Wednesday, April 18, 2012
ဒ်ါအောင်ဆန်းစုကြည် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ လှူဒါန်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နှစ်သစ်ကူး အခမ်းအနားကို ဒီကနေ့ တက်ရောက်ပြီး သက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုခဲ့သလို ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေတွေ ပေးအပ် လှူဒါန်းခဲ့ပါတယ်။
RFA
ကူညီရေး လုပ်ငန်းတွေအတွက် ဘဏ္ဍာရေး ပိတ်ဆို့မှုတချို့ အမေရိကန် လျှော့ပေါ့

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေအနက် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတချို့ကို အင်္ဂါနေ့က လျှော့ချပေးလိုက်ပါတယ်။
Photo courtesy of State Department
မြန်မာအပေါ်ပိတ်ဆို့မှု အီးယူ ပိုမိုလျှော့ပေါ့မည်

ဥရောပသမဂ္ဂ အီးယူ အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အရင်ကထက် ပိုပြီး လျှော့ပေါ့သွားမယ်လို့ အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ မစ္စ ကက်သရင်း အက်ရှတန်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
European Commission web site
အရှေ့အာရှဒေသ လုံခြုံရေးရာဆိုင်ရာ ဆွေးနွေးပွဲ မြန်မာ့နိုင်ငံရေး ကိစ္စဆွေးနွေးမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်း
တက္ကသိုလ်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပတဲ့ အမေရိကန်
နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ဟောပြောပွဲမှာ မြန်မာနိုင်ငံက
ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဆိုင်ရာ
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ပြောကြားနေစဉ်။
(ဓါတ်ပုံ - RFA)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ ပစ္စဖိတ်ဒေသဆိုင်ရာ လက်ထောက်
နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ အိန္ဒိယအစိုးရ အရှေ့အာရှဒေသဆိုင်ရာ
အကြီးအကဲ Gautam Bambawale တို့ဟာ ဒီကနေ့ နယူးဒေလီမြို့မှာ
တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပြီး လွှတ်တော်ထဲ ၀င်ရောက်တော့မယ့် နိုင်ငံရေး အခြေအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒ ဆက်စပ်မှု၊ သက်ရောက်မှုနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဒေသတွင်း နိုင်ငံရေး အခြေအနေကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ဆိုပါတယ်။
အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသဟာ အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ထိပ်တန်းက ပါဝင်လာမှာ ဖြစ်တဲ့အတွက် အိန္ဒိယနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးဟာ ဒေသတွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ညှိနှိုင်း ဆွေးနွေးကြမှာလို့ ဆိုပါတယ်။

ဝပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု ၂၃ နှစ်ပြည့် အခမ်းအနားကျင်းပ

Photo Courtesy of UWSA
ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ်၂ဝပြည့်
အခမ်းအနား ဧပြီ ၁၇ရက်နေ့က ပန်ဆန်းတွင် ကျင်းပစဉ် စစ်ရေးပြနေသော ဝပြည်
သွေးစည်းညီညွတ်ရေး (UWSA) တပ်ဖွဲ့များ ဖြစ်ပါသည်။ (Photo Courtesy of UWSA)
အခမ်းအနားကို တပ်မဟာ ၆၄၈ က ကြီးမှူးကျင်းပတာဖြစ်ပြီး ၀တပ်ဖွဲ့တွေ ၁၉၈၉
ခုနှစ်က ဗကပက ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အထိမ်းအမှတ်
အခမ်းအနား ဖြစ်ပါတယ်။
တပ်မဟာ ၆၄၈ ရဲ့ စစ်သည် ၃၀၀၀ ခန့်က UWSA ဥက္ကဋ္ဌ ပေါက်ယူခြမ်းကို ချီတက်အလေးပြုပါတယ်။ အခမ်းအနားနဲ့ ပတ်သက်ပြီး UWSA ပြင်ပဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ ဦစံကွန်းက-
" ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီးကိုယ်စား ဒုတိယ စစ်သေနာပတိချုပ် ကျောက်ကျုံးသန်းက အမှာစကား မိန့်ခွန်းပြောပါတယ်။ ကျွန်တော်တို့ ဒေသမှာရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ကိုယ်စားလှယ်က စကားပြောတယ်။ ရပ်ဝေး အထူးဧည့်သည်တော် ကိုယ်စားလှယ် ကိုယ်စား မိုင်းလားက ဒုဥက္ကဋ္ဌက စကားပြောတယ်။ ၁၅ မမ တွေ၊ စက်အမြောက်တွေ၊ မြင်းလားတွေနဲ့ ဒီလက်နက်ငယ်တွေ တင်တဲ့ အခမ်းအနားတွေ၊ ကားပေါ်မှာ စက်အမြောက်တွေ တင်တာတော့ နည်းနည်းပါးပါးတော့ ပြတာပေါ့ဗျာ" လို့ပြောပြပါတယ်။
အခမ်းအနားမှာ မိုင်းပေါက်မြို့နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသား ၁၆ မျိုးကလည်း တပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ရေးပြ အခမ်းအနားမှာ ပါဝင်ပါတယ်။
တရုတ်ပြည်က ကိုယ်စားလှယ်တွေ၊ ၀ပြည်နယ်အတွင်းက ကိုယ်စားလှယ်တွေအပြင် မိုင်းလားအဖွဲ့လည်း အခမ်းအနားကို တက်ရောက်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေ တက်ရောက်လာတာ မတွေ့ရဘူးလို့ ဦးစံကွန်းက ပြောပါတယ်။
အစိုးရနဲ့ UWSA အပစ်အခတ်ရပ်စဲရေး ပြည်နယ်အဆင့် ဒုတိယအကြိမ် ပြုလုပ်ထားတာဖြစ်ပြီး ပြည်ထောင်စုအဆင့် ဆက်လက်ပြီး ဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က UWSA ဥက္ကဋ္ဌထံ စာပေးပို့ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ UWSA ဘက်က ဆွေးနွေးမဲ့နေ့ကို အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.
၈၈ မျိုးဆက်ရဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု

၂၀၁၂ခုနှစ် ဧပြီလ ၁၇ ရက်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်နေစဉ်။
ဒီလှုပ်ရှားမှုဟာ နှစ်သစ်မှာ မြန်မာပြည်သူတွေ ငြိမ်းချမ်းသာယာရေးနဲ့
ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်
ရည်ရွယ်တာဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက
ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖွဲ့နဲ့အတူ ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းအဖွဲ့လည်းဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်တယ်လို့ သိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖွဲ့နဲ့အတူ ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းအဖွဲ့လည်းဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်တယ်လို့ သိရပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
Tuesday, April 17, 2012
ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း
စုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို အခုလို မေတ္တာရပ်ခံ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။
AFP
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖါးကန့်မြို့နဲ့ မကွေးတိုင်း
ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား
ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံ
လိုက်တာ ဖြစ်တယ်လို့ NLDပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ် တည်ထောင်မယ့်
အချိန်အခါမျိုးမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ဟာတွေ
အငြင်းပွားနေမယ့်အစားကို တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိကြပါလို့ သူက
အဲဒီလို ပြောပါတယ်။ ဘာသာရေးက သိပ်ပြီးတော့ သိမ်မွေ့တယ်။ အခုလို
အချိန်အခါမျိုးမှာ သည်းခံပါ။ တယောက်ကို တယောက် နားလည်နိုင်အောင်
ကြိုးစားကြပါလို့ အဲလို မှတ်ချက်ပေးတယ်ဗျ။ နောက် ကျွန်တော်တို့ နိုင်ငံတင်
မဟုတ်ဘူး။ ဘယ်နိုင်ငံ ဖြစ်ဖြစ် ဘာသာရေးနဲ့ ပတ်သက်ရင် ဖြေရှင်းရ ခက်ကြတယ်။
အဲဒါကြောင့်မို့ မဖြစ်စေချင်လို ဒီလို ပြောလိုက်ရတာပါ။"
ယခင်အစိုးရ အဆက်ဆက်တုန်းကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့
ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးတာ ရှိပြီး၊ နိုင်ငံရေးပယောဂ မကင်းဘဲ
ဖြစ်ပေါ်လေ့ရှိတယ်လို့ မြန်မာ့သမိုင်း လေ့လာသူတွေက သုံးသပ်ထားကြ ပါတယ်။
ဘာသာရေးပေါ် အခြေခံပြီး ခိုက်ရန်ဖြစ်ပွားတာတွေကို NLD ပါတီအနေနဲ့ မလိုလားကြောင်း
ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
RFA
မြစ်ကြီးနားမှာ ဗုံးကွဲမှုဖြစ်
ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးတို့မှာ သင်္ကြန်ရက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း တရက်ပြီးတရက် ကုန်ဆုံးခဲ့ပေမဲ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ စနေနေ့ညက ဗုံး ပေါက်ခဲ့ပါတယ်။ သံလမ်းပေါ်မှာ ထောင်ထားတဲ့ ဗုံးပေါက်ကွဲတာကြောင့် မီးရထားသံလမ်း ခင်ထားတဲ့ ဇလီဖားတုံးတချို့ ပျက်ဆီးသွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သင်္ကြန် အကြတ်နေ့ မြစ်ကြီးနားမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုအကြောင်း မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။
စနေနေ့ ညပိုင်း ၉ နာရီလောက်မှာ မြစ်ကြီးနား မြို့သစ်ဘက်က သံလမ်းပေါ်မှာ ထောင်ထားတဲ့ ဗုံးပေါက်ကွဲ ခဲ့တာပါ။ ဗုံးပေါက်တဲ့ နေရာကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ မြစ်ကြီးနား ဒေသခံ တဦးက အခုလို ပြောပါတယ်။
“အစတုန်းကတော့ သင်္ကြန်မဏ္ဍပ် အောက်မေ့တာ၊ မနေ့ညနေ ၈ နာရီ ၄၅ ပေါ့နော်။ သင်္ကြန်မဏ္ဍပ် မဟုတ်ဘူး ဒီနေ့မနက် သိတာကလေ မြို့သစ်ကြီးနားက သံလမ်းမှာ ကွဲတာ။ မြို့သစ်ကြီးဆိုတာ ကျနော်တို့ မြစ်ကြီးနားမြို့က အထွက်ပေါ့။ အဲဒီသံလမ်းနားမှာ ကွဲတာ။ အပျက်အစီးကလည်း သိပ်မဖြစ်ပါဘူး။ အဲဒီမှာ ဇလီဖာတုံး နှစ်တုံးသုံးတုံးလောက် လွှင့်စင်သွားတာပဲ ဖြစ်တယ်။ သံလမ်းလည်း မပျက်သွားဘူး။ တချို့ကတော့ အသံသေးသေးနဲ့ တလုံးကွဲတယ် ဘာညာဆိုပြီးတော့ ပြောတယ်လေ။ ဒါပေမဲ့ တွေ့ရှိတာကတော့ အဲဒီံသံလမ်းမှာ ဇလီဖားတုံး နှစ်တုံးသုံးတုံးလောက်ပဲ ပျက်စီးသွားတဲ့ ဗုံးကွဲတာပဲ တွေ့တယ်။”
ဒေသခံ တချို့ကတော့ စနေနေ့ညက ဗုံး ၂ နေရာမှာ ပေါက်ခဲ့တာ ဖြစ်တယ်လို့ ပြောကြပါတယ်။ ညပိုင်း ၈ နာရီ ၁၅ မိနစ်မှာ တကြိမ်ပေါက်ကွဲပြီး နောက်ထပ် ၁၅ မိနစ်အကြာမှာ နောက်တကြိမ် ထပ် ပေါက်ကွဲခဲ့တယ် လို့လည်း ပြောကြပါတယ်။
“ည ၈ နာရီခွဲ ၉ နာရီလောက်။ နှစ်လုံး။ တစ်လုံးက ဘယ်နေရာလဲ မသိဘူး။ ဆက်တိုက် ၅ မိနစ်လောက်ပဲ ခြားတယ်။ အသံလည်း ကြားတယ်ဗျာ ကျနော်တို့။”
စနေနေ့ညက ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုကြပါတယ်။ သင်္ကြန် ရေကစားသူတွေ ကတော့ ကြောက်လန့်ပြီး မနက်ပိုင်း အပြင်ထွက်လည်တဲ့သူတွေ နည်းခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲတာ မဟုတ်ဘဲ သံလမ်းမှာ ပေါက်ကွဲတယ် ဆိုတာ သိလိုက်ကြပြီးတဲ့နောက် နေ့လယ်ပိုင်းမှာတော့ သင်္ကြန်ပွဲတော်က ပြန်ပြီး စည်းစည်းကားကား ဖြစ်ခဲ့တယ်လို့လည်း မြစ်ကြီးနား ဒေသခံက ပြောပါတယ်။
“ခါတိုင်းဆိုလို့ရှိရင် မနက် ၇ နာရီကျော် ၈ နာရီလောက်ဆို စည်နေပြီပေါ့နော်။ ကနေ့ကျတော့ နေ့လယ်ပိုင်း ရောက်မှပဲ လူတွေက ပြန်များလာတယ်။ ပထမတော့ သင်္ကြန်မဏ္ဍပ် ဆိုပြီးတော့မှ ကြားနေကြတော့ လူတွေက လန့်တာပေါ့နော်။ သံလမ်းမှာ သိသွားတဲ့အချိန်ကျတော့ လူတွေက ပြန်များလာပါတယ်။”
အခု ဗုံးပေါက်ကွဲမှုဟာ ဘယ် လက်နက်ကိုင် အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာတော့ မသိရပါဘူး။ ဒါပေမဲ့ လက်နက်ကိုင် ကချင်လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုနဲ့ မြန်မာ အစိုးရ အကြား စစ်ရေး တင်းမာမှုတွေ ဖြစ်ပွားနေပြီးတဲ့ နောက်ပိုင်းမှာတော့ ကြိုကြားဆိုသလို ကချင်ပြည်နယ်ထဲမှာ ပေါက်ကွဲမှုတွေ ဖြစ်နေတာပါ။ မြန်မာ အစိုးရကတော့ ကချင်ပြည်နယ်ဟာ ဒေသလုံခြုံ ငြိမ်းချမ်းမှုမရှိဘူး ဆိုပြီး ဧပြီလ ၁ ရက်နေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ထဲက လစ်လပ်နေရာ ၃ နေရာကို ချန်လှပ်ခဲ့ပါတယ်။
ရန်ကုန်တိုင်း သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာမှာ သောက်သုံးရေရှားပါးမှု့  ဖြစ်ပေါ်
ရန်ကုန်တိုင်း သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာမှာ သောက်သုံးရေရှားပါးမှု့ 
ဖြစ်ပေါ်နေပါတယ်။
ရေနောက်တွေကို ထုံးခတ် နှစ်ရက်လော
က်အနယ်ထိုင်ပြီးသောက်သုံးကြတယ် လို့
ဒေသခံတွေကပြောပါတယ်။
အချိန်ကြာလာရင်တော့ သောက်ရေက ပုတ် စော်နံတယ်လို့ ပြောပြကြပါတယ်။
အိမ်ခြေ (၁၀၀)ခန့် ရှိပြီး လူဦးရေ(၃၅၀)ခန့် နေထိုင်ကြတဲ့ရွာလေးတွေဟာပင်လယ် ကမ်းခြေရေပါတ်လယ်ဝိုင်းနေပေမဲ့ ရေကောင်းရေသန့် တော့ရှားပါးပါတယ် ။
ရွာဦးဆရာတော်ကပြောပြတာတော့သူတို့ ရွာဟာ ရေကိုမြင်ရပေမဲ့
ဆားငန်ရေတွေမို့ သောက်သုံးလို့ မရဘူး ၊ ဖောင်စီးရင်းရေငတ်နေတာလို့ ပြောပါတယ်။
ရွာရဲ့သောက်သုံးေ ရကန်ကတော့ ဓါတ်ပုံမှာတွေ့ ရတဲ့အတိုင်းပဲ အတိုင်းခန်းခြောက် နေပါတယ်၊သူတို့ ရဲ့လိုအပ်ချက်ကို ဘယ်အဖွဲ့ အစည်းမဆို ကူညီလှူဒါန်း သင့်တယ်လို့
ထင်ပါတယ်။
အနီးအနား ရွာတွေဖြစ်တဲ့ ထွန်းစိန်ရွာ ၊ သာသာမြိုင်ရွာတွေမှာလည်းသောက်သုံး
ရေရှားပါးနေတာသိခဲ့ရပါတယ်။
ကျေးရွာရဲ့သောက်သုံးရေကန်တွေလည်း ခန်းခြောက်နေတာမြင်တွေ့ ခဲ့ရပါတယ်၊
နိုင်သလောက်ကူညီ နိုင်အောင် ပြည်သူတွေကို အသိပေးတင်ပြလိုက်ပါတယ်။
ကိုလေး(သုံးခွ)
Myanmar News Now
ဖြစ်ပေါ်နေပါတယ်။
ရေနောက်တွေကို ထုံးခတ် နှစ်ရက်လော
ဒေသခံတွေကပြောပါတယ်။
အချိန်ကြာလာရင်တော့ သောက်ရေက ပုတ်
အိမ်ခြေ (၁၀၀)ခန့် ရှိပြီး လူဦးရေ(၃၅၀)ခန့် နေထိုင်ကြတဲ့ရွာလေးတွေဟာပင်လယ်
ရွာဦးဆရာတော်ကပြောပြတာတော့သူတိ
ဆားငန်ရေတွေမို့ သောက်သုံးလို့ မရဘူး ၊ ဖောင်စီးရင်းရေငတ်နေတာလို့ ပြောပါတယ်။
ရွာရဲ့သောက်သုံးေ
ထင်ပါတယ်။
အနီးအနား ရွာတွေဖြစ်တဲ့ ထွန်းစိန်ရွာ ၊ သာသာမြိုင်ရွာတွေမှာလည်းသောက်သုံး
ရေရှားပါးနေတာသိခဲ့ရပါတယ်။
ကျေးရွာရဲ့သောက်သုံးရေကန်တွေလည်း ခန်
နိုင်သလောက်ကူညီ
ကိုလေး(သုံးခွ)
Myanmar News Now
| ရေနောက်တွေကို ထုံးခတ် ထားစဉ် |
| ရေနောက်ပစ်နေတဲ့ ရေကန် |
| သုံးခွ NLD မှ ရေသွားရောက်လှူဒန်းစဉ် |
| တရွာလုံးအားထားနေရတဲ့ ရေကန်က ခန်းခြောက်နေပုံ |
| ပင်လယ်ကမ်းခြေ |
မြန်မာပြည်မှာဝှက်ထားခဲ့တဲ့ ဗြိတိသျှတိုက်လေယာဉ်တွေ ပြန်ဖေါ်မယ်
![]() |
| မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာချိန်မှာ ဒီလေယာဉ် တွေကို မြှုပ်ထားခဲ့တာပါ |
၁၉၄၅ ခုနှစ်က မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာ ချိန်မှာ ဆုတ်ခွာနေတဲ့ ဗြိတိသျှစစ်တပ်က ဂျပန်တွေ ရသွားပြီး အသုံးချမှာ ၊ ဒါမှမဟုတ် ဖျက်ဆီးလိုက် မှာကို စိုးရိမ်လို့ Spitfire တိုက်လေယဉ် အစင်း ၂၀ ကို မြှုပ်ထားခဲ့တာပါ။အဲဒီလေယာဉ်တွေဟာ ဆင်တောင် မဆင်ရသေးတဲ့ လေယာဉ်တွေ ဖြစ်ပြီး အစိတ်အပိုင်း တွေကို သေတ္တာကြီးတွေနဲ့ ထည့်ပြီး မြှုပ်ထားခဲ့တာလို့ သိရပါတယ်။စစ်ပြီးလို့ ဂျပန်တွေ လက်နက်ချပြီးတဲ့ နောက်မှာလဲ လေယာဉ်တွေ ဝှက်ထားခဲ့တာကို မေ့နေခဲ့ကြသလို၊ ဒီနောက်မှာလဲ မြန်မာနိုင်ငံမှာ ရာစုနှစ်တဝက်လောက် စစ်တပ် အုပ်ချုပ်မှု အောက်ကို ရောက်နေခဲ့ လို့ တူးဖေါ်ခွင့်မရခဲ့ပါဘူး။
Spitfire တိုက်လေယဉ်တွေဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေက ဂျာမန်တိုက်လေယာဉ်တွေကို ယှဉ်ရာမှာ အနိုင်ရတဲ့ အောင်မြင်တဲ့ တိုက်လေယာဉ်တွေ အဖြစ် ကျော်ကြားပြီး ဂျာမဏီကို အံတုနိုင်တဲ့ အတွက် ဗြိတိသျှတို့ရဲ့ အမျိုးသားရေး လက္ခဏာတခု ဖြစ်လာခဲ့ပါတယ်။
အခု လောလောဆယ်မှာ ပျံသန်းနိုင်လောက်အောင် အခြေအနေ ရှိနေတဲ့ Spitfire တိုက်လေယဉ် တကမ္ဘာလုံးမှာ ၃၅ စင်းလောက်ဘဲ ရှိတယ်လို့ ယူဆရပါတယ်။အခုလို လေယာဉ်တွေ ပြန်လည်တူးဖေါ်ရေးနဲ့ နောက်ပြီး လေကြောင်း ပျံသန်းမှု သမိုင်းမှာ အရေးပါဆုံးဖြစ်တဲ့ Spitfire တိုက်လေယာဉ်တွေ ပြန်လည် တပ်ဆင်ရေး လုပ်ငန်းတွေ ဟာ မြန်မာအစိုးရနဲ့ အတူ လုပ်ကိုင် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း တခု ဖြစ်လိမ့်မယ်လို့ မျှော့်လင့်ကြောင်း ဗြိတိသျှ အရာရှိတဦးက ပြောပါတယ်။
ဒီကိစ္စကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ ဒီကိစ္စကို ထုတ်ဖေါ်ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
အနောက်နိုင်ငံတချို့ မြန်မာအပေါ် ပိတ်ဆို့မှုများ စတင်ရုပ်သိမ်း
အနောက်နိုင်ငံတချို့ မြန်မာအပေါ် ပိတ်ဆို့မှုများ စတင်ရုပ်သိမ်း
![]() |
နော်ဝေနိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Stoere |
မြန်မာနိုင်ငံအပေါ်နော်ဝေး နိုင်ငံက ချမှတ်အရေးယူထားတဲ့ စီးပွါးရေး ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ နော်ဝေ
နိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Stoere က တနင်္ဂနွေနေ့မှာ ကြေညာ လိုက်ပါတယ်။
မကြာသေးမီကာလ အတွင်း မြန်မာနိုင်ငံတွင်း တိုးတက်ပြောင်းလဲမှုတွေ ကို ကြည့်ရင် အာဏာပိုင်တွေ ဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲချင်တယ်
ဆိုတာ ထင်ရှားနေကြောင်း၊ ဒီိအတွက် ကြိုဆိုရမှာ ဖြစ်ကြောင်း၊ အခု
မြန်မာနိုင်ငံ လိုအပ်နေတာကတော့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မိဖို့ ၊
စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု နဲ့အပြည်ပြည်ဆိုင်ရာ အကူအညီတွေပဲ
ဖြစ်ကြောင်းလည်း နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Stoere
က ပြောဆိုပါတယ်။
ပြုပြင်ပြောင်းလဲမှုကိုဆန့်ကျင်သူများကို ပြောလိုတာ ကတော့ ဒီပိတ်ဆို
့အရေးယူမှု တွေကို ပြန်ချမှတ်နိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ အမှန်စင်စစ်တော့
ကျနော်တို့ ဟာ အရေးယူမှုတွေကို ဆိုင်းငံ့လိုက်တာပဲ
ဖြစ်ပါတယ်လို့ လည်း ပြောဆိုပါတယ်။
နော်ဝေး နိုင်ငံဟာ မြန်မာနိုင်ငံ သစ်ဝယ်ယူတင်သွင်းမှုကိုလည်း
ပိတ်ပင်တားမြစ်ထားတယ်လို့  သိရပါတယ်။ အခုလို စီးပွါးရေးပိတ်ဆို့
အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပေမဲ့ လက်နက်ရောင်းချမှု ပိတ်ပင်
တားဆီးချက်ကို ဆက်လက် ထားရှိတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ
မြန်မာနိုင်ငံ က ရာပေါင်းများစွာသော ပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေး
ဆိုင်ရာ နဲ့ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ဆို့  အရေးယူမှုတွေကို သြစတြေးလျား
နိုင်ငံက ရုပ်သိမ်းမယ်ဖြစ်ကြောင်း
သြစတြေးလျား နိုင်ငံခြားရေး ဝန်ကြီးက လန်ဒန်မြို့ မှာ တနင်္ဂနွေနေ့ က
ပြောဆိုလိုက်ပါတယ်၊
သမ္မတ ဦးသိန်းစိန် အပါအဝင် လူပုဂ္ဂိုလ် ၂၆၀ ဦး အပေါ် ချမှတ် အရေးယူထားတဲ့
ပိတ်ဆို့မှု တွေကို ရုပ်သိမ်းလိုက်ကြောင်း၊ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေနဲ့
လူ့အခွင့်အရေး ချိုးဖေါက်သူလို့  ယူဆရသူ စုစုပေါင်း ၁၃၀ ခန့် ကိုတော့
အရေးယူခံရသူများ စာရင်းထဲမှာ ဆက်လက်ထားရှိမှာ ဖြစ်ကြောင်း သြစတြေးလျား
နိုင်ငံခြားရေး ဝန်ကြီး
Bob Carr က ပြောဆိုပါတယ်။
မြန်မာ အတိုက်အခံတွေ နဲ့ အခြားအခြားသော နိုင်ငံတွေကို တိုင်ပင်ဆွေးနွေးပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း
သူက ပြောဆိုပါတယ်။
Mr. Bob Carr က သမ္မတ ဦးသိန်းစိန် ဟာ တကယ်ပဲ ရိုးသားဖြောင့်မတ်သူ
ဖြစ်တယ်လို့ ထင်ကြောင်း၊ ဒီအတွက် သူ အကျိုး ခံစားထိုက်တယ်လို့  မိမိအနေနဲ့ ယူဆကြောင်း ပြောဆိုပါတယ်။
ဒါပေမဲ့ လိုအပ်လါမယ်ဆိုရင် ပိတ်ဆို့ အရေးယူမှုတွေကို အချိန်မရွေး
ပြန်လည်ချမှတ် နိုင်ကြောင်းလည်း သြစတြေးလျား နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပါတယ်။
မြန်မာအပေါ် ဒဏ်ခတ်မှု တချို့ သြစတေးလျ ရုတ်သိမ်း

By ကျော်ကျော်သိန်း
ဓာတ်ပုံ ASSOCIATED PRESS
သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး ဘော့ရ်ကား (Bob Carr)
သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ်
အရေးယူမှုတွေကို လျှော့ပေါ့ ပေးလိုက်ပါပြီ။ နော်ဝေးနိုင်ငံက အလားတူ
လျှော့ပေါ့ပေးလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ သြစတြေးလျ ကလည်း
ဖြေလျော့ပေးလိုက်တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံတွင်း
ပြုပြင်ပြောင်းလဲရေးတွေကို အားပေးဖို့ အခုလို ဖြေလျှော့ပေးတာလို့
ဗြိတိန်နိုင်ငံမှာ ရောက်နေချိန်အတွင်း သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး က
ပြောခဲ့တာပါ။ မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ အခု အလျှော့ပေး တာဟာ
သိပ်များလွန်း ပြီး သိပ်စော လွန်းတယ်လို့ ချက်ခြင်းပဲ တုန့်ပြန်
ဝေဖန်ကြပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်တွေ အနိုင်ရခဲ့ပြီးကတည်းက မြန်မာနိုင်ငံအပေါ် ချမှတ် ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းရေးကိစ္စကို ပိုပြီး ကျယ်ကျယ် လောင်လောင် ကြားလာ ရတာပါ။
အဲဒီထဲမှာ အခုနောက်ဆုံး လက်တွေ့ ရုပ်သိမ်းလိုက်တာကတော့ သြစတြေးလျနိုင်ငံပဲဖြစ်ပါတယ်။ အခု လျှော့ပေါ့ ပေးလိုက်တဲ့ ဒဏ်ခတ်အရေးယူမှုအရ သြစတြေးလျ နိုင်ငံက ငွေရေးကြေးရေးနဲ့ ခရီးသွားလာ ခွင့်ဆိုင်ရာ ပိတ်ပင် ဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံ က တာဝန်ရှိသူ စုစုပေါင်း ၃၉၂ ယောက်ထဲက ၂၆၀ ကျော်ကို ဖယ်ရှားပေးလိုက်တဲ့အတွက် စစ်ဘက်အရာရှိတွေ အပါအ၀င် ဆက်ပြီး အရေးယူထားသူ ၁၃၀ လောက် ပဲကျန်ပါတော့တယ်။ ဖယ်ရှားပေး လိုက်သူတွေထဲမှာ သမ္မတဦးသိန်းစိန်နဲ့အတူ အစိုးရ အဖွဲ့နဲ့ လွှတ်တော်ထဲက ပြုပြင် ပြောင်းလဲရေးလိုလားသူတွေ ပါတယ်လို့ သြစတြေးလျနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ငွေရေး ကြေးရေးနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ အရေးယူထားတာကို ရုပ်သိမ်းပေမဲ့ လက်နက် ရောင်းချတာကို တော့ ဆက်ပြီး ပိတ်ထားဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ခတ် အရေးယူ တာကို ပြန်ချမှတ်ဖို့ကလည်း အမြဲတမ်းဖြစ်နိုင်ခြေ ရှိနေပါ တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဘော့ဘ် ကားရ် (Bob Carr) က ဆိုပါတယ်။
ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချပြီး ကုန်သွယ်ရေးလုပ်ဖို့ အားပေးတာဟာ မကြာသေးခင် ကာလတွေ အတွင်း မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ် ပြုတာဖြစ်ပါတယ်လို့ ဘော့ဘ် ကားရ် က ပြောပါတယ်။
ခရီးသွားလာခွင့် ကန့်သတ်ချက် ရုပ်သိမ်းပေးလိုက်တာကို သဘောတူပေမဲ့ အပြောင်းအလဲတွေက ဒီလောက် ကြီးမခိုင်မာသေးဘဲ စောစောစီးစီး လျှော့ပေါ့ပေးလိုက်တာကိုတော့ ဘ၀င်မကျဘူးလို့ သြစတြေးလျ အခြေစိုက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ သြစတြေးလျ-မြန်မာရုံးက ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ အဲဒါ ကို များလွန်းတယ်။ စောလွန်းတယ် ဆိုပြီး ထောက်ပြထားပါတယ်။ နောက် တစ်ချက် ကလည်း ဒေါ်အောင်ဆန်း စုကြည် တို့ ပြည်တွင်းက ပြောထားတဲ့ အပြောင်းအလဲ တွေ မဖြစ်ဘဲနဲ့ အခုလိုမျိုး စောစောစီးစီး ပြောင်းလိုက်တဲ့ အပေါ်မှာလည်း အထဲ က သဘောထားနဲ့ သိပ် မကိုက်ညီဘူးလို့ ထောက်ပြ ဝေဖန်ထားတယ် ခင်ဗျ။ နောက်တစ်ခု က ကျနော် တို့ စိုးရိမ်တာက အခု လိုမျိုး များများစားစားနဲ့ စောစောစီးစီး အချိန် မတန်ဘဲ အခုလိုမျိုး လျှော့ချပေး လိုက်တာဟာ အထဲက ဦးသိန်းစိန် အစိုးရကော အထဲ စစ်တပ်ကော နောက်ထပ် ငါတို့ ဖမ်းထားတဲ့လူ တွေကို လွှတ်ပေးစရာ မလိုတော့ဘူး။ တိုင်းရင်းသား လူမျိုးစု တွေကို တိုက်ခိုက်တာတွေ ရပ်စရာ မလိုတော့ဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာလည်း ဂရုစိုက်စရာ မလိုတော့ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်လည်း ရပါတယ် ဆိုတဲ့ စိတ်မျိုး ဝင်သွားပြီးတော့ အပြောင်းအလဲ တွေကို ဆက်မလုပ်မှာ ကျနော်တို့ စိုးရိမ်တယ် ခင်ဗျ။”
ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ဒ် ကမ်မ်ရွန်းန် (David Cameron) နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက်မှာ ဒဏ်ခတ် အရေးယူမှုတွေကို ရုပ်သိမ်းဖို့ထက် လောလောဆယ် အချိန်ကာလမှာ ဆိုင်းငံ့ထား ဖို့ဆိုပြီး သဘောထား ထွက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲရေးတွေဟာ လုံးဝ ခိုင်မာပြီလို့ ပြောလို့ရနိုင်တဲ့ အခြေအနေမှာ မရှိသေးဘဲ အချိန်မရွေး နောက်ပြန်လှည့်နိုင်သေးတဲ့ အခြေအနေမှာပဲ ရှိနေသေးတာကြောင့် အခု သြစတြေးလျ အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ NLD ရဲ့ သဘောထားနဲ့ ကိုက်ညီစေချင်တယ်လို့ NLD ပါတီရဲ့ နာယကအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောပါတယ်။
“ကျနော် တို့ ကတော့ အရေးယူ ပိတ်ဆို့မှု တွေကို ချက်ချင်းလက်ငင်း ပယ်ဖျက်ဖြစ်တဲ့ အရေးယူမှု မျိုးတော့ မလုပ်သင့်ဘူး လို့ ကျနော်က တော့ ယူဆတယ်။ ဒါကြောင့် ဆိုင်းငံ့ထားပါလို့ ကျနော်က အဆိုပြုတာ ဖြစ်ပါတယ်။ နောက်ပြီး အခု သြစတေးလျ က လုပ်တဲ့ ဟာလည်း လိုတယ်။ သူအရေးယူထား တဲ့ သုံးပုံ နှစ်ပုံ လောက်ကို သူက ပယ်ဖျက် ပစ်လိုက်ပြီ။ သုံးပုံ တစ်ပုံ လောက်ဘဲ ချန်ထားတယ် ဆိုသော်ငြားလည်း နောက်ထပ် သုံးပုံတစ်ပုံ ဟာလည်း ဖယ်ရှားမယ့် အနေအထားမျိုး ရောက်မယ် ဆိုလည်း ရောက်နိုင်တာကိုး။ ကျနော်ကတော့ ပြောတဲ့ သဘောထား အတိုင်းဘဲ ဆန်ရှင်တွေကို impose လုပ်ထားတဲ့ အခါ ထားမြဲထားပါ။ သို့သော် တစ်ခု ရှိတာက အရေးယူတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ ဆိုင်းငံ့တဲ့ အနေအထားနဲ့ ထားပါလို့ ပြောတဲ့ အတိုင်းဘဲ ကျနော်ထင်တယ်။ ဒီ သြစတေးလျ ဝန်ကြီး လုပ်တဲ့ဟာ မှာလည်း ဒီ ၂၆၀ ကျော် လူတွေကို ရွေးထားတာမှာလည်း လုံးဝ ပယ်ဖျက်ပြီ ရုတ်သိမ်းပြီ ဆိုတာ မျိုးထက် ဒီဟာတွေကိုလည်း ဆိုင်းငံ့ထားတဲ့ အခြေအနေမှာဘဲ ရှိသင့်တယ် လို့ ကျနော် ကတော့ အဲဒီလိုဘဲ ထင်ပါတယ်။ ”
ပြုပြင်ပြောင်းလဲရေးတွေ ခိုင်မာပြီး မြန်မာလူထုရဲ့ဘ၀တွေ တိုးတက်စေရေး နောက်ထပ် အပြောင်းအလဲ တွေအတွက် အခြေအနေ တွေ ရေရှည်မြဲမြံစေဖို့ အားပေးမယ့် ပိုမိုကြီးမားတဲ့ ထိတွေ့ဆက်ဆံမှုနဲ့ မြန်မာနိုင်ငံ ကို လက်တွေ့ကျကျ အထောက်အပံ့ပြုရပါ မယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။
အားပေးရမယ်ဆိုတာကို ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မကန့်ကွက်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေက ဒဏ်ခတ် အရေးယူမှုတွေကို လုံးဝနီးပါး လျှော့ချပစ် လိုက်ရမယ့် အခြေအနေ မျိုးထိတော့ မရှိသေးဘူးလို့ ထောက်ပြနေကြတာပါ။
EU အဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဧပြီလ ၂၃ ရက်နေ့မှာ ဆွေးနွေး သုံးသပ်ကြဖို့ရှိပြီး ဒဏ်ခတ် အရေးယူမှု ကိစ္စက ထိပ်တန်း ဦးစားပေး ဆွေးနွေး ကြမယ့်ကိစ္စ ဖြစ်ပါတယ်။ တခါ အမေရိကန်ပြည်ထောင်စု မှာလည်း ဒီကိစ္စကို ဆွေးနွေးသုံးသပ်တာတွေ ရှိနေပြီ ဖြစ်ပါတယ်။

ကြက်သွန်တောင်သူတွေ အရှုံးပေါ်
ကြက်သွန်တောင်သူတွေ အရှုံးပေါ်
AFP
စိုက်ပျိုးရေးအတွက် နွားနှင့်ဖက်၍ ထွန်ယက် လုပ်ကိုင်နေသော မြန်မာ တောင်သူလယ်သမား သားအဖ ဖြစ်ပါသည်။ (Photo: AFP)
မကွေးတိုင်း၊ ရေနံချောင်းနဲ့ တခြားဒေသတွေမှာ တစ်နှစ်ကို
ကြက်သွန်နှစ်သီးစား စိုက်ပျိုးကြပါတယ်။ ပထမအကြိမ်စိုက်တဲ့ ကြက်သွန်နဲ့
အခုစိုက်ပျိုးထားတဲ့ ကြက်သွန်တွေဟာ လက်ရှိဈေးနှုန်းနဲ့ဆိုရင် အများကြီး
နစ်နာဆုံးရှုံးနေကြတယ်လို့
ရေနံချောင်းက လယ်သမားတစ်ယောက်က ပြောပြပါတယ်။
"စိုက်ပျိုး ထုတ်လုပ်မှုစရိတ်က ကြက်သွန် ၁ ပိဿာ ထွက်လာဖို့ကို အရင်းက ၃၀၀ လောက်ကျတယ်။ ရောင်းစားတော့ကျတော့ ၁ ပိဿာကို ၁၅၀ လောက်ရကြတယ်။ အပင်တွေကလည်း ၁၀၀ ဈေးလောက်ရှိတယ်။ အရင်းကျတာက ၃၀၀ လောက်ဆိုတော့ သူတို့လည်း ၁ပိဿာ ၂၀၀ လောက်ရှုံးကြမှာပဲ။ ကျန်တဲ့နယ် ကြက်သွန်တွေက ဈေးကွက်နိမ့်နေတော့ တစ်ပြင်လုံး ရှုံးကြပါတယ်။ အခုစိုက်တာတွေကလည်း နောက်စိုက်တာကို စပေါ်ပြီဗျ"
ပထမပိုင်းစိုက်တဲ့ ကြက်သွန်တွေက လွန်ခဲ့တဲ့ တစ်လပိုင်းလောက်က အရှုံးနဲ့ ထုတ်ရောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ လယ်ထွန်စာရိတ်နဲ့ အလုပ်သမားခက သိပ်အကုန်အကျ မများပေမဲ့ ကြက်သွန်ပိဿာ ၃၀ လောက်ထွက်ဖို့အတွက် ဓာတ်မြေသြဇာ တစ်အိတ်ကို ၄၀၀၀၀ လောက်ပေးနေရတာကြောင့် ဈေးကြီးတယ်လို့လည်း သူကပြောပါတယ်။
အဲဒီဒေသအတွင်းရှိ တောင်သူတွေ အရှုံးပေါ်ကြရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်လို့ နောက်ထပ် ဒေသခံတစ်ယောက်ကလည်း အခုလိုပြောပါတယ်။
"အဓိက ကြက်သွန်တို့ ပဲတို့ ရှုံးရတဲ့ အကြောင်းရင်းတွေက စိုက်ပျိုးတဲ့နေရာမှာ လိုအပ်တဲ့ ဓာတ်မြေသြဇာကို နိုင်ငံခြားက သွင်းတဲ့အခါမှာ ဈေးကြီးပေးနေရတယ်။ ကျွန်တော်သိရသလောက်တော့ အာရှတိုက်မှာ မြန်မာနိုင်ငံဟာ မြေသြဇာ ဈေးအကြီးဆုံးပဲ။ စိုက်ပျိုးတဲ့အခါမှာလည်း တရုတ်တို့ အိန္ဒိယတို့နဲ့ယှဉ်ရင် စိုက်ပျိုးမှုက ခေတ်မမီတော့တဲ့ အတွက်ကြောင့် အထွက်နှုန်းတွေလည်း နည်းတယ်။ စိုက်စရိတ်တွေလည်း ကြီးတယ်။ ပြန်ရောင်းကြတော့လည်း အာဏာရှိတဲ့လူနဲ့ ကုမ္ပဏီက ချုပ်ကိုင်ထားတော့ကျတော့ သူတို့ စိတ်ကြိုက်ဈေးနဲ့ ၀ယ်တဲ့အတွက်ကြောင့် ရောင်းတဲ့အခါကျတော့ ဈေးနည်းတယ်။ အဲဒါကြောင့် တောင်သူတွေ ရောင်းတဲ့အခါကျတော့ အရှုံးပေါ်ကြတာပေါ့"
ကြက်သွန်ကို ရေနံချောင်းမြို့နယ်မှာ အဓိက စိုက်ပျိုးနေကြပြီး ပခုက္ကူ၊ မြင်းခြံနဲ့ မြစ်သားမြို့နယ်တွေမှာလည်း စိုက်ပျိုးကြပါတယ်။ တဖြည်းဖြည်းဈေးနှုန်းများ ပြန်တက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တောင်သူတွေက အရှုံးခံပြီး စိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို ကြက်သွန်ဈေးတွေ ဆက်တိုက် ကျဆင်းအုံးမယ်ဆိုရင် နောက်နှစ်တွေမှာ စိုက်ပျိုးဖို့ မဖြစ်နိုင်တော့ဘူးလို့ စောစောက လယ်သမားက ပြောပါတယ်။

ဇာဂနာနဲ့အဖွဲ့ စင်္ကာပူမှာ အငြိမ့်ကမည်
ဇာဂနာနဲ့အဖွဲ့ စင်္ကာပူမှာ အငြိမ့်ကမည်
AFP
ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။
မြပုဏ္ဏမာအငြိမ့်မှာ ပင်တိုင်ပါဝင်ကြတဲ့ လူရွှင်တော်တွေနဲ့အတူ တခြားဝါရင့်
လူရွှင်တော်တွေလည်း ပါဝင်ကပြကြမယ်လို့ ကိုဇာဂနာက RFAကို ပြောပါတယ်။
ကိုဇာဂနာတို့ရဲ့ မြန်မာ့သင်္ကြန် အငြိမ့်ပွဲကို စင်္ကာပူနိုင်ငံ Kallang ကာလန်း ပြဇာတ်ရုံမှာ ကပြမှာဖြစ်ပြီး သင်္ကြန်သံချပ်တွေ ပါဝင်မယ်လို့ သိရပါတယ်။ ဆိုင်းဝိုင်းကိုတော့ မြန်မာပြည် ဟိန်းရာဇာအဖွဲ့က တီးမှုတ်ပေးမယ်လို့ ဆိုပါတယ်။
ပြည်ပကို သွားရောက်ပြီး အငြိမ့်ကပြ ဖျော်ဖြေတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။
ကိုဇာဂနာတို့ရဲ့ မြန်မာ့သင်္ကြန် အငြိမ့်ပွဲကို စင်္ကာပူနိုင်ငံ Kallang ကာလန်း ပြဇာတ်ရုံမှာ ကပြမှာဖြစ်ပြီး သင်္ကြန်သံချပ်တွေ ပါဝင်မယ်လို့ သိရပါတယ်။ ဆိုင်းဝိုင်းကိုတော့ မြန်မာပြည် ဟိန်းရာဇာအဖွဲ့က တီးမှုတ်ပေးမယ်လို့ ဆိုပါတယ်။
ပြည်ပကို သွားရောက်ပြီး အငြိမ့်ကပြ ဖျော်ဖြေတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
Subscribe to:
Posts (Atom)