Wednesday, April 3, 2013

Master နှင့် Visa Card များအား CB Bank ၏ POS စက်များတွင် အသုံးပြုငွေ ပေးချေနိုင်ပြီဖြစ်

ပြည်တွင်းသို့ လာရောက်ကြတဲ့ ဧည့်သည်များဟာ ဈေးဝယ်ခြင်း၊ တည်းခိုခြင်း စတဲ့ အရာတွေ အတွက် CB Bank ရဲ့ POS စက်တစ်လုံး တည်းမှာ

Master Card, Visa Cardတို့နဲ့ ငွေပေးချေမှုကို ပြုလုပ်နိုင်ပြီ ဖြစ်တယ်လို့ ဧပြီလ ၁ ရက်နေ့က ရန်ကုန်မြို့ ၂၃ လမ်းရှိ CB Bank ရုံးချုပ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Visa Card နဲ့ CB Bank ရဲ့ POS စက်မှာ ငွေပေးချေမှု စတင် အသုံးပြု နိုင်ကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။

 

CB Bank POS(Point of Sales) စက်တွေမှာ Master Cardကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက စတင် အသုံးပြုနိုင်တာ ဖြစ်ပြီး အခု ဧပြီလ ၁ ရက်နေ့မှ စတင်ကာ Visa Card နဲ့ပါ ငွေပေးချေ နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိ Master Card နဲ့ Visa Card တို့အတွက် POS စက်များကို စီးပွားရေး လုပ်ငန်းများ အချက်အခြာ ကျတဲ့နေရာ ၃၈ နေရာမှာ တပ်ဆင် ထားပြီး အသုံးပြုနိုင် နေပြီဖြစ်ပါတယ်။

 

ဒီလိုမျိုး Visa,Master Card တွေနဲ့ CB Bank ရဲ့ POS စက်တွေမှာ ငွေပေး ချေနိုင်နေပြီ ဖြစ်တဲ့ အတွက် စီးပွားရေး လုပ်ငန်းရှင်များနဲ့ ခရီးသွားလာရေး ကဏ္ဍတို့မှာ နှစ်ဖက်စလုံး တိုးတက်စေ လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် CB ဘဏ်အနေနဲ့ မကြာမီ မှာလည်း China Union Pay Card နဲ့ POS စက်မှာ ငွေပေးချေနိုင်ဖို့ စီစဉ်ဆောင်ရွက် လျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။