ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ်
စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ခေတ္တရုပ်သိမ်း လိုက်ကြောင်း ကြာသပတေးနေ့
ဝါရှင်တန်ဒီစီမြို့ နိုင်ငံခြားရေးဝန်ကြီှးဌာနတွင် ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က
ထုတ်ပြန်ကြေညာလိုက်သည်။
Friday, May 18, 2012
နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို
ရန်ကုန် မေ ၁၇
နှလုံးခုန် ထိန်းညှိစက် ထည့်သွင်း ထားရသော အသက် ၆၇ နှစ် အရွယ်ရှိ
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရုတ်တရက် မူးလဲသဖြင့် စင်္ကာပူနိုင်ငံသို့
ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရသည် ဆိုသော သတင်းများမှာ မှန်ကန်မှု
မရှိကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။
ရန်ကုန် မြို့သို့ ရောက်ရှိနေသော နိုင်ငံ သမ္မတ ကြီး ၏ ကျန်းမာရေး နှင့်
ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ ကောလဟာ လ များသာဖြစ်၍ ခရီးသွားနေသည့်
အချက်များမှ လွဲ၍ ကျန်အချက်များမှာ လုံးဝ မှန်ကန်မှု မရှိကြောင်း၊
မိတ်ဆွေများ ၏ စိုးရိမ် ပူပန်မှုအတွက် ကျေးဇူး အထူးတင် ရှိပါသည် ဟု ၄င်း၏
facebook စာမျက်နှာ တွင်ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
သုဝဏ္ဏမြို့နယ်မှာ တိုက်ခန်း မီးလောင်နေ
![]() |
| ယနေ့ ညနေ သုဝဏ္ဏမြို့နယ်မှာ တိုက်ခန်း မီးလောင်နေစဉ် (ဓါတ်ပုံ-ကိုမင်း) |
ရန်ကုန်တိုင်း သုဝဏ္ဏမြီု့ နယ် သံသုမာလမ်းမကြီးပေါ် စုပေါင်းနှင့် ရေနံသာကြား ပန်းခြံဘက်ခြမ်းရှိ တိုက်ခန်းအပေါ်ဆုံးထပ် တွင် ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့် မှာ မီးလောင်နေသည်ကို တွေ.ခဲ့ရပါသည်။
မီးသတ်ကားများလာရောက် ငြိမ်းသတ်နေပါသည်။
ကား auction showroom နှင့် ပညာနန်းတော် ကျူရှင် ဘေးတိုက်ဖြစ်ပါသည်။
Myanmar News Now
လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စမှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ
![]() |
| လယ်မြေများသိမ်းပိုက်လုပ်ကိုင်နေသည့် ငါးကန်တခုအားတွေ့ ရစဉ် (ဓါတ်ပုံ-Google Images) |
Subscribe to:
Posts (Atom)



.jpg)




