Wednesday, March 6, 2013

ရခိုင်ပြည်နယ်အတွင်း ဘေးဒဏ်သင့် ဒုက္ခသည်များ ပြန်လည်နေရာချထားမှုနှင့် ရခိုင်ပြည်နယ် တုံ့ပြန်ရေးစီမံချက်အတွက် ရန်ပုံငွေ ဒေါ်လာ ၆၈သန်းကျော် တောင်းခံထားရာ လက်ရှိတွင် ဒေါ်လာ ၃၆သန်းသာ ရရှိထားသည်ဟု UNOCHA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် အသက်ကယ်အကူအညီများပေးရန် ကန်ဒေါ်လာ ၃၂သန်း လိုအပ်လျက်ရှိရာ အဖွဲ့အစည်းများ၌ ကယ်ဆယ်ရေး ပစ္စည်းများ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်းကိုလည်း ဖော်ပြပါရှိသည်။ ရခိုင်ပြည်နယ်သို့ နှစ်ရက်တာ ခရီးစဉ်အဖြစ်ရောက်ရှိနေသည့် ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး မစ္စတာအရှော့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ယခုကဲ့သို့ဆိုသည်။ “ မိုးတွင်းမှာ မိုးအရမ်းများတယ်ဆိုလို့ရှိရင် အရေးတစ်ကြီးဘာတွေလိုအပ်လဲဆိုတော့ ယာယီမိုးကာတဲနဲ့ နေနေကြတယ် ၊ ရေနဲ့သန့်ရှင်းမှု လုံလုံလောက်လောက်မရှိဘူး၊ မိုးကျလာနိုင်တဲ့အခါမှာ ရေမျြုပ်သွားနိုင်တဲ့ အခြေအနေ ပိုဆိုးဝါးသွားနိုင်တဲ့ ဒုက္ခသည်စခန်းတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့်ရှေ့ဆက် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုပြီးတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အန်ဂျီအိုတွေ သူတို့ဆောက်လုပ်ရမယ့် အိမ်တွေကို ဆောက်လုပ်ပေးဖို့ဖြစ်ပါတယ်၊ လတ်တလောအရေးကြီးနေတဲ့ ပြဿနာတစ်ခုရှိပါတယ်၊ အဲဒါက ဘာလဲဆိုတော့ ကောင်းမွန်တဲ့ အမိုးအကာမရှိတဲ့ သူတွေအတွက် ပထမဦးဆုံးစဉ်းစားတာ ဖြစ်ပါတယ်” ယခုလ ၄ရက်နေ့ က စစ်တွေဟိုတယ်၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် မစ္စတာအရှော့က ပြောသည်။ ရခိုင်ပြည်နယ်အတွင်း မိုးမကျမီ ယာယီမှီခိုစရာ နေရာများ အရေးတကြီးလိုအပ်နေပြီး တစ်ချို့နေရာများတွင် ပြန်လည် နေရာချထားရေးအပိုင်း၌ အရေးပေါ်လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ ပေါက်တောနှင့်မြေပုံမြို့ ရှိ ရခိုင်နှင့်ဘင်္ဂလီ ဒုက္ခသည်တို့မှာ ယာယီရွက်ဖျင်တဲဖြင့်သာ နေရာပေးထားရဆဲဖြစ်သည်။ နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ဒုက္ခသည်စုစုပေါင်း ၂၄၀၀၀ ကျော်အနက် တစ်ချို့မှာ မူလနေရာသို့ မပြန်ရဲကြဘဲ ဖြစ်နေကြောင်း သိရသည်။ “မပြန်ရဲဘူးဆိုတာ ကျမတို့ နေရာက ဘင်္ဂလီတွေနဲ့ နီးကပ်တော စိုးရိမ်လို့ပါ’’ဟု မြေပုံမြို့မှ ဒုက္ခသည်စခန်းမှ အမျိုး သမီးတစ်ဦးက ပြောပြသည်။ ဘင်္ဂလီဒုက္ခသည်များအတွက် စစ်တွေမြို့နယ် အုန်းတောကြီးတွင် ယာယီတဲ အလုံး၂၀၀ ကျော်ဆောက်လုပ်ပေးထားရာ ၂၀၁၂ခုနှစ် အောက်တိုဘာလမှ စပြီးစစ်တွေမြို့ပြင်တွင် တဲ ၆၇၃ လုံး၊ ဆောက်လုပ်ထားပြီး စစ်တွေမြို့နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၄၃,၀၀၀ ဦးအတွက် မှီခိုစရာ နေရာ ၁၁၃၅ လုံးဆောက်လုပ်ရန် ပြင်ဆင်နေသည်ဟုသိရသည်။ အလားတူ ပေါက်တောမြို့နယ်တွင် ယာယီတဲ အလုံး ၃,၀၀၀ လိုအပ်နေသည်ဟု UNHCRထုတ်ပြန်ချက်အရ သိရသည်။


ရခိုင်ပြည်နယ်အတွင်း ဘေးဒဏ်သင့် ဒုက္ခသည်များ ပြန်လည်နေရာချထားမှုနှင့် ရခိုင်ပြည်နယ် တုံ့ပြန်ရေးစီမံချက်အတွက်  ရန်ပုံငွေ  ဒေါ်လာ ၆၈သန်းကျော် တောင်းခံထားရာ  လက်ရှိတွင် ဒေါ်လာ  ၃၆သန်းသာ ရရှိထားသည်ဟု UNOCHA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင်  အသက်ကယ်အကူအညီများပေးရန် ကန်ဒေါ်လာ ၃၂သန်း လိုအပ်လျက်ရှိရာ အဖွဲ့အစည်းများ၌ ကယ်ဆယ်ရေး ပစ္စည်းများ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်းကိုလည်း ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ်သို့ နှစ်ရက်တာ ခရီးစဉ်အဖြစ်ရောက်ရှိနေသည့် ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး    မစ္စတာအရှော့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ယခုကဲ့သို့ဆိုသည်။

 မိုးတွင်းမှာ မိုးအရမ်းများတယ်ဆိုလို့ရှိရင်  အရေးတစ်ကြီးဘာတွေလိုအပ်လဲဆိုတော့ ယာယီမိုးကာတဲနဲ့   နေနေကြတယ် ၊ ရေနဲ့သန့်ရှင်းမှု လုံလုံလောက်လောက်မရှိဘူး၊ မိုးကျလာနိုင်တဲ့အခါမှာ ရေမျြုပ်သွားနိုင်တဲ့ အခြေအနေ ပိုဆိုးဝါးသွားနိုင်တဲ့ ဒုက္ခသည်စခန်းတွေနဲ့ပတ်သက်ပြီးတော့  ကျွန်တော်တို့်ရှေ့ဆက် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုပြီးတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အန်ဂျီအိုတွေ သူတို့ဆောက်လုပ်ရမယ့် အိမ်တွေကို ဆောက်လုပ်ပေးဖို့ဖြစ်ပါတယ်၊ လတ်တလောအရေးကြီးနေတဲ့ ပြဿနာတစ်ခုရှိပါတယ်၊ အဲဒါက ဘာလဲဆိုတော့   ကောင်းမွန်တဲ့ အမိုးအကာမရှိတဲ့ သူတွေအတွက် ပထမဦးဆုံးစဉ်းစားတာ ဖြစ်ပါတယ် ယခုလ ၄ရက်နေ့ က စစ်တွေဟိုတယ်၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် မစ္စတာအရှော့က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မိုးမကျမီ ယာယီမှီခိုစရာ နေရာများ အရေးတကြီးလိုအပ်နေပြီး တစ်ချို့နေရာများတွင်     ပြန်လည် နေရာချထားရေးအပိုင်း၌ အရေးပေါ်လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။

ပေါက်တောနှင့်မြေပုံမြို့ ရှိ ရခိုင်နှင့်ဘင်္ဂလီ ဒုက္ခသည်တို့မှာ ယာယီရွက်ဖျင်တဲဖြင့်သာ  နေရာပေးထားရဆဲဖြစ်သည်။

နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ဒုက္ခသည်စုစုပေါင်း ၂၄၀၀၀  ကျော်အနက် တစ်ချို့မှာ မူလနေရာသို့ မပြန်ရဲကြဘဲ ဖြစ်နေကြောင်း သိရသည်။

မပြန်ရဲဘူးဆိုတာ ကျမတို့ နေရာက ဘင်္ဂလီတွေနဲ့ နီးကပ်တော စိုးရိမ်လို့ပါ’’ဟု မြေပုံမြို့မှ ဒုက္ခသည်စခန်းမှ အမျိုး သမီးတစ်ဦးက ပြောပြသည်။

ဘင်္ဂလီဒုက္ခသည်များအတွက် စစ်တွေမြို့နယ်  အုန်းတောကြီးတွင် ယာယီတဲ အလုံး၂၀၀ ကျော်ဆောက်လုပ်ပေးထားရာ  ၂၀၁၂ခုနှစ် အောက်တိုဘာလမှ စပြီးစစ်တွေမြို့ပြင်တွင်  တဲ ၆၇၃ လုံး၊ ဆောက်လုပ်ထားပြီး စစ်တွေမြို့နေရပ်စွန့်ခွာ တိမ်းရှောင်သူ  ၄၃,၀၀၀ ဦးအတွက် မှီခိုစရာ နေရာ ၁၁၃၅ လုံးဆောက်လုပ်ရန် ပြင်ဆင်နေသည်ဟုသိရသည်။

အလားတူ ပေါက်တောမြို့နယ်တွင် ယာယီတဲ အလုံး ၃,၀၀၀ လိုအပ်နေသည်ဟု UNHCRထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။