလေးရှားနှိုင်ငံ ကွာလာလာမ်ပူရ်မြို့ ဘာလပ်ဂေါင်း သာသနာ့ အောင်မြေကျောင်းတိုက် ဆရာတော် ဦးသြဘာသမှ မိန့်ကြား သွားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူ ၁၅၀ကျော်ရှိပြီး  အလှူငွေများ ပေးအပ်ကာ နံနက် ၁၁ နာရီတွင် စတင်ခဲ့သော ရှုတ်ချ ကန့်ကွက်ပွဲ အခမ်းအနားကို နေ့လည် တစ်နာခွဲတွင် ပြီးဆုံးခဲ့သည်ဟု သိရသည်။


ရခိုင် နိုင်ငံရေး အကျဉ်းသား ကိုနိုင်စိုး အညတရ သူရဲကောင်းဆု ချီးမြင့်ခံရ


ပခုက္ကူ ထောင်တွင် အကျဉ်းကျနေသော ရခိုင်နိုင်ငံရေး အကျဉ်းသား ကိုနိုင်စိုး(ခေါ်) မဲလုံးကို တခြား လူပုဂ္ဂိုလ် ၄ဦးနှင့် အတူ  အညတရ သူရဲကောင်းဆု ချီးမြင့်လိုက်သည်ဟု သတင်း ရရှိသည်။

ဓါတ်ပုံ- Burma VJ

အညတရ သူရဲကောင်းဆုကို ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ချီးမြင့်လိုက်ခြင်းဖြစ်သည်။ ဆုပေးပွဲ အခမ်းအနားကို အမျိုးသား အောင်ပွဲနေ့တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ဒီဇင်္ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည်။

ကိုနိုင်စိုးအတွက် ပေးအပ်သော ဆုအား တက်ရောက် လက်ခံခဲ့သူ ကိုနိုင်စိုးဖခင်က သူ့ခံစားချက်ကို ယခုကဲ့သို့ နိရဉ္စရာသို့ ပြောကြားသည်။

" သားတယောက် အခုလိုဆုရတဲ့ အတွက် ၀မ်းမြောက် ဂုဏ်ယူမိသလို တဘက်မှာလည်း ၀မ်းလည်းနည်းမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးရဲ့သားကို အခုလို ဆုချီးမြင့်တဲ့အချိန်မှာ သူက ထောင်ထဲမှာ၊ ကိုယ်တိုင် တက်ရောက် မယူနိုင်ဘူး။ တခြားလူတွေက စုံစုံလင်လင် ကိုယ်တိုင်ကိုယ်ကျ တက်ယူကြတယ်။ အဲဒါတွေက ဦးလေးကို ၀မ်းနည်းစရာတွေ ဖြစ်စေပါတယ်" ဟု ဆိုသည်။

အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၊ ဆရာမောင်ဝံသ အပါအ၀င် နိုင်ငံရေးသမားများနှင့် လူပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့သည်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် နှစ်ရှည်နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် အကျဉ်းသား အများအပြားကို တခေါက်ပြီး တခေါက် လွှတ်ငြိမ်းချမ်းသားခွင့် ပေးကာ လွှတ်ပေးနေသော်လည်း သူ့သား အနေဖြင့် ပါဝင် လွတ်မြောက်လာခြင်း မရှိသည့်အပေါ်မှာလည်း စိတ်မကောင်း ဖြစ်မိသည်ဟု သူက ဆက်ပြောသည်။

" အစိုးရ အနေနဲ့ ဦးလေးသားကို ရခိုင်ပြည်နယ်က နိုင်ငံရေး လှုပ်ရှားမှုတိုင်းကို ဦးဆောင်ပြီး လူပ်ရှားတဲ့ ခေါင်းဆောင် တယောက်လိုမျိုး မြင်နေတယ်လို့ ဦးလေးက ထင်တယ်။ ဒါကြောင့် လွှတ်ပေးလိုစိတ် မရှိ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် အခု ပြောင်းလဲလာတဲ့ အရပ်သား အစိုးရ၊  ဒီမိုကရေစီ အစိုးရ လက်ထက်မှာ တချိန်က စစ်အစိုးရ ဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးသမားတွေကို လွှတ်ပေးသင့်ပါတယ်။ အခုလိုအစိုးရက စနစ်တွေပြောင်း၊ မူဝါဒတွေပြောင်းပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နေချိန်မှာ  တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အလေးထားတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးသင့်တယ်လို့ မြင်မိပါတယ်" ဟု ဆိုသည်။

ကိုနိုင်စိုးနှင့်အတူ အညတြရ သူရဲကောင်းဆု ဆုချီးမြင့်ခံရသူများမှာ ၁။  ကိုနိုင်စိုး( ပခုက္ကူ ) ၂။  ဦးစိုးမြင့် ၃။ အောင်သီဟ ၄။ သိန်းထိုက်အောင် ( ကွယ်လွန် ) ၅။ မဖြူ( ခ) မချောစုလှိုင် တို့ဖြစ်ကြသည်။
ဆုငွေအဖြစ် ကျပ် ၁၀ သိန်းနှင့် အညတရ သူရဲကောင်းဆု ကော်မတီ အမှတ်တံဆိပ်တို့ကို ချီးမြှင့်ခဲ့သည်။

ကိုနိုင်စိုးအား ၂၀၀၉ ခုနှစ် အတွင်းတွင် တခြား ရခိုင်လူငယ် ၁၀ ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး ပြည်ပ အခြေစိုက် ရခိုင် ကျောင်းသားနှင့် လူငယ်များ ကွန်ဂရက် AASYC နှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှု၊ အသင်းအဖွဲ့ပုဒ်မ စသည်တို့ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။

အကျဉ်းကျခံထားရဆဲဖြစ်သော ကိုနိုင်စိုးအပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို အစိုးရသစ် အနေဖြင့် လွတ်ပေးသင့်ကြောင်း ရခိုင်လူငယ် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခိုင်ကျော်မိုးက ပြောသည်။

"ကိုနိုင်စိုးကို အခုလို ဆုချီးမြင့်တဲ့ အတွက် ၀မ်းသာပါတယ်။ အခုလို လုပ်ခြင်းဟာ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ကျန်ရှိနေသေးတယ်ဆိုတာကို မီးမောင်းထိုး ဖော်ပြရာလည်း ရောက်တယ်။ ကျနော့်အနေနဲ့ ပြောချင်တာကတော့ မလွှတ်သေးဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ စစ်အစိုးရ ခေတ်က ဖမ်းဆီးခံထားရသူတွေဖြစ်ကြတယ်။ ဒီတော့ အခု ဒီမိုကရေစီ အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုရင် ဒီကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးသင့်ပါတယ်" ဟု ဆိုသည်။

ကိုနိုင်စိုးမှာ စစ်ကြောရေးဒဏ်များကြောင့် ခါးရိုး၊ ဒူးဆစ်များမှာ နာကြင်သည့်ဝေဒနာ ခံစားနေရပြီး မျက်လုံးများမှာလည်း ကောင်းစွာ မမြင်ရကြောင်း များမကြာမှီ လပိုင်းက သွားရောက် တွေ့ဆုံ ခဲ့သည့် သူ့ဖခင် က ပြောသည်။


မယားချစ်တဲ့ စခန်းမှူးကြောင့် နယ်စပ် စခန်း တစ်ခုမှ ရဲသားများ လစာ မရဖြစ်နေ


ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်  လောင်းတုန် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သူတို့၏ နိုဝင်ဘာ လစာငွေကို ယခုအချိန်ထိ ရရှိခြင်း  မရှိသေးကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

ယခုကဲ့သို့ အောက်ခြေ ရဲတပ်သားများ နိုဝင်ဘာလ လစာငွေကို မရဘဲ ဖြစ်နေခြင်းမှာ စခန်းမှူးဖြစ်သူမှ သူ၏ ဇနီးချော အတွက် ရွှေနှင့် အ၀တ်အထည်များ ၀ယ်ယူ အသုံးပြုထား၍ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်က ဆိုသည်။

" လစာထုတ်ဖို့ စခန်းမှူး ဦး ++ မောင်တောကိုသွားတဲ့ အချိန်မှာ သူ့ရဲ့ဇနီး မ +++ ရော  အတူ လိုက်ပါ သွားတယ်။ မောင်တောမှာ ရဲဘော်တွေရဲ့ လစာငွေတွေနဲ့ ရွှေတွေ၊ အ၀တ်အစားတွေ ၀ယ်ပြီး ပြန်လာတယ်။ ကျွန်တော်တို့ကို ဒီနေ့အထိ နိုဝင်ဘာလ လစာကို မပေးနိုင်ဘဲ ဖြစ်နေပါတယ်။ လစာ သွားတောင်းရင်လည်း ဒီနေ့ပေးမယ် မနက်ဖန် ပေးမယ်လုပ်နေတယ်။ အချင်းချင်း ပြောတော့ မပြောချင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း အခက်အခဲ ဖြစ်နေတဲ့ အတွက် ထုတ်ပြောရတာ ဖြစ်ပါတယ်" ဟု ရဲတပ်သားတစ်ဦးက ပြောသည်။

လစာမရဘဲ ဖြစ်နေသည့်ရဲစခန်းမှာ မောင်တောမြို့နယ် ကြိမ်ချောင်းအပိုင် လောင်းတုန်ရဲစခန်း ဖြစ်ပြီး အဆိုပါ စခန်းတွင် ရဲတပ်သား အင်အား ၁၂ ဦးရှိဟု ဆိုသည်။ လောင်းတုန်သည် ဘင်္ဂလာ နယ်စပ် ကင်းစခန်း တစ်ခုဖြစ်ကြောင်း သိရသည်။

လစာကို အထက်အရာရှိမှ ကိုယ်ကျိုးအတွက် အသုံးပြုထားသည့်အတွက် ရဲတပ်သားများ ၏ မိသားစုများမှာ စားဝတ်နေရေး အခက်အခဲဖြစ်ကြောင်းလည်း အဆိုပါ ရဲတပ်သားက ဆက်ပြော သည်။

"မိသားစုတွေကတော့ အခက်အခဲ ဖြစ်နေကြတယ်။ လက်ရှိကတော့ ဖြစ်သလို စားသောက် နေကြရတယ်။ မိသားစု တစ်ခုလုံးက ဒီလစာ ၈၅၀၀၀ မှာ မှီခိုနေကြရတာ ဖြစ်ပါတယ်။  ဒီလို ဖြစ်နေတာကို အထက်ကိုလည်း မတိုင်ရဲ ဖြစ်နေကြတယ်" ဟု ဆိုသည်။

မောင်တောမြို့နယ် နယ်စပ်ရှိ လက်နက်ကိုင် စခန်းများအတွက် လစာငွေကို လကုန်ရက်တိုင်း အရာ ရှိဖြစ်သူမှ မောင်တောမြို့တွင် သွားရောက်ထုတ်ယူရသည်။

၂၆နှစ်မြောက်မွေးနေ.

funscrape.com

ဒီနေ.ကျွန်တော်ရဲ.၂၆နှစ်မြောက်မွေးနေ.မှာဆိုဒ်လာတဲ.သူငယ်ချင်းတွေမွေးနေ.ကိတ်လေးစားသွားပါဦးဗျာ...

funscrape.comfunscrape.com

ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အဓိကရုဏ်း လူသေ


ဘင်္ဂလားဒေ့ရှ် နိုင်ငံ တလွှား ၈ နာရီ ကြာ လမ်းပိတ် ဆန္ဒပြဖို့ ကြိုးစားတဲ့ အတိုက်အခံ တွေနဲ့ ပြိုင်ဘက် နိုင်ငံရေး အုပ်စုတွေကြား အဓိကရုဏ်း တွေမှာ အနည်းဆုံး ၂ ယောက် သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲက ဆိုပါတယ်။

ဓာတ်ဆီဗုံး တွေ နဲ့ ကားတွေကို မီးရှို့ ခဲ့တဲ့ ဆန္ဒပြသူ တွေကို လူစုခွဲဖို့ ထောင်နဲ့ချီတဲ့ ရဲတွေ ချထား ခဲ့ပါတယ်။

ဒါကာ မြို့တော်က ဂဘ်တိုလီ မြောက်ပိုင်း ဒေသကို အတိုက်အခံနဲ့ အစိုးရ ထောက်ခံသူတွေ အကြား စစ်မြေပြင်လို ဖြစ်ခဲ့တယ်လို့ ရဲက ဆိုပါတယ်။

ဆန္ဒပြသူ ဒါဇင်နဲ့ချီပြီး ဖမ်းဆီး ခံခဲ့ရပါတယ်။

လာမယ့် လွှတ်တော် ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ အိမ်စောင့် အစိုးရ ပြန်ဖွဲ့ပေးရေး အဓိက အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ နဲ့ မဟာမိတ် အဖွဲ့တွေက တောင်းဆို နေကြတာ ဖြစ်ပါတယ်။

အိမ်စောင့် အစိုးရ ဖွဲ့ပြီး ရွေးကောက်ပွဲ ကျင်းပတဲ့ စနစ်ကို လက်ရှိ အစိုးရက မနှစ်က ဖျက်သိမ်း ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)