Saturday, May 11, 2013

မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့ နယ်သာလန်နှင့် အီတလီနိုင်ငံသို့ ထွက်ခွာ

နိုင်ငံတကာ ရွက်လှေပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့သည် နယ်သာလန်နှင့် အီတလီနိုင်ငံများသို့ မေလ ၉ ရက်နေ့က စတင်ထွက်ခွာသွားခဲ့သည်။

အားကစားသမားများအဖြစ် ဒေါက်တာစုမြတ်စိုး၊ နန်းခမ်းစေး၊ အောင်မြင်သူ၊ နိုင်လတ်ထွန်းတို့ လိုက်ပါသွားကြသည့် လက်ရွေးစင် ရွက်လှေအဖွဲ့သည် နယ်သာလန်နိုင်ငံ၌ မေ ၂၁ ရက်မှ ၂၅ ရက်ထိ ကျင်းပမည့် Delta Lloyd Regatia 2013 ရွက်လှေပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဇွန်လ ၈ ရက်မှ ၁၅ ရက်ထိ အီတလီနိုင်ငံ၌ ကျင်းပမည့် 470 Class Open European Championship ရွက်လှေပြိုင်ပွဲသို့ ဆက်လက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒီဇင်ဘာလတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မတိုင်မီ အတွေ့အကြုံကောင်းများ ရရှိစေရန် ယခုကဲ့သို့ နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့မှာ ဇွန် ၁၇ ရက်တွင် ဥရောပမှ ရန်ကုန်မြိုသို့ ပြန်လည် ရောက်ရှိမည်
ဖြစ်သည်။

ဆီးဂိမ်း၌ ရွက်လှေပြိုင်ပွဲများကို ငွေဆောင်ကမ်းခြေတွင် ကျင်းပမည် ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။