Saturday, July 27, 2013

တာမွေမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ခြောက်ဦးဒဏ်ရာရ


7.25.2

ယာဉ်သုံးစီး ဆင့်တိုက်မှု မြင်ကွင်းအား ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)

တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်တွင် ဇူလိုင် ၂၆ရက် နံနက် ၁၀ နာရီ ၀န်းကျင်ခန့်က ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပုံမှာ ၁၀၅ ဒိုင်နာဘတ်(စ်)ကားသည် ရန်ကင်း ဈေးကွေ့ဘက်မှ တာမွေငါးခွဆုံ မီးပွိုင့်သို့ ယာဉ်ကြောပြောင်းပြန် မောင်းနှင်လာရာ တစ်ဖက်ယာဉ်ကြောရှိ ကုမ္ပဏီဘောက်စ်ကားကို မျက်နှာချင်းဆိုင် ၀င်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ထိုသို့ တိုက်ခံရသော ကုမ္ပဏီ ဘောက်ကားမှ ရှေ့တွင်ရှိသော အိမ်စီးကား ဆူဇူကီးဆွစ်ကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့သူ ကိုစိုးသူရ၏ ပြောပြချက်အရ သိရသည်။

ယင်းသို့ ကားသုံးစီး ဆင့်တိုက်မှုကြောင့် ၁၀၅ ဒိုင်နာ ဘက်(စ်)ကားမှာ တုံးလုံးမှောက်သွားပြီး ကားပေါ်တွင်ပါသော သံဃာတော် သုံးပါး၊ ခရီးသည်တစ်ဦးနှင့် စပယ်ယာတို့မှာ ဒဏ်ရာများ ရသွားကြောင်း သိရှိရသည်။ ၁၀၅ ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။ ကျန်တိုက်ခံရသော ကုမ္ပဏီ ဘောက်ကားနှင့် အိမ်စီးကား(ဆွစ်)တို့တွင် ကုမ္ပဏီ ဘောက်ကားတွင်ပါသော အမျိုးသမီး တစ်ဦးသာ ဒဏ်ရာရရှိခဲ့သည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ငါးဦးကို အရေးပေါ် လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ မိနစ်ပိုင်းအတွင်း ပို့ဆောင်ခဲ့ပြီး၊ အသက်အန္တရာယ် စိုးရိမ်ရသော စပယ်ယာဖြစ်သူကို ယာဉ်တိုက်မှု ဖြစ်ပွားပြီး ချက်ချင်း နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ကိုယ်တွေ့မြင်သူများက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။