Wednesday, May 8, 2013

စစ်တွေမြို့နယ်အပြင် အခြားရခိုင် တိုင်းရင်းသား ကျေးရွာများရှိ ရခိုင်ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရ

rakhineminpyar-may8

မင်းပြားမြို့နယ်ရှိ  မီးရှို့ခံ တိုင်းရင်းသားများ နေထိုင်သော ယာယီတဲများအား တွေ့ရစဉ်

ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေမြို့နယ်အပြင် အခြားမြို့နယ်များရှိ တိုင်းရင်းသား ဒုက္ခသည်များ အနေဖြင့်လည်း နေအိမ်များ မရရှိသေးသကဲ့သို့ စားဝတ်နေရေးမှာလည်း လွန်စွာအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ပြည်နယ်အစိုးရ အနေဖြင့် နှစ်ဘက်ဒုက္ခသည်များကို မိုးမကျမီ နေအိမ်များ ဆောက်လုပ်ပေးရန် ပြင်ဆင်နေကြသော်လည်း တစ်ချို့သော နေအိမ်စွန့်ခွာလာခဲ့ရသည့် ဒေသခံ တိုင်းရင်းသားများသည် လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည့်အတွက် အိမ်မပြန်ရဲသည့်ပြင် သားငါးများ ရှာဖွေစားသောက်ရာတွင်လည်း အခက်အခဲများ ကြုံနေရကြောင်း သိရသည်။


မောင်တောဘက်တွင်လည်း နေအိမ်မရသေးသော မိသားစုများ ရှိနေသေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုလှုံလာကြသော မိသားစုများမှာလည်း နေအိမ်မရသေးဘဲ ဖြစ်နေကြကြောင်းနှင့် လတ်တလောတွင် ဘုန်းကြီးကျောင်းနှင့် အခြားနေရာများတွင် အဆင်ပြေသလို နေထိုင်လျက်ရှိ . . . . .

ယင်းနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် စက်ရုံမော်ကျေးရွာမှ သေကံကျေးရွာသို့ ပြောင်းရွှေ့လာခဲ့သော အိမ်ထောင်စု ၃၁ စု မှ လူဦးရေ ၁၄၉ ဦးတို့သည် အခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ရွာသားဦးမောင်ကျော်စိန်က "မနေ့က မိသားစုဆယ်စု စက်ရုံမော်ရွာကို ပြန်ပြောင်းတယ်။ ဖြစ်ကြောင်း သံသရာပေါ့ဗျာ။ လုံခြုံရေးရှိလို့ လာရတာပါ။ တကယ်တော့ ကျွန်တော့်တို့ ဒီဘက်ရွာမှာပဲ နေချင်တယ်။ အစိုးရက ပြောင်းမပေးလို့ ရွာပြန်နေတာပါ။ စားဝတ်နေရေးလည်း သိပ်အဆင်မပြေဘူး။ တချို့ကတော့ သေကံမှာ ကျန်ခဲ့တယ်။ သူတို့တွေပြောင်းလာ မလာတော့ မသိဘူး။ နေရာချထားပေးမယ်ဆိုရင် ဒီဘက်မှာ အိမ်ဆောက်ပြီး နေချင်တယ်။ ဘင်္ဂါလီရွာနဲ့ ခြံစည်းရိုးသာခြားတဲ့ နေရာမှာတော့ မနေချင်ဘူး။ သူတို့ပြန်ပြီး ပြဿနာရှာမှာကို စိုးရိမ်တယ်" ဟု ပြောဆိုခဲ့ပါသည်။

သို့သော်လည်း မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးမှ "သူတို့ဟာ ဒုက္ခသည် မဟုတ်တဲ့အတွက် အစိုးရအဖွဲ့က အခါအားလျော်စွာ ထောက်ပံ့ပေးနေပါတယ်။ သူတို့ကို နေရပ်ပြန်ပို့ပေးဖို့ ပြင်ဆင်နေပါတယ်။ မိသားစု ခြောက်စုလောက်တော့ ပြန်ရောက်သွားပြီ။ ဘင်္ဂါလီရွာနဲ့ ကပ်ရပ်ဖြစ်တဲ့အတွက် လုံခြုံရေးတွေလည်း ချထားပေးပါတယ်။ သူတို့ဟာ လက်လုပ်လက်စားတွေ ဖြစ်တဲ့အတွက် ရှာစားဖွေစားလို့ ရပါတယ်။ ဘာမှအခက်အခဲမှ မရှိပါဘူး။ နောက်တစ်ခုက ခြိတ်တောင်ရွာက ရခိုင်မိသားစု လေးစုကိုလည်း နေအိမ်တွေ ဆောက်လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။ ဆန်ထိုးတန်းရွာနဲ့ ကပ်ရပ်မှာ ရှိတာပါ။ အခုတော့ ရွက်ဖျင်တဲမှာပဲ နေနေကြပါတယ်။ မိုးမကျခင် အိမ်ဆောက်ပေးသွားမှာပါ" ဟု ပြောကြားခဲ့ပါသည်။ စစ်တွေမြို့နယ်အတွင်း နေအိမ်မရသေးသော မိသားစုများ ရှိနေသကဲ့သို့ မောင်တောဘက်တွင်လည်း နေအိမ်မရသေးသော မိသားစုများ ရှိနေသေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုလှုံလာကြသော မိသားစုများမှာလည်း နေအိမ်မရသေးဘဲ ဖြစ်နေကြကြောင်းနှင့် လတ်တလောတွင် ဘုန်းကြီးကျောင်းနှင့် အခြားနေရာများတွင် အဆင်ပြေသလို နေထိုင်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။