Thursday, August 15, 2013

ဟောင်ကောင်နှင့် ခြေစမ်းမည့် လက်ရွေးစင်အသင်းကို ယခုတစ်ပတ်အတွင်း ဖွဲ့စည်းမည်

စက်တင်ဘာလ ၆ ရက်တွင် ရန်ကုန် မြို့ သုဝဏ္ဏကွင်း၌ ဟောင်ကောင်လက်ရွေးစင်နှင့် ခြေစမ်းပွဲအတွက် စီနီယာ လက်ရွေးစင်အသင်းကြီးကို ယခုတစ်ပတ်အတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

အဆိုပါပွဲစဉ်မှာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၏ ပြက္ခဒိန်အတိုင်း ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာ ခြေစမ်းပွဲဖြစ်ပြီး မူလက ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၃ အသင်း နှင့်ကစားရန် စီစဉ်ထားသော်လည်း မာဒေးကားပြိုင်ပွဲရှိနေသဖြင့် လက်ရွေးစင် အသင်းကြီးနှင့်ကစားရန် ပြောင်းလဲစီစဉ်ခဲ့ခြင်း ဖြစ်သည်။ "ဟောင်ကောင်နဲ့ပွဲကို လက်ရွေးစင်အသင်းကြီး နဲ့ ကစားမှာပါ။ ဆီးဂိမ်း (ခ) အသင်းနဲ့ကစားဖို့ ရည်ရွယ်ခဲ့သေးပေမယ့် လက်ရွေးစင်အသင်းကြီးအဆင့် ဖြစ်တာကြောင့် လက်ရွေးစင်နဲ့ပဲ ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ စီနီယာ အသင်းကြီးကို လာမယ့်တစ်ပတ်အတွင်း ဖွဲ့စည်းဖို့ရှိပါတယ်" ဟု ဦးစိုးမိုးကျော်က ဆိုသည်။ ဟောင်  ကောင် နှင့်ခြေစမ်းမည့် လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် နည်းပြများအဖြစ် ဦးကြည်လွင်နှင့် ဦးဆန်း ၀င်းတို့ကို လျာထားပြီး ဆွေးနွေးမှုပြုလုပ်နေကြောင်းလည်း ဦးစိုးမိုးကျော်က ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။