Thursday, August 15, 2013

MNL Cup ပြိုင်ပွဲဝင်အသင်းများကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထောက်ပံ့ ကြေးပေးမည်

စက်တင်ဘာလ ၁၄ ရက်မှ အောက်တို ဘာလ ၁၄ ရက်အထိ ကျင်းပပြုလုပ်မည့် MNL Cup2013 ပြိုင်ပွဲဝင်အသင်း ၁၆ သင်းကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထောက်ပံ့ကြေး ပေးမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောသည်။

MNL Cup ရှုံးထွက်ပြိုင်ပွဲသို့ မြန်မာနေရှင်နယ်လိဂ်အသင်း ၁၂ သင်းနှင့် MNL -2 မှ အသင်းလေးသင်း စုစုပေါင်း ၁၆ သင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အုပ်စုလေးစုခွဲ၍အုပ်စု ပတ်လည်စနစ်ဖြင့် ကစားမည် ဖြစ်သည်။ပြိုင်ပွဲကို ရန်ကုန်၊ မန္တလေး၊တောင်ကြီးမြို့များ၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်အသင်းအား သိန်း(၁၀၀)၊ ဧည့်သည်အသင်းအားသိန်း (၂၀) ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ဦးရဲမျိုးဟိန်းက ဆိုသည်။

"MNL Cup ပြိုင်ပွဲဝင်အသင်းတွေကို ပြိုင်ပွဲကျင်းပရေးကော်မတီက ထောက်ပံ့ကြေးပေးမှာပါ။ အိမ်ရှင်အသင်းကိုသိန်း ၁၀၀၊ ဧည့်သည်အသင်းကို သိန်း ၂၀ နှုန်းနဲ့ သတ်မှတ်ပေးမှာပါ။ ကွာတားအဆင့် ကနေစပြီး ပြိုင်ပွဲကို ရန်ကုန်မှာပဲ ကစားရတော့မှာပါ" ဟု ၎င်းက ပြောသည်။ ရှုံးထွက်ပြိုင်ပွဲတွင် ဆီးဂိမ်း (A)နှင့် (B) အသင်းများမှ လက်ရွေးစင် ကစားသမားများ၊ နိုင်ငံခြားသားကစားသမားများပါ ၀င်ခွင့်ရမည် မဟုတ်ဘဲ လူငယ်အသင်းမှ ကစားသမားငါးဦး ပါဝင်ခွင့်ရမည် ဖြစ်သည်။

မြန်မာနေရှင်လိဂ် အိမ်ကွင်းရှိသောအသင်းများအုပ်စုပွဲစဉ်များကို လက်ခံကျင်းပခွင့်ရမည် ဖြစ်သော်လည်း
ဇေယျာရွှေမြေ အသင်းက မုံရွာတွင် ပြိုင်ပွဲဝင်အသင်း လေးသင်းအတွက် ဟိုတယ်အလုံအ လောက် မရှိသဖြင့် အိမ်ရှင်လုပ်မည်မဟုတ်ဘဲ နေပြည်တော်အသင်း၏ အိမ်ကွင်းကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲသောအသင်းကို ဆုကြေးသိန်း (၂၀၀) ချီးမြှင့်မည်ဖြစ်ပြီး ဒုတိယရရှိသော အသင်းက သိန်း(၁၀၀) ရမည် ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။