Wednesday, December 5, 2012

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တရားဝင် မှတ်ပုံတင်

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့နယ် ကျေးလက်ဒေ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့်ရရန် သက်ဆိုင်ရာ အာဏာပိုငိများထံ မှတ်ပုံတင်ခွင့် လျှောက်ထားလိုက်ကြောင်း မိုင်းဝီး ဒေသခံများက ပြောသည်။

မူးယစ်ဆေးဝါးက ဒေသခံလူထုအား တနေ့တခြား ခြိမ်းခြောက်လာသဖြင့် စုပေါင်းတိုက်ဖျက်ရန် ဒေသတွင်း လူငယ်များစုပေါင်း၍  'မိုင်းဝီး လူငယ်စာရိတ္တ ပြုပြင်ရေးအဖွဲ့' အမည်ဖြင့် လျှောက်ထားခြင်း ဖြစ်ကြောင်း မိုင်းဝီးဒေသခံ တဦးက ပြောသည်။

"လူငယ်စာရိတ္တ ပြုပြင်ရေး အဖွဲ့ (မိုင်းဝီး)  လို့နာမည်ပေးထားပြီး ဒီဇင်ဘာ ၁ ရက်နေ့ က ပြည်သူ့ လွတ်တော် ကိုယ်စား လှယ် ဒေါက်တာကျော်အုန်း ၊ မိုင်းဝီးအုပ်ချုပ်ရေးမှူး စိုင်းယီလိုင်းခမ်း ၊ မိုင်းဝီး ရဲစခန်း မှူး တွေဆီကို ရော သျှမ်း၊ ကချင်၊ လီရှော၊ ပလောင် စာပေယဉ်ကျေးမှု အဖွဲ့တွေဆီကိုရော စာတင်ထားတယ်၊  ဒီနေ့အထိတော့ ဘာမှ အကြောင်းမပြန် သေးဘူး" ဟု မိုင်းဝီးဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လျှောက်လွှာအား မိုင်းဝီး ရဲတပ်ဖွဲ့ထံ လိပ်မူ၍ ပေးပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့ဂုဏ်သိက္ခာ ထိခိုက်မည် စိုးသဖြင့် ပြန်လည်ရုပ်သိမ်းပေးရန် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက မေတ္တာရပ်ခံထားကြောင်း အဖွဲ့တည်ထောင်သူနှင့် နီးစပ်သူ တစ်ဦးကပြောသော်လည်း သီခြား အတည်ပြုချက် မရရှိသေးပါ။

လွန်ခဲ့သည့် ၃ လလောက်က မိုင်းဝီး ပြည်သူ့ရဲတပ်ဖွဲ့မှ မူးယစ်ဆေးရောင်းဝယ်သူများအား ဖမ်းဆီး အရေးယူမှု ပြုလုပ်သော်လည်း မူးယစ်ဆေးပပျောက်မသွားသည့်အပြင် ရောင်းသူ/၀ယ်သူ /သုံးစွဲသူ ပိုများလာကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးနှိမ်နှင်းရန် လူထုအခြေပြုအဖွဲ့ ဖွဲ့စည်း၍ ဝိုင်းဝန်းတိုက်ဖျက်သွား မည်ကြောင်း ၄င်းကဆိုသည်။

ထို့အပြင် မိုင်းဝီးကျေးရွာနှင့် ၃ မိုင်ခန့်ဝေးသော တောတောင်များတွင် ဘိန်းခြံအများအပြားရှိကြောင်း ဒေသခံ တဦးက အခုလို ပြောဆိုသည်။

"ဘိန်းတွေဟာ တနေ့တခြား ပေါများလာတယ်၊ ဘိန်းစားတွေ ပေါများလာတာကြောင့် မကြာခဏ ခိုးဆိုး လုယက် မှု တွေလည်းဖြစ်တယ်၊ လယ်ထဲကစပါးတွေ လည်းခိုးရိတ်ခံရတာရှိတယ်၊ မိဘမဲ့ ကလေး တွေများလာတယ်။ ဆိုတော့ သူတို့တတွေ ပညာသင်ယူခွင့် ဆုံးရှုံးလာကြတယ်" ဟု မိုင်းဝီး ဒေသခံ  ပါ့နန်းအီ ကပြော သည်။

စယ်နေရွာမှ ရွာသားများက မိုင်းဝီးကျေးရွာအုပ်စုသို့ စက်ဘီးဖြင့် ဘိန်းလာရောင်းကြကြောင်း၊ ဘိန်းလောပန်း အတွက် မူးယစ်ဆေးဝါးရောင်းပေးသောအဖွဲ့ ဟူ၍လည်း အုပ်စုလိုက်ရှိကြောင်း၊ အသက် ၁၂ ၊ ၁၃ နှစ် လူငယ် အများစု မူးယစ်ဆေးသုံးစွဲနေပြီး ကချင်၊ ပလောင် နှင့် သျှမ်းလူမျိုးများဖြစ် ကြောင်း၊ သုံးစွဲသော မူးယစ်ဆေးမှာ ရာဘ(စိတ်ကြွဆေး) က ပထမဖြစ်ပြီး ဘိန်းဖြူဘိန်းမဲက ဒုတိယဖြစ်ကြောင်း ၄င်းက ဆိုသည်။

အဆိုပါအဖွဲ့သည် မိုင်းဝီးလူငယ် ၅၂  ဦး အင်အားဖြင့် ပြီးခဲ့သည့် လကုန်ပိုင်းကတည်းက စုစည်းထားပြီး  မိုင်းဝီး ဒေသ၌ မူးယစ်ဆေးတိုက်ဖျက်ရန်အတွက် 'မိုင်းဝီး လူငယ်စာရိတ္တ ပြုပြင်ရေးအဖွဲ့' ဟု အမည် ပေး ကြောင်း၊ မူးယစ်ဆေးဝါးအဓိကထားတိုက်ဖျက်ဖို့ ဒေသအတွင်း ပထမ ဦးဆုံး အဖွဲ့အစည်း ဖြစ်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

အမေရိကန်ရောက် ကရင်မိသားစု အချို့မှ KNU ခေါင်းဆောင် ၉ဦးကို ဂုဏ်ပြု

အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲဘော်ဟောင်း မိသားစု အချို့က လက်ရှိ တော်လှန်ရေးတွင် တာဝန် ထမ်းဆောင်နေ ဆဲဖြစ်သည့် ခေါင်းဆောင်ကြီး ၉ ဦး ကို ဂုဏ်ပြုသည့် အခမ်းအနားတခု နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည်က လက်ရှိ KNU ကွန်ကရက် ခမ်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ထိုဂုဏ်ပြုပွဲကို အမေရိကန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် နော်ဂျူးရီမှ တာဝန်ယူ လုပ်ဆောင်ပေးခြင်း ဖြစ်ပြီး လှူဒါန်းပစ္စည်းများ ပေးအပ်ခဲ့သည်။


နော်ဂျူးရီက "အသက်တွေ ကြီးပြင်းလာတဲ့ ကျမတို့ တော်လှန်ရေး ခေါင်းဆောင်တွေကို ဂုဏ်ပြုပေးဖို့ အမေရိကန်ရောက် KNU ရဲဘော်ဟောင်းတွေက တောင်းဆိုလာတဲ့အပေါ် ကျမအနေနဲ့ အားတက် သရော ဖြည့်စွမ်း လုပ်ဆောင်ပေးရတာ ဖြစ်တယ်"ဟု နော်ဂျူးရီက ပြောသည်။

ထိုသို့ ဂုဏ်ပြုခံရသည့် ခေါင်းဆောင်များမှာ ဗိုလ်ချုပ်ကြီး စောတာမလာဘော၊ ပဒိုစောဒေးဗစ်သာကပေါ်၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗိုလ်ချုပ် ဖလယ့်ခို၊ ပဒိုပဒိုမန်း၊ ဗိုလ်မှူးချုပ်ကျော်လင်း၊ ပဒိုစောသမိန်ထွန်း၊ ဗိုလ်မှူး မန်းသာစိန်နှင့် ဗိုလ်မှူးချုပ် ဆာမိစေးဖိုး တို့ဖြစ်သည်။

မိုးထိမိုးမိ လုပ်သားခေါင်းဆောင်များ ရုံးချိန်းတွင် ပုဒ်မ ထပ်တိုးခံရ

အဖမ်းခံထားရသည့် မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင် လေးဦးကို နိုင်ငံတော် ဆူပူရန် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုထားရာမှ အင်္ဂါနေ့ ရုံးချိန်းတွင် အခြား အမှုတမှုဖြင့် ထပ်မံ စွဲဆိုလိုက်ကြောင်း တရားခွင်သို့ ရောက်ရှိခဲ့သူများက ပြောသည်။

"ဒီနေ့ ရုံးချိန်းမှာ အာမခံ ရဖို့ လျှောက်ထားတာ။ တရားသူကြီးက ၅ဝ၅ (ခ) ကို အာမခံ ပေးလို့ မရဘူးလို့ ပြောတယ်။ မရတဲ့အပြင် မြို့မ ရဲစခန်းက စွဲတဲ့ နောက်ထပ်တမှုပါ ထပ်တိုးတယ်" ဟု အဖမ်းခံ ရွှေလုပ်သားခေါင်းဆောင် ကိုရဲရင့်ထွန်း၏ ဇနီးဖြစ်သူ မအိမွန်ကျော် က မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် တရားရုံး၌ နိုင်ငံတော် ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရုံးထုတ်ခဲ့ပြီးနောက် ယနေ့ရုံးချိန်းတွင် စီတန်းလှည့်လည်ခွင့် အမိန့်မရဘဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ ဖြင့် ရေတာရှည် မြို့မ ရဲစခန်းက ထပ်မံစွဲဆိုလိုက်ခြင်း ဖြစ်သည်။

ရွှေလုပ်သား ခေါင်းဆောင်များ၏ အမှုကို တောင်ငူမှ ဗဟိုတရားရုံးရှေ့နေ ဦးကြည်စိုး က ကူညီဆောင်ရွက်ပေး
ကြောင်း တရားခွင်သို့ ရောက်ရှိခဲ့သူ ရွှေလုပ်သားတဦး ဖြစ်သည့် ကိုမိုးကြီး က ပြောသည်။

"ကျနော်တို့ ရှေ့နေက နိုင်ငံတော်ကို ဆူပူအုံကြွအောင် လုပ်တာ မဟုတ်ဘူး။ လုပ်စရာလည်း အကြောင်းမရှိ ဘူး။ အလုပ်သမားနဲ့ အလုပ်ရှင်တွေ ဖြစ်တဲ့ကိစ္စပါလို့ လျှောက်တယ်။ ဒါပေမယ့် ကျနော်တို့ကို အာဏာပိုင်တွေ က ၅ဝ၅ (ခ) နဲ့ စွဲတယ်" ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ရွှေလုပ်သားခေါင်းဆောင် လေးဦး ဖြစ်သည့် ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နှင့် ကိုစောနောင် တို့ကို တောင်ငူထောင်၌ ချုပ်နှောင်ထားဆဲ ဖြစ်ပြီး အမှုကို ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြန်လည် ချိန်းဆိုထားကြောင်း ကိုမိုးကြီး က ပြောသည်။

ထို စွပ်စွဲခံ လေးဦးမှာ ပြစ်မှုထင်ရှားသည်ဟု ဆိုပါက ပုဒ်မ ၁၈ ဖြင့် တနှစ်ထက် မပိုသောထောင်ဒဏ်နှင့် ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံရနိုင်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ၇ ဦး ပါဝင်သည့် ရွှေလုပ်သား ၇၆ ဦးတို့က
နေပြည်တော်သို့ လမ်းလျှောက် ချီတက်စဉ် တောင်ငူခရိုင်၊ ရေနီစက္ကူစက် လမ်းဆုံအရောက်တွင် ခေါင်းဆောင်များကို ရဲများက ရိုက်နှက် ဖမ်းဆီးခဲ့ပြီး ကျန်သည့် ရွှေလုပ်သားများမှာလည်း ရေနီမြို့တွင် လေးရက်ကြာ ပိတ်မိနေခဲ့သည်။

လုံခြုံရေး ထူထပ်စွာ ချထားခြင်းနှင့် စားဝတ်နေရေး အခက်အခဲကြောင့် ရှေ့မတိုးသာသည့်ရွှေလုပ်သားများ သည် အစိုးရဘက်မှ တာဝန်ရှိသူများ၏ ညှိနှိုင်းမှုကို လက်ခံလိုက်ရပြီး ရမည်းသင်းသို့ ပို့ဆောင်ခံရသည်။

တနင်္လာနေ့ နံနက်ပိုင်းတွင် အစိုးရဘက်မှာ တာဝန်ရှိသူများ အပါအဝင် ရွှေလုပ်သားများနှင့် ကုမ္ပဏီ ကိုယ်စားလှယ် များ ရမည်းသင်းမြို့နယ် ပျဉ်းမတော ဘုန်းတော်ကြီးကျောင်းတွင် ညှိနှိုင်းခဲ့ကြသော်လည်း တစုံတရာ ပြေလည်မှု မရရှိခဲ့ကြောင်း ရွှေလုပ်သား ခေါင်းဆောင်တဦး ဖြစ်သူ ကိုယောက်ကြီး က ပြောသည်။

"ကုမ္ပဏီ ဥက္ကဋ္ဌ မရှိဘူး ဆိုပြီး ဆုံးဖြတ်ချက် ဘာမှ မချနိုင်ခဲ့ဘူး။ သူတို့ ဥက္ကဋ္ဌ လာမှ ပြန်လုပ်မယ်လို့ ပြောတယ်ခင်ဗျ။ သူတို့ ညှိနှိုင်းတာကိုပဲ ကျနော်တို့ စောင့်နေရတယ်ခင်ဗျ" ဟု ဆိုသည်။

နှစ်ဦးနှစ်ဘက် ညှိနှိုင်းရာတွင် ဆန္ဒပြ ရွှေလုပ်သား ၇၆ ဦးကို မိုးထိမိုးမိတောင်ပေါ်သို့ ပြန်လည် တက်ရောက် လုပ်ကိုင်ခွင့် မပြုတော့ကြောင်း ကုမ္ပဏီဘက်က ပြောဆိုခဲ့ပြီး ရွှေလုပ်သားများကလည်း နစ်နာကြေးနှင့် လျော်ကြေး များ တောင်းဆိုသွားမည်ဟု ဆိုသည်။

ညှိနှိုင်းမှု အဆင်မပြေသည့်နောက်တွင် မိမိနေရပ်တွင် ပြန်လည်နေထိုင်ရန် အာဏာပိုင်များက ရွှေလုပ်သားများအားပြောဆိုကာ လူစုခွဲလိုက်သည်ဟု သိရသည်။

ထိုသို့ ပြုမူခံရခြင်းသည် မိမိတို့ ရွှေလုပ်သားများဘက်မှ အကာအကွယ်ပေးသည့် ဥပဒေ မရှိခြင်းကြောင့် ဖြစ်သည်ဟု လည်း ကိုယောက်ကြီး က ပြောသည်။

"မနေ့က ဆွေးနွေးပြီးတာနဲ့ လူစုခွဲလိုက်ရတယ်ခင်ဗျ။ ဒါပေမယ့် လမ်းစရိတ် မရှိလို့ မပြန်နိုင်ဘူး။ ဒီမှာ ရှိတဲ့ ကျနော် တို့ကလည်း ဘယ်သွားလို့ ဘယ်လာရမှန်း မသိဘူး။ သူတို့ ညှိနှိုင်းတာကိုပဲ စောင့်နေပါတယ်ခင်ဗျ" ဟု ဆိုသည်။

သို့သော်လည်း ပြန်လည် ညှိနှိုင်းမည့် ရက်အတိအကျကို ကုမ္ပဏီ ကိုယ်စားလှယ်များနှင့် အာဏာပိုင်များက သတ်မှတ်ပေးခဲ့ခြင်း မရှိကြောင်းလည်း ရွှေလုပ်သားများက ပြောသည်။

အရှင်ကမ္ဘီရ (ခ) ကိုညီညီလွင် ထပ်မံဖမ်းဆီးခံရမှုအပေါ် AAPP ကန့်ကွက်

၂၀၁၂ခုနှစ် ဇန်နဝါရီလ အတွင်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်မြောက်လာသော အရှင်ကမ္ဘီရ (ခ) ညီညီလွင်အား အာဏာပိုင်များမှ တဖန်ပြန်လည်ဖမ်းဆီးလိုက်သည့်အပေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP (Burma) အနေဖြင့် လုံးဝကန့်ကွက်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က "ဒီဖြစ်စဉ်များက နှစ်ဆန်းပိုင်းကတည်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေဖြစ်တယ်။ အခုမှ ပြန်လည်ပြီးတရားစွဲဆိုတယ်ဆိုတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဒါကနောက်ကြောင်းပြန်လှည့်တဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒါကြောင့် ဒီလုပ်ရပ်ဟာ လုံးဝကန့်ကွက်တယ်"ဟု သူက ကေအိုင်စီသို့ ပြောသည်။

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့တွင် အရှင်ကမ္ဘီရ (ခ) ညီညီလွင်အား ၎င်း၏ညီဖြစ်သူ နေထိုင်သည့် သင်္ကန်း ကျွန်းမြို့နယ် နေအိမ်တွင် သင်္ကန်းကျွန်းရဲများက သွားရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၂ရက်နေ့ တွင် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

အရှင်ဂမ္ဘီရ (ခ) ညီညီလွင်ကို ပုဒ်မ (၄၄၈)အဖြစ် တားမြစ်နေရာတွင် တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ ပုဒ်မ (၄၂၇) အဖြစ် ကျပ်ငွေ ၅၀ နှင့်အထက် ပိုင်ဆိုင်မှုများအား ပျက်စီးစေမှု၊ ပုဒ်မ (၄၅၄) အဖြစ် တားမြစ်ထား သော အဆောက်အဦအား ဖျက်ဆီးဝင်ရောက်မှုတို့ဖြင့် သင်္ကန်းကျွန်း၊ ဗဟန်း၊ သံလျှင် မြို့နယ် ၃ခုမှ တရားစွဲဆို ထားခြင်း ဖြစ်သည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအပြင် လက်ပန်တောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒပြသပိတ်မှောက်သူများအား အာဏာပိုင်များက အင်အားသုံးဖြိုခွင်းခဲ့ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ခြင်းအပေါ် AAPP အနေဖြင့် လုံးဝကန့်ကွက်ကြောင်း ကိုတိတ်နိုင်က ဆက်ပြောသည်။

အရှင်ကမ္ဘီရ (ခ) ညီညီလွင်သည် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်မှုကြောင့် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အဖမ်းခံခဲ့ရပြီ ထောင်ဒဏ် ၆၈နှစ် ချမှတ်ခံထားရရာမှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်မြောက်လာခဲ့သည်။

အရှင်ကမ္ဘီရ (ခ) ညီညီလွင်ကို မှတ်ပုံတင် ပြန်လည်ထုတ်ပေးရန်၊ ပြင်ပခရီးထွက်ခွာခွင့်စာအုပ် ထုတ်ပေးရန်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု ရှိသောကြောင့် လွှတ်လပ်စွာ ဆေးကုသခွင့် ရရှိရန်အတွက် လက်ရှိ ချုပ်နှောင်ထားခြင်းမှ ပြန်လွှတ်ပေးရန် AAPP က မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။

စစ်တပ်သိမ်းဆည်းခဲ့သော လယ်များနှင့် အိမ်ခြံမြေများ ပြန်လည်ရရှိဖို့ ပြည်နယ်အစိုးရထံေ

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စုအတွင်း အမှတ် (၁၀၂) ခြေလျင်တပ်ရင်းက သိမ်းဆည်းထားခဲ့သော အိမ်ခြံမြေများနှင့် လယ်ယာမြေများ ပြန်လည်ရရှိဖို့ ငွေတောင်ကျေးရွာမှ ဒေသခံများက ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။

ငွေတောင်ကျေးရွာနဲ့ဆက်စပ်ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတွေရဲ့ အိမ်ခြံမြေနှင့် လယ်ယာတွေကို ၁၉၈၄ ခုနှစ်က သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

သိမ်းဆည်းခံလယ်ယာမြေမှ တင်ပြတောင်းဆိုထားတဲ့နေရာတွေက ဒေါကလိုးခူကျေးရွာအနီးရှိလယ်တွေ ၊ ငွေတောင် အမှတ်(၁)စိုက်ကွင်းနှင့် ငွေတောင်ရွာဟောင်းရှိ အိမ်ယာမြေတွေ ဖြစ်ပါတယ်။  

ဒေါကလိုးခူကျေးရွာအနီးရှိလယ်တွေ စုစုပေါင်းဧက အတိအကျမသိရသော်လည်း ကျေးရွာအတွင်းရှိ ဒေသခံများအားလုံးက မိမိတို့ရဲ့လယ်ယာမြေကို တိတိကျကျဖော်ပြပေးနိုင်တယ်လို့ ဒီးမော့ဆိုမြို့နယ် ဒေါကလိုးခူကျေးရွာမှ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးတူရယ်က ပြောပါတယ်။

ဦးတူရယ်က "အခုအချိန်က သူများတွေသိမ်းထားတဲ့လယ်တွေပြန်ပေးမယ်ကြားတယ်လေး အဲဒါနဲ့ လုပ်စားစရာလယ်မရှိတာနဲ့ပဲ အဲဒါပြန်တောင်းတာပါ ။ မဟုတ်လဲ မြေမှမရှိခဲ့တော့တာ ဒီအကြားထဲမှာ ဟိုနားစပ်ကြား ဒီနားစပ်ကြားသွား လုပ်စားတာတွေတော့ရှိတယ်။ အဲဒါတော့ ရေတွေလည်းမရှိတော့ ဘယ်အဆင်ပြေမလဲ တရွာလုံးကြည့်လိုက်ရင် တခြားရွာနဲ့ယှဉ်ရင် နောက်ကျတဲ့နေရာကတော့ သူများတွေ လိုက်လို့ကိုမမှီဘူး။" လို့ ပြောပါတယ်။

ဒေသခံတွေရဲ့လယ်တွေကို သိမ်းဆည်းပြီးနောက် သီးစားခအဖြစ် ပြန်လုပ်ကိုင်စေခဲ့ပါတယ်။ သီးစားခအပြင် ရေခွန်၊ မြေခွန်တို့ ကိုလည်း ပေးဆောင်ခဲ့ကြရတာပါ။ ပြီးခဲ့တဲ့ နှစ်လမှစပြီးသီးစားခကို မတောင်းတော့ပဲ တပ်ပိုင်လယ်ကို အခမဲ့ စိုက်ပျိုးလုပ်ကိုင်ခွင့် ပေးတယ်ဆိုပြီး စာချုပ်စာတမ်းတွေနဲ့တကွတောင်သူတွေကို လက်မှတ်ရေးထိုးစေခဲ့ပါတယ်။ တချို့တောင်သူတွေက လက်မှတ်ထိုးကြသလို တချို့တောင်သူတွေကတော့ မထိုးကြပါဘူးလို့သိရပါတယ်။ ဒေသခံတွေက ၎င်းတို့ရဲ့လယ်မြေကို အခမဲ့တပ်ပိုင်လယ်စနစ် ကဲ့သို့ပြန်လည်စိုက်ပျိုးလုပ်ကိုင်စေသောနည်းထက် ကိုယ်ပိုင်လယ်အဖြစ် ပြန်လည်ရရှိဖို့ တောင်းဆိုထားကြတာဖြစ်ပါတယ်။

စစ်မှုထမ်းဟောင်းများ ရရှိထားသည့်ခံစားခွင့် လယ်ယာမြေပြန်လည်တောင်းဆို

ဒါ့အပြင် ၁၉၉၂ ခုနှစ်က ၎င်း (၁၀၂)တပ်မှ ထပ်မံသိမ်းဆည်းခဲ့သည့် ငွေတောင်စိုက်ကွင်း ကွင်းအမှတ်(၁၄) ဦးပိုင်အမှတ် ၂၃ အစိုးရပိုင်စိုက်ကွင်းမြေများအနက် တောင်သူများလုပ်လက်စ လယ် ၄၆ ဧကကိုလည်း ပြည်နယ်အစိုးရထံ တောင်းဆိုထားပါတယ်။

ငွေတောင်ကျေးရွာမှ စစ်မှုထမ်းဟောင်းတဦးက "ဒီမိုကရေစီခေတ်ရောက်ပြီဆိုပြီး သတင်းတွေထဲမှာလည်း ကြေငြာထားတယ်လေး နောက်ပြီး အရင်က သိမ်းဆည်းခဲ့တဲ့ လယ်တွေကိုလည်း ဒီမိုကရေစီနည်း လမ်းကျကျလုပ်သွားဖို့ လူထုအတွက်တော့ လုပ်ရမယ်ဆိုတော့ ကျနော်တို့လည်း ဘာပဲဖြစ်ဖြစ် ကိုယ့်ခံစားခွင့်ကိုတော့ ရသင့်ရထိုက်ပါတယ်။" လို့ ပြောပါတယ်။

၁၉၇၉ ခုနှစ်က အမှတ်(၁) ကယားသေနတ်ကိုင်တပ်ရင်းထွက် စစ်မှုထမ်းဟောင်းနှင့် ပြည်သူတွေပူးပေါင်းတဲ့ ပြည်သူ့စစ်အဖွဲ့အစည်းကို ရပ်ရွာလုံခြုံရေးအရ တာဝန်ပေးထားပြီး မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ဖို့ ပေးထားတဲ့ လယ်ယာမြေဖြစ်ပါတယ်။

၎င်းအမှတ်(၁)စိုက်ကွင်းက အစိုးရပိုင်မြေကနေပြီး စစ်မှုထမ်းဟောင်းတွေကို လုပ်ကိုင်စားသောက်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တပ်မှ စစ်မှုထမ်းဟောင်းတွေ လုပ်ကိုင်စားသောက်တဲ့ လယ်တွေကို ထပ်မံ သိမ်းဆည်းလိုက်တာဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်းတွေအနေနဲ့ အရင်က လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်တွေကို ပြန်လည်ရရှိဖို့အတွက် တဆက်တည်းမှာပဲ ပြည်နယ်အစိုးရထံ သြဂုတ်လကတည်းက တင်ပြ ထားတယ်လို့သိရပါတယ်။
 
ငွေတောင်ပြည်ရဲ့ ရွာဟောင်းမြေနေရာပြန်လည်ရရှိဖို့ ကြိုးစားနေ

အဓမ္မ ရွှေ့ပြောင်းစေခဲ့တဲ့ ငွေတောင်ရွာအရှေ့ဘက်ခြမ်း ခလရ (၁၀၂) တပ်စခန်းဘက်ကိုသွားတဲ့ လမ်းမနဘေးရှိ ပြည်သူ့ပိုင် အိုးအိမ်တွေကို ပြန်လည်ရရှိဖို့ တင်ပြတောင်းဆိုတဲ့အထဲမှာပါပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ငွေတောင်ကျေးရွာမှ ဒေသခံ ဦးအိုက်ဟန်က "  ကျနော်တို့ကငွေတောင်မှာနေ လာတာကြာပြီ အင်္ဂလိပ်ခေတ်ကတည်းကနေလာတာဆိုတော့ ဘိုးဘွားဘီဘေခေတ်ကတည်း ကနေလာတဲ့သူဆိုတော့ နှမျောတာပေါ့ လုံးဝအဆုံးရှုံးခံလို့မရဘူးလေ တပ်သိမ်းတယ်ဆိုတာက အဲဒီတုန်းက ဘယ်သူက အဲဒီမှာမိုင်းလာထောင်ထားမှန်းမသိဘူး အဲဒါကို ရွာသားတွေမိုင်းထောင်တယ်ဆိုပြီးတော့ ရွာသားတွေအားလုံးကို နှင်းကာ မောင်းထောင်းခဲ့တာ အဲဒီတုန်းကတော့ အိမ်တွေအတင်းဖျက်ခိုင်းတော့ မဖျက်မနေရဆိုဖျက်ရတာပဲလေး အဲဒီတုန်းက အိမ်ခြေ ၅၀ ကျော်ရွှေ့ပြောင်းခဲ့ရတယ်" လို့ ပြောပါတယ်။

၎င်းငွေတောင်ကျေးရွာအနီးနားရှိ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာမှာတော့ အစိုးရ အတွင်းရေးမှူး ဦးဇော်ဝင်းက "သူတို့ကတင်လို့ ကျနော်တို့ အဖွဲ့လိုက်ဆင်းကြည့်ပြီးပါပြီ လူထုကတင်ပြလို့ ကျနော်တို့အစိုးရအဖွဲ့က ဆင်းကြည့်ပြီးပါပြီ အဖွဲ့ကအစီရင်ခံစာမတင်သေးဘူး တင်လိမ့်မယ် အစိုးရပါတဲ့အဖွဲ့ဖြစ်တယ်။ အဲဒီမှာ တွေ့ရှိတဲ့အချက်တွေကို တင်ပြမှ အဲဒီမှာဘာတွေလုပ်ဖို့ရှိသလဲဆိုတာ သိရမယ်။" လို့ ပြောပါတယ်။


  ကန္တာရ၀တီတိုင်း(မ်)-

ဘုရားသုံးဆူရဲဖမ်းဆီးထားစဉ် သေဆုံးခဲ့သူအား ယနေ့ မီးသင်္ဂြိုလ်

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 05 ရက် 2012 ခုနှစ် မွန်အေဂျင်စီ 

ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းက ဖမ်းဆီးထားစဉ် သေဆုံးသွားသော ဦးသိန်းမြင့်(ခေါ်) ဦးသားငယ် အသက်(၄၇)နှစ်၏ ရုပ်အလောင်းကို ယနေ့မွန်းလွဲပိုင်းက မီးသင်္ဂြိုလ်ခဲ့ကြောင်း ဆွေးမျိုးတော်စပ်သူတို့ထံမှ သိရသည်။

imna031

ရဲစခန်းက ဓါးပြမှုနှင့် ပစ္စည်းခိုးမှုစွပ်စွဲချက်များဖြင့် ဦးသားငယ်အား နိုဝင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း၌ ဘုရားသုံးဆူမြို့ဆေးရုံတွင် သေဆုံးနေသည့်သတင်းကြားသိခဲ့ရကြောင်း ဝမ်းကွဲအစ်ကိုယ်ဖြစ်သူ ဦးစံသင်းက ပြောသည်။

ဦးစံသင်းက "ဖမ်းသွားတုန်းက ကျန်းမာရေးကောင်းကောင်းပဲ၊ သေဆုံးပြီးတော့မှ ကျနော့်တို့ကို လာအပ်တယ်၊ ရဲတွေက ဘာတာဝန်မှ မယူဘူး၊ ကျနော်ကတော့ ရဲတွေရိုက်နှက်လို့ ခုလို သေဆုံးရတယ်လို့ယူဆတယ်" ဟု ပြောသည်။

သေဆုံးသူ ဦးသားငယ်အား ရဲများဖမ်းဆီးခေါ်ဆောင်ခဲ့ချိန်က ဆွေမျိုး၊ ရပ်ကွက်သားများ အပါအ၀င် ရပ်ကွက်အုပ်ချုပ်ရေးရေးမှူးလည်း မသိရကြောင်း ဦးစံသင်းက ပြောသည်။

ဦးသားငယ်သည် ဘုရားသုံးဆူမြို့၌ ကျပမ်းအလုပ်လုပ်ကိုင်ရင်း ရပ်ကွက်(၁) မြသိန်းတန် ဓမ္မာရုံတွင် အစောင့်တစ်ဦးအဖြစ် နေထိုင်သူ ဖြစ်သည်။

မြို့ခံဝန်ထမ်းတစ်ဦးက "တချို့ကတော့ အလောင်းဆေးရုံကိုရောက်လာတာ ဖျာလိမ့်နဲ့ ပတ်ထားတယ်လို့ ပြောဆိုသံတွေလည်း ထွက်နေတော့ မြို့ခံတွေအတော်မကြေမနပ် ဖြစ်နေတာ ဆန္ဒပြမလို ဖြစ်ခဲ့တယ်" ဟု ပြောသည်။

၎င်းမသင်္ကာဖွယ်သေဆုံးမှုနှင့်ကြောင့် ဘုရားသုံးဆူမြို့ခံ NLD ပါတီမှ ယမန်နေ့က လူစုလူဝေး စုဖွဲ့မှု ဖြစ်ပေါ်ခဲ့သော်လည်း ဆန္ဒပြမှုမရှိခဲ့ပေ။

ဦးစံသင်းက "ကိုသားငယ်က ရိုးရိုးနဲ့သေဆုံးသွားခဲ့တာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လက်၊ ပေါင်၊ ဒူးနေရာတွေမှာ အမဲကွက်ဒဏ်ရာတွေ တွေ့ရတယ်၊ ပြီးတော့ မီးလောင်ထားတဲ့ ဒဏ်ရာမျိုးလည်း တွေ့တယ်၊ ဆရာဝန်ကတော့ သွေးတိုးရောဂါနဲ့ ချက်ချင်းသေသွား တယ်လို့ဆိုပဲ" ဟု ဆက်ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးသူနှင့်ပတ်သက်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး စုံစမ်းစစ်ဆေးရေးနှင့်ခုံရုံးအဖွဲ့(စုံခုံ)က ဦးသားငယ်၏ရုပ်အလောင်းကို ယမန်နေ့က ဘုရားသုံးဆူဆေးရုံ၌ လာရောက်စစ်ဆေးခဲ့ကြသည်ဟု သိရသည်။

သို့ရာတွင် ဦးသားငယ်၏ သေဆုံးမှုနှင့်ပတ်သက်၍ ၄င်းစုံခုံအဖွဲ့၏ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာမှ ထုတ်ပြန်ခြင်း မရှိသေးပေ။

လက်ပံတောင်း လျော်ကြေးပြဿနာ အလွန်ရှုတ်ထွေးဟု တရုတ်သံအရာရှိ ပြော

ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဒေသခံများ၏ လျော်ကြေး တောင်းဆိုမှုများသည် အလွန်ရှုတ်ထွေးသော အခြေအနေတရပ်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။

မြန်မာ့ပြည်တွင်းပြဿနာဖြစ်၍ မစွက်ဖက်လိုသော်လည်း ဒေသခံများ တောင်းဆိုနေသည့် မြေယာ ပြဿနာအပြင် အခြားကိစ္စများလည်း ရှိကြောင်း မစ္စတာ ဂေါင်မင်ဘို Mr Gao Mingbo က ပြောသည်။

"ကျနော် သိရသလောက်တော့ မြေယာနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဖြစ်နေတယ်။ ဒီပြဿနာ တခုတည်းတော့ မဟုတ် ဘူး။ မြေယာကိစ္စနဲ့ ဆက်နွယ်နေတဲ့ တခြား ခက်ခဲတဲ့ ပြဿနာတွေလည်း ပါတယ်။ သိထားတာ... သမိုင်းကြောင်းက ပိုပြီးရှည်တယ်" ဟု မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်သည့် သံရုံးကြေညာချက်တွင် "ရွှေ့ပြောင်းမှု လျော်ကြေးငွေ" ကို "နှစ်ဦးနှစ်ဖက်ဆွေးနွေးပြီး သတ်မှတ်ထားခဲ့သည်" ဟု ပါရှိပြီး ဒေသခံများ၏ ပြောဆိုချက်များနှင့် ကွဲလွဲမှုရှိ နေ၍ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသွားခြင်းဖြစ်သည်။

"တချို့ တောင်းဆိုမှုတွေက အတည်ပြုနိုင်ဖို့ ခက်ခဲပါတယ်။ လူတွေက အမျိုးမျိုးပြောနေကြတယ်။ တချို့က မြေယာ အသုံးချမှုအတွက် မကျေနပ်ချက်၊ တချို့က စိုက်ပျိုးသီနှံအတွက်၊ အချို့က ပြန်လည် နေရာချထား ပေးဖို့.... ဒါကြောင့် လျော်ကြေးကိစ္စကို ဘယ်လိုဖြေရှင်းမယ်ဆိုတာက ကျနော့်အတွက် ကျစ်ကျစ်လစ်လစ်နဲ့ ရှင်းပြပေးဖို့ ခဲယဉ်းပါတယ်" ဟု သံရုံး ပထမ အတွင်းဝန် မစ္စတာ ဂေါင် က ပြောသည်။

၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလက စီမံကိန်းအတွက် ဝက်မှေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို ချိတ်ပိတ်သွား ခဲ့ပြီး အိမ်ခြေ ၆ဝ ခန့် ပြောင်းရွှေ့ပေးခဲ့ရသည်။ ထို့ပြင် စီမံကိန်းအရ ဝက်မှေးရွာအပြင် ကျော်ရွာ၊ ဆယ်တည်း၊ တောင်သာနှင့် ဆီးတောရွာများလည်း ပြောင်းရွှေ့ပေးကြရမည် ဖြစ်သည်။

တရုတ်လူမျိုးပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့ဦးပိုင်လီမိတက်တို့် ဖက်စပ်လုပ်ကိုင်သည့် အဆိုပါ ကြေးနီ စီမံကိန်းအတွက် တောင်သူများပိုင် မြေဧက ၇,၈ဝဝ ကျော်အား သိမ်းယူခဲ့ရာ အဓိပ္ပါယ် ရှင်းလင်းတိကျမှု မရှိသည့် လျော်ကြေးငွေ အချို့အား လယ်သမားထံ ပေးခဲ့ကြောင်းနှင့် သီးနှံ လျော်ကြေးအဖြစ် ၃ နှစ်စာ ကျပ်ငွေ ၅ သိန်း ၂ သောင်း ပေးခဲ့သော်လည်း လယ်မြေတန်ဖိုးကိုမူ မပေးခဲ့ကြောင်း လယ်အသိမ်းခံ တောင်သူများက စောဒက တက်နေကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဝမ်ပေါင်ကုမ္ပဏီက ၎င်းတို့သံရုံးသို့ ဆက်သွယ်လာကြောင်းနှင့် မြန်မာနိုင်ငံ၏ "လုပ်ထုံး လုပ်နည်း" များနှင့် "ဥပဒေ" ကို လိုက်နာသွားရန် ကြိုးစားနေကာ နိုင်ငံ အကြီးအကဲ တဦးဦးနှင့် အမြန်ဆုံး တွေ့ဆုံ နိုင်ရန် ကြိုးစားနေသည်ဟုလည်း ဆိုသည်။

"ကျနော်တို့ ယုံကြည်ထားတာက ရင်းနှီးမြှုပ်နှံမှုအတွက် ကြိုတင်တွက်ဆနိုင်တဲ့ ပတ်ဝန်းကျင်၊ ဒါက မြန်မာနိုင်ငံ အတွက် အစပိုင်းလုပ်ငန်းစဉ်မှာ လိုအပ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာပြည်သူတွေအတွက် ရေရှည်အကျိုးစီးပွားကို တည်ဆောက်သလိုဖြစ်မယ်" ဟု မစ္စတာဂေါင် က ဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် နှစ်နိုင်ငံ အပြန်အလှန်အကျိုးရှိစေမည့် ကိစ္စများအတွက် ပူးပေါင်း ဆောင်ရွက်ခဲ့ သလို အပြောင်းအလဲမရှိသော မူဝါဒဖြင့် အပြန်အလှန် လေးစားရင်းနှီးလျက်ရှိကြောင်း သံရုံး ပြောခွင့်ရပုဂ္ဂိုလ်ကပြောဆိုခဲ့သည်။


bni

2013 ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်း ထုတ်ပြန်ကြေငြာ


လေးနှစ် အရွယ် ကလေးငယ် ဆင်နင်း၍ သေဆုံး


ပဲခူးရိုးမ အနီး တိုက်ကြီး မြို့နယ် ရွှေမြိုင်သာယာ ကျေးရွာတွင် ဒီဇင်ဘာ ၂ ရက်နေ့ ည ၁၀ နာရီ အချိန် ခန့်က ဆင်ရိုင်း တစ်ကောင် ဝင်ရောက် နှောက်ယှက်မှု ကြောင့် ၄ နှစ် အရွယ် ကလေး တစ်ဦး ဆင်းနင်း၍ သေဆုံး သွားကြောင်း ယင်း ဒေသခံ များက ပြောကြားသည်။

သေဆုံးသူ မောင်ပိုးချစ်၏ ခြံဝိုင်း အတွင်းသို့ ဆင်းရိုင်း ဝင်လာစဉ် ဖခင် ဦးမြင့်ကျော်ဦး က ပြန်လည် ထွက်သွားရ
န် ဒန်အိုးများ တီး၍ ခြောက်လှန့် နေစဉ် လေးနှစ် အရွယ် မောင်ပိုးချစ်သည် ကြောက်လန့်ပြီး အိမ်ထဲမှ ထွက်ပြေးစဉ် နေအိမ် အရှေ့ ၁၀ ပေ အကွာတွင် ဆင်နင်း ခံရသော ကြောင့် ဦခေါင်း ကွဲကြေ ဒဏ်ရာဖြင့် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဆင်မှာ ဟိုင်းဆင်ဟု ယူဆ ရပြီး အရပ်၁၂ ပေခန့်မြင့်ကာ ည ၈ နာရီခွဲ အချိန် ခန့် ကပင် ရွာထဲသို့ ဝင်ရောက် နှောက်ယှက်ကာ ည ၁၀ နာရီ အချိန်ခန့်တွင် မောင်းပိုးချစ်တို့ ခြံဝန်း ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ၄င်းဖြစ်စဉ်ကို တိုက်ကြီး ရဲတပ်ဖွဲ့ စခန်း မှ ( ပ ) ၁၄ / ၁၂ ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း ရဲတပ်ကြပ် တစ်ဦးက The Voice Weekly ၏ မေးမြန်မှုကို ပြန်လည် ဖြေကြားသည်။

၎င်းကျေးရွာတွင် လူနေ အိမ်ခြေ ၁၅ လုံး အောက်သာ ရှိပြီး တိုက်ကြီး မြို့နယ် ရဲတပ်ဖွဲ့ စခန်းနှင့် ၁၂ မိုင်ခန့် ကွာဝေးကြောင်း၊ ၄င်းနှင့် နီးစပ်သည့် ရွာများ တွင်လည်း မကြာခဏ တောဆင် ရိုင်းများ ဝင်ရောက် နှောက်ယှက်မှု ရှိကြောင်း အဆိုပါ ရဲတပ်ကြပ်မှ ထပ်မံ ပြောကြားသည်။

the voice weekly

စည်သွပ်စက်ရုံ လေလံအောင်သူ တစ်နှစ် ကြာသော်လည်း စက်ရုံလက်ဝယ် မရောက်၍ တစ်လ သိန်း ၃၇၀ကျော် နစ်နာ


သာကေတ စက်မှု ဇုန်ရှိ သာကေတ စည်သွပ် စက်ရုံကို လေလံ ငွေကျပ် ၃၂၉၀ သန်းဖြင့် လွန်ခဲ့သည့် တနှစ် ခန့်က လေလံ အောင်မြင်၍ ငွေအကျေ ပေးသွင်းပြီး သော်လည်း ယနေ့ အချိန် အထိ စက်ရုံကို ပိုင်ဆိုင်ခွင့် မရသေး၍ တစ်လကို သိန်း ၃၇၅သိန်းခန့် နစ်နာ နေရကြောင်း စက်ရုံကို လေလံ အောင်ခဲ့သည့် Mega Marine Co.Ltd ပိုင
်ရှင် ဒေါ်မေအေးမွန် က ဒီဇင်ဘာလ ၄ ရက်တွင် တရားဝင် ထုတ်ဖော် ပြောကြားသည်။

လေလံငွေ အကြေ ပေးသွင်း ခဲ့သော်လည်း လက်ရှိ အချိန်ထိ ပုဂ္ဂလိက ပိုင် ပြုလုပ်ရေး ကော်မရှင် အပါ အဝင် မွေးမြူရေး နှင့်ရေလုပ်ငန်း ဝန်ကြီး ဌာန ကပါ ဌားရမ်းလုပ် ဆောင်နေသော မြန်မာ မက်ခရို အင်ဒက်စရီ ကုမ္ပဏီကို ပြောင်းရွှေ့ ပေးရန် စာဖြင့် အကြိမ်ကြိမ် အသိပေး ထား သော်လည်း ပြောင်းရွှေ့ ပေးခြင်း မရှိသဖြင့် ယခုကဲ့သို့ ထုတ်ဖော် ပြော ကြား ခြင်း ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ များနှင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံစဉ် ဒေါ်မေအေးမွန် ကပြောကြားသည်။

သာကေတ မြို့နယ်၊ မြမာလာ လမ်းရှိ မြေဧက ၄ဒသမ ၇၀ ဧကရှိ သာကေတ စည်သွပ် စက်ရုံ တည်ရှိရာ မြေကွက်ကို ၂၀၁၁ခုနှစ် ဇန်နဝါရီ လတွင် လေလံဆွဲသူ ၁၅ ဦးတွင် ၎င်းတို့က အမြင့်ဆုံး ပေးကာ ရယူ နိုင်ခဲ့ပြီး ၂၀၁၁ခုနှစ် ဖေဖော်ဝါရီ လတွင် လေလံ တန်ဖိုး၏ ဆယ်ရာခိုင်နှုန်း ငွေကျပ် သိန်း ၃၂၉၀ ကို လည်းကောင်း၊ နောက်ထပ် နှစ်ဆယ် ရာခိုင်နှုန်း ဖြစ် သော ငွေကျပ် ၆၅၈၀ သိန်းကို ၂၀၁၁ ခုနှစ် မတ်လ တွင် လည်းကောင်း၊ ငွေကျပ်သန်း ၁၀၀၀ ပြည့်မှီ စေရန် ယင်းနှစ် မတ်လ အတွင်းမှာပင် ငွေကျပ် သိန်း ၁၃၀ ကို ထပ်မံ သွင်းခဲ့ပြီး၊ ထပ်မံ၍ ၂၀၁၁ခုနှစ် ၁၀လပိုင်း တွင် ငွေကျပ် ၁၆၃၃သိန်း၊ ငွေကျပ် ၃၀၀၀ သိန်းနှင့် ငွေကျပ် ၂၇၀၀ သိန်း တို့ကို အဆိုပါ လုပ်ငန်းသို့ ပေးသွင်း ခဲ့ပြီး ကျန်ငွေ များ ကို ၂ဝ၁၂ခုနှစ် ဇန်နဝါရီလ အတွင်း လေလံဆွဲ ဝယ်ယူသည့် ငွေအတိုင်း အကြေ ပေးသွင်း ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ ထံမှ သိရသည်။

"ငွေကို အကြေ ပေးသွင်းပြီးလို့ နှစ်ပတ် အတွင်း လွှဲပြောင်း ပေးမယ်လို့ စာထုတ် ပေးခဲ့ပေမယ့် ဒီနေ့ အထိ လက်ဝယ် မရသေး ပါဘူး။ ဒီသွင်းတဲ့ ငွေကို အတိုးနဲ့ တွက်ရင် တစ်လကို ၃၇၅ သိန်းလောက် ဆုံးရှုံး နစ်နာ နေရပါတယ်'' ဟု လေလံ အောင်ထား သော်လည်း ယနေ့ထိ အဆိုပါ မြေကို လက်ဝယ် မရသေးသည့် ဒေါ်မေအေးမွန် က ဆိုသည်။

၁၉၉၇ ခုနှစ် တည်းက ငါးနှစ် တစ်ကြိမ် သက်တမ်း တိုးခြင်းဖြင့် မွေးမြူရေး နှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ထံမှ မြေငှား ရမ်း ထားသော မြန်မာ မက်ခရို အင်ဒက်စရီ ကုမ္ပဏီ လီမိတက် သည် လေလံ ရောင်းချပြီး နောက်ပိုင်း ၎င်း၏ လုပ်ငန်းကို ၂၀၁၇ ခုနှစ် အထိ အဆိုပါ မြေတွင် လုပ်ငန်း ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း ၂၀၁၁ခုနှစ် ဧပြီလ တွင် ကြေးမုံ သတင်း စာ တွင် ကြေညာခဲ့သည်။

the voice weekly

 တော်ဝင်ကုမ္ပဏီ အလုပ်သမားများ တောင်းဆိုခဲ့သည့် အချက်များအား တိုင်းခုံသမာဓိရုံးက အနိုင်ပေး ဆုံးဖြတ်ခဲ့သော်လည်း ကုမ္ပဏီဘက်မှ ဆောင်ရွက်ပေးခြင်း မရှိဟုဆိုကာ အလုပ်သမား နှစ်ရာကျော် ထပ်မံ တောင်းဆိုမှုပြုလုပ်

တော်ဝင်မိသားစု ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်မှု ၁၈ရက်မြောက်သည့် နိုဝင်ဘာလ ၁၁ရက်နေ့ တွင် ၎င်းတို့ တောင်းဆိုသည့်အချက် ၅ချက်အနက် အချက် ၄ချက်အား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိရုံးမှ အနိုင်ပေး ဆုံးဖြတ်ခဲ့သော်လည်း ကုမ္ပဏီဘက်မှ လိုက်လျော ဆောင်ရွက်ပေးခြင်းမရှိဟု ဆိုကာ အလုပ်သမား နှစ်ရာကျော်မှ ထပ်မံတောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါတောင်းဆိုမှုကို ဒီဇင်ဘာလ ၄ရက်နေ့နံနက် ၉နာရီမှ မွန်းလွဲ ၁နာရီအထိ အင်းစိန်မြို့နယ် စုပေါင်းရုံးရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးရုံးသို့ သွားရောက်တောင်းဆိုမှု ပြုလုပ်ခဲ့ကြပြီး ထိုမှတစ်ဆင့် မရမ်းကုန်း မြို့နယ်၊ ပြည်လမ်းရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနရုံးရှေ့သို့ လမ်းလျှောက် သွားရောက်ပြီး အလုပ်ရှင်ဘက်မှ တောင်းဆိုမှုများ လိုက်လျောမှု မရှိခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများ မှ ဖြေရှင်းပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။

အလုပ်သမားများမှ အင်းစိန်စုပေါင်းရုံးတွင် တောင်းဆိုမှုများ ပြုလုပ်နေစဉ်တွင် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက အလုပ်သမားများအား လူစုခွဲရန် သတိပေးခဲ့ပြီး လိုက်နာခြင်းမရှိ ပါကဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အလုပ်သမားများက ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခြင်းမဟုတ်ကြောင်း အလုပ်သမားရုံးရှိရာသို့ လာရောက်၍ အလုပ်ရှင်၏ ခုံရုံးဆုံးဖြတ်ချက်များ လိုက်နာမှုမရှိသည့် အပေါ် ဖြေရှင်းပေးရန် အကူအညီ တောင်းခံခြင်းသာဖြစ်ကြောင်း ပြန်လည် ပြောပြခဲ့ကြသည်။

ရဲမှူးဦးသန်းဝင်းက " ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ခွင့်ပြု့မိန့်မရရှိဘဲ အခုလို လုပ်ဆောင်နေတာကို လူစုခွဲဖို့ သတိပေးထားပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှ လူစုမခွဲဘူးဆိုရင် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲမှ လူစုခွဲရန်သတ်မှတ်ထားသည့် အချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အလုပ်သမား ဥပဒေစစ်ဆေးရေးရုံး၊ ခရိုင်ဦးစီးမှူး ဦးအောင်ခင်မှ အလုပ်သမားများ တောင်းဆိုသည့်အချက်များအား သက်ဆိုင်ရာနှင့် ညှိနှိုင်း၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အလုပ်ရှင်ဘက်မှ ခုံရုံး၏ ဆုံးဖြတ်ချက်များအား လိုက်နာခြင်းမရှိပါက တရာစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလုပ်သမားများအား လူစုခွဲရန်ပြောကြားခဲ့ရာ အလုပ်သမားများမှ လူစုခွဲပြီး မရမ်းကုန်း မြို့နယ်ရှိ အလုပ်သမားဥပဒေ စစ်ဆေးရေးရုံးသွား သွားရောက်တောင်းဆိုမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့လမ်းလျှောက်ရာ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သုံးကြိမ်တိုင်တိုင် ငြိမ်းချမ်းစွာ စီတန်းလမ်း လျှောက်ခြင်း မပြုလုပ်ရန်၊ လိုက်နာခြင်းမရှိပါက ဥပဒေအရအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း တားမြစ်ခဲ့သော်လည်း အလုပ်သမားများ က ဆက်လက်၍ လမ်းလျှောက်ခဲ့ပြီး မရမ်းကုန်းမြို့နယ် အလုပ်သမား ဥပဒေစစ်ဆေးရေးရုံး သို့သွားရောက်ခဲ့ကြသည်။

အလုပ်သမားများသည် မရမ်းကုန်း အလုပ်သမား ဥပဒေစစ်ဆေးရေးရုံး ရှေ့တွင် ဒီဇင်ဘာလ ၄ရက်နေ့ ညနေပိုင်းအထိ ဆက်လက်တောင်းဆိုမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ခုံသမာဓိရုံးမှ အလုပ်သမားများအား အနိုင်ပေးလိုက်သည့် ဆုံးဖြတ်ချက်များမှာ(၁) စက်ရုံတွင် ရှိသော အလုပ်သမားများအား အပြင်ဆိုဒ်သို့ မပို့ရန်(၂) အလုပ်သမားများ၏ သဘောတူညီမှုမရှိဘဲ စည်းကမ်းချက်များ မထုတ်ပြန်ရန်(၃) ECစာချုပ် အမြန်ဆုံး ချုပ်ဆိုပေးရန် (၄)လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်း အမြန်ဆုံးပြုလုပ်ပေးရန် စသည့် အချက်များ ဖြစ်သည်။


eleven media group


မြောက်ကိုရီးယားမှတစ်ဆင့် လက်နက်အဆင့် ထုတ်လုပ်နိုင်သည့်ပစ္စည်းများ တင်ပို့သည်ဟုသိရသော စိုးမင်းထိုက်ကုမ္ပဏီမှာ ၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီသက်တမ်းကုန်ဆုံးနေပြီး ပို့ကုန်သွင်းကုန်လုပ်ငန်း လိုင်စင်သက်တမ်းမရှိတော့သည့် ကုမ္ပဏီဖြစ်ကြောင်း စီးပွားကူးသန်းမှ သိရ

မြောက်ကိုရီးယားမှ တစ်ဆင့် လက်နက်အဆင့်ထုတ်လုပ်နိုင်သည့် ပစ္စည်းများတင်ပို့သည်ဟု သိရသော စိုးမင်းထိုက်ကုမ္ပဏီမှာ ၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီသက်တမ်း ကုန်ဆုံးနေပြီး ပို့ကုန်သွင်းကုန်လုပ်ငန်း လိုင်စင်သက်တမ်းမရှိတော့သည့် ကုမ္ပဏီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

"ကျွန်တော်တို့ ဘဏ္ဍာရေးနှစ်အလိုက် စာရင်းတွေပြန်ကြည့်တော့ စိုးမင်းထိုက်ကုမ္ပဏီက ၂၀၀၈ ခုနှစ်ကတည်းက ကုမ္ပဏီသက်တမ်းကုန်နေပြီ။ သက်တမ်းလည်း ထပ်တိုးခြင်းမရှိဘူး။ လိုင်စင်သက်တမ်းကုန်နေတဲ့ ကုမ္ပဏီလို့ ပြောရမှာပါ။ ၂၀၀၈ ကတည်းကဆိုတော့ သုံးနှစ်ကျော်ပါပြီ" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားမှ  ရန်ကုန်အခြေစိုက် စိုးမင်းထိုက်ကုမ္ပဏီသို့ တင်ပို့သော လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများပါသင်္ဘောအား ဂျပန်ဆိပ်ကမ်းတွင် ရပ်နားစဉ် ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ယင်းသင်္ဘောတွင် သတ္တုပိုက်လုံး ၅၀ ခန့်၊ အထူးပြုလုပ်ထားသော အလူမီနီယံအလွိုင်းဘား ၁၅ ခုခန့်တို့ အပါအဝင် အခြားပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းပစ္စည်းများမှာ အနည်းဆုံးအားဖြင့် နျူကလီးယားလက်နက်စီမံကိန်းအတွက် လိုအပ်သောစက်ဒလက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဇူလိုင်လ ၂၇ ရက်နေ့က စင်ကာပူ၌ မှတ်ပုံတင်ခဲ့သော တန်ချိန် ၁၇၁၃၈ တန်ရှိသော Wan Hai 215 သင်္ဘောပေါ်တွင် ယင်းပစ္စည်းများ တင်ဆောင်လာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ သတင်းပါအ ကြောင်းအရာများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ပြန်လည်ငြင်းဆိုထားသည်။

"အကယ်၍ ဒီသတင်းမှန်တယ်ဆိုရင်တောင် အဲဒီသတင်းမှာပါတဲ့ သက်ဆိုင်ရာကုမ္ပဏီနဲ့သာ ဆိုင်ပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ ပတ်သက်ခြင်း လုံးဝမရှိပါဘူး" ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ငြင်းဆိုထားသည်ဟု ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက်ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ် ၂၀ ဝန်းကျင်မှစ၍ တရုတ်နိုင်ငံထုတ် စစ်တပ်သုံးထရပ်ကားများ အပါအဝင် စစ်တပ်သုံးပစ္စည်းအချို့ကို တင်သွင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ယင်းကုမ္ပဏီနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။


eleven media group

 ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့၍ အရေးပေါ်အကူအညီ လိုအပ်နေကြောင်းသိရ

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးနေသဖြင့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။

ယင်းသို့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို သိရှိနိုင်ရန်နှင့် ပျက်စီးသည့်  စပါးများအား အချိန်မီပြုပြင်နိုင်ရေးအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး နိုင်ငံတော်က အကူအညီပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင် စသည့်မြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေး၊ ဒလနှင့် အခြားဒေသများတွင် ရိတ်သိမ်းပြီး အမိုးအကာအောက် မရောက်သေးသော စပါးများ၊ ရိတ်သိမ်းဆဲ စပါးများမှာ မိုးစိုသည့်ဒဏ် ခံစားခဲ့ရကာ လယ်ကွင်းများတွင်လည်း ရေနစ်မြုပ်မှုကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေကာ ရိတ်သိမ်းပြီး စပါးများမှာလည်း တလင်း အခက်အခဲ၊ ရေစိုနေသည့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက ထုတ်ပြန်ထားသည်။

ပုသိမ်မြို့နယ်အတွင်းရှိ ရိတ်သိမ်းပြီး စပါးအချို့လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။ ''စပါးက သက်ကြီးစပါးရယ် သက်လတ်စပါးရယ်၊ သက်နုစပါးရယ် ဆိုပြီး သုံးမျိုးရှိတယ်။ အခုမိုးမိသွားတဲ့ စပါးတွေက သက်လတ်စပါးတွေ ပေါ်ဆန်းယဉ်နဲ့ မီးကောက်အုပ်စုတချို့ ပါတယ်၊ ရိတ်ပြီးစ ပုံထားရုံမှာရွာတော့ အကုန်လုံး အချိန်မီ အမိုးအကာအောက် မရောက်တော့ဘူး၊ တစ်ဧကကို ပျမ်းမျငါးတင်းလောက်တော့ ပျက်စီးနိုင်တယ်'' ဟု ကြက်ပေါင်ကျေးရွာမှ တောင်သူဦး မျိုးကိုကိုက ပြောပြသည်။

မိုးရွာသွန်းမှုကြောင့် တောင်သူများအနေဖြင့် သိမ်းဆည်းရန် ကျန်ရှိနေသည့် ကောက်လှိုင်းများ အမိုးအကာအောက် ရောက်ရေးအတွက် ပုံမှန်ထက် နှစ်ဆပိုသည့် လုပ်အားများ၊ ငွေကြေးများ သုံးစွဲခဲ့ရပြီး ရေစိုကောက်လှိုင်းများကြောင့် အတွင်းရှိ ဆန်သားများ ပျက်စီးနိုင်ကြောင်း၊ ယင်းအပြင် စပါးစိုက်ပျိုးစဉ်တွင် အသုံးပြုခဲ့ရသည့် သွင်းအားစုများပါ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ နေရာဒေသ အနှံ့အပြားတွင် နိုဝင်ဘာလကုန်ပိုင်း အတွင်းက အချိန်အခါမဲ့ မိုးများရွာသွန်းခဲ့မှုကြောင့် ရိတ်သိမ်းပြီးသော စပါးများ မိုးရေစိုကာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ဆုံးရှုံးမှုများတွင် ရိတ်သိမ်းပြီးသော စပါးများအား လယ်ကွင်းအတွင်း၌ အမိုးအကာမရှိဘဲ ထားရှိမှုကြောင့် ပျက်စီးမှုမှာ များပြားခဲ့ပြီး မရိတ်သိမ်းရသေးသော စပါးခင်းများလည်း မိုးရေကြောင့် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း တောင်သူများထံမှ သိရှိရသည်။

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးနေသဖြင့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။

ယင်းသို့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို သိရှိနိုင်ရန်နှင့် ပျက်စီးသည့်  စပါးများအား အချိန်မီပြုပြင်နိုင်ရေးအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး နိုင်ငံတော်က အကူအညီပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင် စသည့်မြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေး၊ ဒလနှင့် အခြားဒေသများတွင် ရိတ်သိမ်းပြီး အမိုးအကာအောက် မရောက်သေးသော စပါးများ၊ ရိတ်သိမ်းဆဲ စပါးများမှာ မိုးစိုသည့်ဒဏ် ခံစားခဲ့ရကာ လယ်ကွင်းများတွင်လည်း ရေနစ်မြုပ်မှုကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေကာ ရိတ်သိမ်းပြီး စပါးများမှာလည်း တလင်း အခက်အခဲ၊ ရေစိုနေသည့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက ထုတ်ပြန်ထားသည်။

ပုသိမ်မြို့နယ်အတွင်းရှိ ရိတ်သိမ်းပြီး စပါးအချို့လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။ ''စပါးက သက်ကြီးစပါးရယ် သက်လတ်စပါးရယ်၊ သက်နုစပါးရယ် ဆိုပြီး သုံးမျိုးရှိတယ်။ အခုမိုးမိသွားတဲ့ စပါးတွေက သက်လတ်စပါးတွေ ပေါ်ဆန်းယဉ်နဲ့ မီးကောက်အုပ်စုတချို့ ပါတယ်၊ ရိတ်ပြီးစ ပုံထားရုံမှာရွာတော့ အကုန်လုံး အချိန်မီ အမိုးအကာအောက် မရောက်တော့ဘူး၊ တစ်ဧကကို ပျမ်းမျငါးတင်းလောက်တော့ ပျက်စီးနိုင်တယ်'' ဟု ကြက်ပေါင်ကျေးရွာမှ တောင်သူဦး မျိုးကိုကိုက ပြောပြသည်။

မိုးရွာသွန်းမှုကြောင့် တောင်သူများအနေဖြင့် သိမ်းဆည်းရန် ကျန်ရှိနေသည့် ကောက်လှိုင်းများ အမိုးအကာအောက် ရောက်ရေးအတွက် ပုံမှန်ထက် နှစ်ဆပိုသည့် လုပ်အားများ၊ ငွေကြေးများ သုံးစွဲခဲ့ရပြီး ရေစိုကောက်လှိုင်းများကြောင့် အတွင်းရှိ ဆန်သားများ ပျက်စီးနိုင်ကြောင်း၊ ယင်းအပြင် စပါးစိုက်ပျိုးစဉ်တွင် အသုံးပြုခဲ့ရသည့် သွင်းအားစုများပါ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ နေရာဒေသ အနှံ့အပြားတွင် နိုဝင်ဘာလကုန်ပိုင်း အတွင်းက အချိန်အခါမဲ့ မိုးများရွာသွန်းခဲ့မှုကြောင့် ရိတ်သိမ်းပြီးသော စပါးများ မိုးရေစိုကာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ဆုံးရှုံးမှုများတွင် ရိတ်သိမ်းပြီးသော စပါးများအား လယ်ကွင်းအတွင်း၌ အမိုးအကာမရှိဘဲ ထားရှိမှုကြောင့် ပျက်စီးမှုမှာ များပြားခဲ့ပြီး မရိတ်သိမ်းရသေးသော စပါးခင်းများလည်း မိုးရေကြောင့် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း တောင်သူများထံမှ သိရှိရသည်။


eleven media group

အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်



အသက် ၆၀ နှင့် ၇၀ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။

ယင်းနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ အသက် ၇၀ ကျော် ဘိုးဘွားများအား နိုင်ငံပိုင်ဆေးရုံများတွင် အခမဲ့ဆေးကုသခွင့်နှင့် ဆေးစစ်ဆေးခွင့်အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်သည့် မေးမြန်းမှုအပေါ် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက "အသက်ကြီးလာရင် နာခြင်းဒုက္ခကို မလွဲမသွေ ခံစားကြရပါတယ်။ အထူးသဖြင့် အသက် ၇၀ ကျော် ဘိုးဘွားများအနေနဲ့ အိမ်မှာသားသမီးမရှိရင် ပိုပြီးဆိုးပါတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအရ ဘိုးဘွားများဆိုတာ အိမ်ရဲ့ကျက်သရေဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ကျက်သရေ ဖြစ်ပါတယ်။ ဘိုးဘွားများဟာ နာခြင်းဒုက္ခကိုခံရလို့ နိုင်ငံပိုင်ဆေးရုံတွေကို သွားရောက်တဲ့အခါမှာ ဆေးရုံက အပေါက်စောင့်၊ သူနာပြုတချို့၊ အသပြာဆရာဝန် စသူတွေက မချေမငံဆက်ဆံမှု၊ တစ်ခါ ငွေကြေးမတန်တဆ တောင်းခံမှုတွေက သူတို့ရဲ့အခြေခံကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ အနေအထားမှာ ဖြစ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမများပေါ်မှာ ကြည့်မယ်ဆိုရင် အသက် ၆၀ ကျော် ၇၀ အရွယ် ဘိုးဘွားတွေက ဆေးဖိုးဝါးခအတွက် မကြာခဏဆိုသလို တောင်းရမ်းစားသောက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် မေးမြန်းချင်တာကတော့ ရန်ကုန်မြို့မှာ လမ်းတွေ၊ တံတားတွေ အများကြီးဆောက်ပါတယ်။ အဲဒီမှာ ဖြည့်စွက်ခွင့်ပြုငွေတွေလည်း ထပ်တောင်းထားပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ဆင်းရဲချို့တဲ့တဲ့ အခြေခံလူတန်းစားတွေဖြစ်တဲ့ အသက် ၇၀ ကျော် အဘိုးအဘွားတွေကို နိုင်ငံပိုင်ဆေးရုံဆေးခန်းတွေမှာ အခမဲ့ဆေးကုသခွင့်နဲ့ အခမဲ့ဆေးစစ်ဆေးခွင့်တွေ ပေးနေပါသလား သိချင်ပါတယ်။ ရှိတယ်ဆိုရင်လည်း မည်သည့်အတိုင်းအတာထိ ရှိသလဲဆိုတာကို သိရှိချင်ပါတယ်" ဟု မေးမြန်းခဲ့သည်။

ယင်းမေးမြန်းချက်အပေါ်တွင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက " နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာသာလူမျိုးမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှုတစ်ရပ်အဖြစ် ဆေးရုံများမှာ ဆေးပဒေသာပင်နဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွားလာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးအဆင့်၊ ကျေးလက်ကျန်းမာရေးအဆင့်အထိ သက်ကြီးရွယ်အို ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊ ဒေါပုံ၊ လှိုင်သာယာ၊ တွံတေး စတဲ့မြို့နယ်များမှာ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် လုပ်နေပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ မတ်လအထိ ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်ဆေးရုံများအတွက်  ဆေးဝယ်ယူရန် ကုတင်အဆင့်အလိုက် ခွင့်ပြုငွေကျပ် သိန်းပေါင်း ၄၀၀ မှ ၁၅၀၀ အထိ ခွဲဝေချထားပေးကြောင်း သိရသည်။

"ကျန်ရှိတဲ့ကုတင် ၂၀၀ အောက် ဆေးရုံ၊ မြို့နယ်အဆင့် တိုက်နယ်အဆင့် ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်ငွေကို ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခမဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ မြို့ပြသာမက ကျေးလက်အထိပါ ငွေကြေးမတတ်နိုင်သော အသက် ၇၀ ကျော် ဘိုးဘွားတွေအပြင် အသက် ၆၀ ကျော် ဘိုးဘွားတွေပါ နိုင်ငံပိုင်ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်နှင့် ကျန်မာရေးစစ်ဆေးခွင့်များ ရရှိတော့မှာ ဖြစ်ပါတယ်" ဟု ဒေါက်တာမြင့်သိန်းက ဆိုပါသည်။

အင်းစိန်ဆေးရုံကြီးတွင်လည်း သက်ကြီးရွယ်အို ဆေးခန်းဖွင့်လှစ်ထားရှိကာ အသက် ၆၀ နှင့်အထက် ဘိုးဘွားများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးနေပြီး ကျန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးများတွင်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်၍ ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံနှင့် တိုင်းဒေသကြီးအဆင့် မြို့နယ်၊ ခရိုင်တိုက်နယ်အဆင့် ဆေးရုံ ၅၇ ရုံတို့မှာ ၂၀၁၁ ခုနှစ်အတွင်း ဆေးပဒေသာပင်ဝင် ၂၁၈၉၄ သိန်းကျော်ရှိပြီး ရရှိသော အတိုးငွေဖြင့် လူနာပေါင်း ၂၁၉၄၁ ဦးကို ကျပ်တန်ဖိုး ၂၂၁၀ သိန်းကျော်ဖိုးခန့် အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးအသုံးစရိတ်ငွေကို လေးဆတိုးမြှင့် ပေးထားကြောင်း ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။ 

Eleven Media Group

ဆန္ဒထုတ်ဖော်မှုတွင် Strike ဖြစ်ပါက အပြစ်မရှိနိုင်


မြန်မာနိုင်ငံရှိ ရဟန်းသံဃာတော်များအနေဖြင့် အရေးကိစ္စအမျိုးမျိုးအတွက် ဆန္ဒထုတ်ဖော်နေမှုများမှာ သိက္ခာပုဒ်နှင့်ညှိစွန်းခြင်း ရှိမရှိ မေးမြန်းရာ၌ အကြမ်းဖက် အဓိကရုဏ်းအသွင်ဆောင်ဖျက်စီးမှုမျိုး မဟုတ်ပဲ မိမိဆန္ဒအား မိမိတို့ကိုယ်တိုင်ဖော်ထုတ်ခြင်းဖြစ်ပါက အပြစ်မရှိကြောင်း ပါချုပ်ဆရာတော် တစ်ပါး၏ မိန့်ကြားမှုအရ သိရသည်။

    မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်းသိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိက္ခာပုဒ်ငြိ စွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့ မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်"ဟု ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ က ပြည်သူများ၏ မေးမြန်းမှုကို မိန့်ကြားခဲ့ခြင်းဖြစ်သည်။

  ဆန္ဒထုတ်ဖော်မှုတွင် အကြမ်းဖက်အဓိကရုဏ်းအသွင်ဆောင်၍ ဖျက်စီမှုများပါသည့် ဆန္ဒထုတ် ဖော်မှုဖြစ်ပါက Riot ဟုခေါ်၍ အပြစ်ရှိကြောင်းနှင့် မိမိဆန္ဒ မိမိတို့ကိုယ်တိုင် ဖော်ထုတ်ခြင်းဖြစ်ပါက Strike ဖြစ်၍ အပြစ်မရှိကြောင်းနှင့် ဆန္ဒထုတ်ဖော်မှုတွင် Hungier Strike မှာလည်း ငြိမ်းသက် ဆေးဆေးစွာ သဘောထားထုတ်ပြန်မှုဖြစ်၍ ဆန္ဒထုတ်ဖော်မှုတွင် Strike ဖြစ်ပါက အပြစ်မရှိ၍ သိက္ခာပုဒ်နှင့်ညှိစွန်းရန် မရှိကြောင်း ဆရာတော်က မိန့်ကြားခဲ့ခြင်းဖြစ်သည်။

  မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် လက်ထက်ကတည်းက ဒေဝဒတ်ပြဿနာ ပေါ်ကာနီးအချိန်၌ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်နှင့် ရဟန်းတော်များ ရာဇဂြိုဟ်တွင် ဆန္ဒထုတ်ဖော်မှု တစ်ရပ်ပြုခဲ့ဖူးကြောင်းကိုလည်း သိရသည်။

  "ဒေဝဒတ်က မြတ်စွာဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့ မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင် ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသ နိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘောထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမ တူတာကို ထုတ် ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင် ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခု တစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ် လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာ ရှိတယ်။ အဲဒါကို တစ်နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ ပြောစရာအကြောင်းမရှိဘူးပေါ့"ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

  မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကိုယ်တိုင်လည်း ချစ်သား ရဟန်းတို့ "ဆန္ဒမပြရဘူး၊ ဆန္ဒပြရင် အာပတ်သင့်စေ"ဆိုတာ မရှိဘူး အဲဒီတော့ ဥပဒေမရှိသည့် အတွက်ကြောင့် ဘယ်သိက္ခာပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာ ချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယသိက္ခာပုဒ် မှာ လိုက်နာရမယ့်အရာလေးတွေရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင်ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ဟူ၍သာ ဆရာတော် မှ မိန့်ကြားခဲ့သည်။

  အထက်ပါအကြောင်းအရာများမှာ ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါချုပ်-ဆရာတော်)မှဘုရားကြီး၏ စင်္ကာပူ တရားပွဲ ပထမမြောက်နေ့တွင် စကာပူရောက်မြန်မာလူမျိုးများ မေးမြန်းသည့် မေးခွန်းအား ပြန်လည်မိန့်ကြားခဲ့ခြင်းဖြစ်သည်။

   လက်ရှိမြန်မာနိုင်ငံ၌ လက်ပံတောင်းတောင်အရေးအား အင်အားသုံးဖြိုခွင်းမှုနှင့်ပတ်သက်၍ အနယ်နယ် အရပ်ရပ်မှ သံဃာတော်များမှနေ၍ အင်အားသုံးဖြိုခွင်းမှုအား ကန့်ကွက်သည့်အနေဖြင့် အိမ်တော်ယာ ထိုင်ဆန္ဒထုတ်ဖော်ပွဲနှင့် ဆူးလေဆန္ဒထုတ်ဖော်ပွဲများအား ဆရာတော် သံဃာတော် များမှ ဦးဆောင်ပြုလုပ်လျက်ရှိသည်။

  အလားတူ နိုဝင်ဘာလ(၃၀)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့၌လည်း သံဃာတော်များမှ ဦးဆောင်က အင်အားသုံးဖြိုခွင်းမှုနှင့်ပတ်သက်၍ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

  Myit Makha Media Group