Wednesday, July 31, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ်ဇယားထွက်ပေါ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်၂၀၁၃ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုခွဲဝေမှုနှင့် ပွဲစဉ်ဇယား ပေါ်ထွက်လာပြီ ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် အာဆီယံဒေသတွင်း နိုင်ငံများအပြင် သြစတြေးလျ၊
ဂျော်ဒန်နှင့် ဂျပန်ယူ-၂၃ အသင်း တို့ကိုလည်း ဧည့်သည်အသင်းများအဖြစ် ဖိတ်ခေါ်ထားသည်။ 

အုပ်စုခွဲဝေမှုအရ အုပ်စု (က) တွင် သြစတြေးလျ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ ဂျော်ဒန် အသင်းများပါဝင်ပြီး အုပ်စု (ခ)တွင် အိမ်ရှင်မြန်မာ၊ ဂျပန်ယူ-၂၃၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းတို့ ပါဝင်သည်။

အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ နှင့်ပတ်သတ်၍ နည်းပြကုမာဒါက "အာဆီယံ ပြိုင်ပွဲမှာ အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်။ ဂျပန်ကပြန်လာပြီးကတည်းက အသင်းအနေအထားကို ကျေနပ်အားရပါတယ်။ ဆီးဂိမ်းအကြို
ပြိုင်ပွဲဖြစ်သလို အာရှထိပ်သီး ဂျပန်၊ သြစတြေးလျအသင်းတွေနဲ့ ကစားခွင့်ရမှာ ဖြစ်လို့ အတွေ့အကြုံကောင်းတွေ ရစေမှာပါ။ ဆီးဂိမ်းကအရေးကြီးသလို အာဆီယံ ပြိုင်ပွဲကလည်း အရေး ကြီးပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ပြိုင်ပွဲတစ်ခုချင်းစီကို အာရုံစိုက်ပြီး အောင်မြင်မှုရအောင် ကြိုးပမ်းမှာပါ"ဟု မဇ္ဈိမသို့ ပြောသည်။

၂၀၁၃ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲကို မူလကမန္တလေးမြို့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကွင်းသစ်
ဆောက်လုပ်မှု အချိန်မီမပြီးစီးနိုင်သဖြင့် ရန်ကုန်မြို့တွင်သာ ပြောင်းလဲကျင်းပရန် စီစဉ်ထားသည်။ 

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၀၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး မြန်မာ၊ ဗီယက်နမ်နှင့် သြစတြေးလျတို့က
နှစ်ကြိမ်စီ ဗိုလ်စွဲထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။