မန္တလေး (မဇ္ဈိမ) ။ ။ နှစ်စဉ် ဝါခေါင်လတိုင်း အမရပူရမြို့နယ်တွင် ကျင်းပလေ့ရှိသော တောင်ပြုန်း နတ်ပွဲတော်၌ ယခုနှစ် ဈေးဆိုင်ခန်းများ ငှားရမ်းခမှာ ယမန်နှစ်ကထက် ငါးဆ မြင့်တက်ခဲ့သည်။
၂ဝ၁၁ ခုနှစ်က အစားအသောက်၊ အထည်အလိပ်နှင့် လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်ခန်း တခန်းလျှင် ပွဲတော် ကျင်းပသည့် သီတင်းတပတ်စာအတွက် ကျသင့်ငွေ ခြောက်သောင်းကျပ်သာ ရှိရာမှ ယခုနှစ်တွင် ကျပ်သုံးသိန်းအထိ
မြင့်တက်သွားသည်။