၂၀၁၄ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ကြတော့မယ်လို့ သိရတယ် ။
၂၀၁၅ ရွေးကောက်ပွဲအမီ ပြီးစီးနိုင်ပါက အလွန်ပင် နိုင်ငံအတွက် အထောက်အကူပြု မယ်လို့ ထင်ပါ တယ်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ရရှိဖို့ ပညာရေးဌာနက ဆရာ/မများ စွာပါဝင်ပြီး လူထုထဲကို ထဲထဲ ၀င်ဝင် ရောက်ရှိ ချဉ်းကပ်ခွင့်ရတဲ့ အခွင့်အရေးကြီးမို့ များစွာသော အခွင့်အရေးများလည်း ဖော်ဆောင်ခွင့် ရနိုင်မယ်လို့ ထင်ပါတယ်။ အချက်အလက် (Data) တွေ ရရှိလာတဲ့အခါ အချက်အလက်ဘဏ် (Data bank)က ကြိုတင်စီစဉ်ပြီး လ.၀.ကက ဆိုင်ရာလုပ်ငန်းတွေနဲ့ အခွန်ဆိုင်ရာကဏ္ဍတွေမှာ အများကြီး အထောက်အကူပြုနိုင်မယ်လို့ ထင်ပါတယ် ။