Wednesday, April 24, 2013

ကိုရဲမင်းဦးအား ထပ်မံရုံးထုတ်

ရန်ကုန်(မဇ္ဈိမ)။    ။ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ရန်ကုန်အနောက်ပိုင်းခရိုင်
ကျောက်တံတားမြို့နယ်တရားရုံးတွင် ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက် နံနက် ၁၀း၃၀ နာရီ အချိန်တွင် မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခံရသော ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) မှ ကိုရဲမင်းဦးကို ရုံးထုတ်ခဲ့သည်။

ကိုရဲမင်းဦးအမှုအား လိုက်လံဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေဦးအောင်သိန်း ကလည်း ပုဒ်မ ၁၅၃(က) ဖြင့်တရားစွဲဆိုရခြင်းမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ ရွှေတိဂုံဘုရား တောင်ဘက်မုခ်
ကြေးသွန်းဘုရားအနီး အများပြည်သူအား လှုံ့ဆော်သော အမှုဖြင့် စွဲချက်တင်ထားကြောင်း ပြောသည်။

၎င်းက "သူ့ကိုပုဒ်မ ထပ်တိုးလိုက်တယ်ဆိုတာက ဘာကြောင့်လဲတော့ အတိအကျ မသိနိုင်ဘူး။ သူကိုယ်တိုင်
လည်း ရေရေရာရာမသိဘူးလို့ပြောတယ်။"လို့ ဆက်ပြောပါတယ်။

ကိုရဲမင်းဦးကို နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ပုဒ်မ ၅၀၅(ခ) ဖြင့် အရေးယူခဲ့ ပြီးနောက် ၊ အမျိုးစားတစ်ခုနှင့် တစ်ခု
ရန်ငြိုးထားစေရန် အားပေးအားမြောက်ပြုခြင်း၊ ဘာသာရေးအရသွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၁၃၅(က) ဖြင့်ထပ်မံ အရေးယူခဲ့သည်။ ကိုရဲမင်းဦးကို ယခုအကြိမ်အပါအ၀င် (၅) ကြိမ် ရုံးထုတ်ခဲ့ပြီး ကျောက်တံတား တရားရုံးတွင် ဒုတိယ အကြိမ်မြောက် ရုံးထုတ်ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။