Wednesday, March 6, 2013

အမှတ်(၃) ရွာမ သံမဏိ စက်ရုံ၌ မီးလောင်ကျွမ်းမှုဖြစ်ပွား


အင်းစိန်မြို့နယ်အတွင်း တတိယအကြိမ်မြောက် မီးလောင်မှုအဖြစ် မတ်လ( ၆) ရက်နေ့၊ မနက် ၁၀: ၅၀ ၀န်းကျင်က   အင်းစိန်မြို့နယ် အမှတ်(၃) ရွာမ သံမဏိ စက်ရုံတွင် မီးလောင်မှုကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါ မီလောင်ကျွမ်းမှုအတွက် မီးသတ်ယာဉ် (၅၆) စီး၊ အုပ်ချုပ်ယာဉ် (၆) စီး၊ မီးသတ်စက်ယာဉ် ( ၂ ) စီး၊ အထောက်အကူယာဉ် ( ၁) စီး စုစုပေါင်း (၆၅) စီးဖြင့် ငြိမ်းသတ်ခဲ့ကြောင်းသိရသည်။

 “ အခုက ၂၀၁၃ ခုနှစ်မှာ ဒုတိယအကြိမ် မီးလောင်တာပါ၊ ကျွန်တော်တို့တွေ မီးလောင်တယ်လို့ ၉ နာရီခွဲ လောက်မှာ သတင်းရတာပါ၊ မီးသတ်ဦးရေပျမ်းမျှ ၂၀၀ နီးပါးရှိတယ်၊ မြို့နယ်အစုံက မီးသတ်တွေ လာတယ်၊ ဗဟိုကပါ လာကြတာဟု ဗဟို မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၂ ဇန်န၀ါရီလ (၆)ရက်နေ့က ပထမအကြိမ်၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ( ၂) ရက်နေ့တွင် ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပြီး  ၂၀၁၃ ခုနှစ်၊ မတ်လ(၆)ရက်နေ့က တတိယအကြိမ်မြောက်အဖြစ် မီးလောင်ခဲ့ခြင်း ဖြစ် သည်။

 ကျွန်တော့် အလုပ်နားရက်မှာ ဖြစ်တာဆိုတော့ အသေးစိတ်တော့ မသိဘူး၊ ကားတွေက သူ့ဟာသူ ထပေါက် တယ်လို့ ပြောကြတယ်၊ အခု စက်ရုံက အရေးတကြီး ခေါ်လို့ လာစောင့်နေရတာပါ ဟု သံမဏိ တစ်ရုံမှ ၀န်ထမ်း တစ်ဦးမှ ပြောသည်။

 အခုမီးလောင်မှုက အပူလွန်ပြီး လောင်တာပါ၊ ရာသီဥတု လည်း ပူတယ်၊ ပြီးတော့ ကားဟောင်းတွေမှာလည်း ဆီကျန်တွေ ရှိနေသေးတော့ မီးလောင်ဖို့ ပိုလွယ်သွားတာပါ၊ မီးလောင်ဖို့လွယ်တဲ့ ဆိုဖာတို့ တာယာတို့ ကလည်း ရှိနေတော့ ပိုဆိုးသွားတာ၊ ကားတွေက နှစ်ထပ်လောက်ပဲ ထပ်သင့်တယ်၊ အခုက အမြင့်ကြီး ပုံထားတော့ မီးသတ်ရတာ အခက်အခဲရှိတယ် ဟု ဗဟိုမီးသတ်မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။