Wednesday, May 8, 2013

နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ဗုဒ္ဓခြေတော်ရာ ပျောက်ဆုံးမှု စုံစမ်းဆောင်ရွက်နေဆဲဖြစ်


buddishfoot-may8

ခိုးယူသွားသော ခြေတော်ရာအနီး အောက်ခြေခုံများ ပျက်စီးနေသော နိဗ္ဗာန်ရွာရှိ မတ်ရပ်ဘုရား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာအုပ်စု၊ ရွှေသာလျောင်းရွာ၊ ဘုရားတန်ဆောင်းတွင် ကိုးကွယ်ထားရှိသော နှစ်ပေါင်း ၁၀၀ ခန့် သက်တမ်းရှိ ဗုဒ္ဓခြေတော်ရာ ပျောက်ဆုံးမှုမှာ မေ ၆ ရက်တွင် တစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စုံစမ်းဆောင်ရွက်နေဆဲဖြစ်ကြောင်း နိဗ္ဗာန်ရဲစခန်းမှ စုံစမ်း သိရှိရပါသည်။

ဧပြီ ၆ ရက်နေ့က တရားစခန်းရက်နား နီးလို့ ဘုရားပန်း လှူခိုင်းရာကနေ ခြေတော်ရာ ပျောက်ဆုံးနေတာကို သိခဲ့ရတာ ဖြစ်ပါတယ်။ သိတဲ့နေ့မှာပဲ နိဗ္ဗာန်ခေတ္တစခန်းမှူးကို ခေါ်ပြီး ပြခဲ့ပါတယ်။ ဧပြီ ၁၉ ရက်နေ့ကတော့ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်" ဟု ဂေါပကအဖွဲ့မှ ဦးမြင့်သိန်းက ပြောကြားခဲ့သည်။


ခြေတော်ရာရဲ့ ဘေးမှာရှိတဲ့ ဘုရားဆင်းတုမှာက ၁၂၄၉ ခုနှစ်က တည်ခဲ့တယ်လို့ ကမ္မည်းပါရှိတဲ့အတွက် ခြေတော်ရာဟာလည်း နှစ်ပေါင်း ၁၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ခြေတော်ရာ ခိုးယူခံရတာကို သိတဲ့နေ့က စကျင်မတ်ရပ် ဘုရားတစ်ဆူမှာလည်း အောက်ခြေခုံတွေ ပျက်စီးနေတာ တွေ့ရ . . . . .

"ခြေတော်ရာရဲ့ ဘေးမှာရှိတဲ့ ဘုရားဆင်းတုမှာက ၁၂၄၉ ခုနှစ်က တည်ခဲ့တယ်လို့ ကမ္မည်းပါရှိတဲ့အတွက် ခြေတော်ရာဟာလည်း နှစ်ပေါင်း ၁၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ခြေတော်ရာ ခိုးယူခံရတာကို သိတဲ့နေ့က စကျင်မတ်ရပ် ဘုရားတစ်ဆူမှာလည်း အောက်ခြေခုံတွေ ပျက်စီးနေတာ တွေ့ရပြီး မတ်ရပ်ဘုရားကိုတော့ မသယ်နိုင်လို့ ချန်ထားခဲ့ပုံ ရပါတယ်။ အခြေပျက်စီးပြီးနောက် ကျောကဘုရားတစ်ဆူကို မှီလျက်ကျန်ခဲ့တဲ့ စကျင်မတ်ရပ် ဘုရားကိုတော့ ဘုန်းကြီးကျောင်းပေါ်ကို ပြောင်းရွှေ့ထားပါတယ်" ဟု ဦးမြင့်သိန်းက ဆက်လက်ပြောကြားခဲ့သည်။

ပျောက်ဆုံးသွားခဲ့သော နှစ်ပေါင်း ၁၀၀ ခန့် သက်တမ်းရှိ ခြေတော်ရာမှာ ကြေးဖြင့်ပြုလုပ် ပူဇော်ထားခြင်းဖြစ်ပြီး အလျား ၅ ပေခွဲ၊ အနံ ၃ ပေ၊ အချိန် ၈ ပိဿာခန့်ရှိကြောင်း သိရပါသည်။

အဆိုပါ အမှုအား ဧပြီ ၁၉ ရက်က နိဗ္ဗာန်စခန်းတွင် အမှုဖွင့်ခဲ့ကာ (ပ)၂၄။ ၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀၊ ၂၉၅ ဖြင့် လုပ်ထုံလုပ်နည်းနှင့်အညီ ဆက်လက်စုံစမ်း ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။