Saturday, May 11, 2013

မန်း၌ မိုးသီးမိုးရွာ

မန္တလေးမြို့အနှံ့အပြား၌ မေလ(၉)ရက်နေ့ နေ့လည် (၂း၀၀)နာရီဝန်းကျင်က မိုးရွာသွန်းရာ၌ မိုးသီးမိုး ၁၀ မိနစ်ခန့် ရွာချခဲ့သည်။

 

ပရုပ်လုံးခန့်ရှိသော မိုးသီးလုံးများဖြစ်ပြီး မိုးသီးရွာချမှုကြောင့် ပျက်စီးဆုံးရှုံးမှုတစ်စုံတရာမရှိဟု စုံစမ်းသိရသည်။

 

၂၀၁၃ ခုနှစ်တွင်အတွင်း မန္တလေး၌ ပထမဆုံးအကြိမ် မိုးသီးရွာခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်ကလည်း နှစ်ကြိမ်ခန့်
မိုးသီးများရွာချခဲ့သည်ဟု မြို့ခံတို့က ဆိုသည်။

 

မိုးသီးရွာခြင်းကြောင့် အပူချိန်မြင့်တက်လာနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်နားလည်သူတစ်ဦးက ခန့်မှန်း သည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။