Thursday, July 25, 2013

မသင်္ကာသူကို စစ်ဆေးစဉ် ဆေးခြောက်နှင့် စိတ်ကြွဆေးများ ဖမ်းမိ

မသင်္ကာသူတစ်ဦးကို ရဲများကစစ်ဆေးကြည့်ရာမှ ဆေးခြောက်နှင့် စိတ်ကြွဆေးများ ဖမ်းဆီးရမိသည့်အမှုတစ်ခု ဇူလိုင် ၂၂ ရက်က ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။

ဗဟန်းရဲစခန်းမှ ဒုရဲအုပ်တင်လှိုင်နှင့် အဖွဲ့သည် တာဝန်ကျနယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် နံနက် ၂ နာရီ အချိန်တွင် အသက် ၂၀ အရွယ်လူငယ်တစ်ဦးကို တွေ့သဖြင့် စစ်ဆေးခဲ့ပြီး ထိုသို့ပေါ်ပေါက်ခဲ့ ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ရဲများက သံသယရှိသူသည် တာမွေမြို့ နယ်၊ ၁၆၅ လမ်းတွင်နေထိုင်သည့် အသက် ၂၀ အရွယ် ကိုသီဟဇော် ဆိုသူဖြစ်ပြီး သူ့ကျောပိုးအိတ်အတွင်းမှ သတင်းစာစက္ကူဖြင့် ထုတ်ထားသော ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက်ထုပ် လေးထုပ်နှင့် WY စိတ်ကြွဆေးပြားတစ်ပြားတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

ထိုသို့ဆေးခြောက်နှင့် စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိသဖြင့် သံသယရှိသူကို ဒုရဲအုပ်တင်လှိုင်ကပင် တရားလို ပြုလုပ်တိုင်တန်းပြီး ဗဟန်းရဲစခန်းက အမှုအမှတ် မယ (ပ)၇/၁၃ ဖြင့်အမှုဖွင့်ထားပြီး သူ့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးပုဒ်မ ၁၅/၁၉(က)ဖြင့် တရားစွဲမည်ဟု သတင်းထုတ်ပြန်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။