Wednesday, April 3, 2013

မဲဆောက်-မော်လမြိုင် လေယာဉ် ပြေးဆွဲရန် စီစဉ်

ထိုင်းနိုင်ငံ၊ မဲဆောက် အထူးစီးပွားရေးဇုန်နှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) တည်ထောင်ရေး အတွက် ပြင်ဆင်မှု တခုအဖြစ် Nok Air လေကြောင်းလိုင်းက မဲဆောက်နှင့် မြန်မာနိုင်ငံ၊ မော်လမြိုင်သို့
လေယာဉ် ခရီးစဉ် ပျံသန်း ပြေးဆွဲရန် စီစဉ်နေသည်။

ယင်းလေကြောင်း ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင် Somchainuek Engtrakul နှင့် အမှုဆောင်အရာရှိ Patee Sarasin တို့ဦးဆောင်ကာ Nok Air ၏ မဲဆောက်-မော်လမြိုင် ခရီးစဉ်အတွက် မတ်လ ၃၁ ရက်နေ့တွင် ကွင်းဆင်း လေ့လာမှု ပြုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ပါရှိသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြား နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန်အတွက် မဲဆောက် နယ်စပ်စခန်းကို အမြဲတမ်းဖွင့်လှစ်ရန် မကြာသေးမီက နှစ်နိုင်ငံ အစိုးရတို့ သဘောတူညီမှု ရခဲ့ကြပြီးနောက် ယခုလေကြောင်း လိုင်းသစ်ပြေးဆွဲရန် ဆောင်ရွက်ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် AEC စတင်ရေးအတွက် ဖြည့်ဆည်းရန်လည်း ရည်ရွယ်ထားခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။