Wednesday, March 6, 2013

ရန်ကုန်မြို့ အပါအ၀င် အခြားမြို့ကြီးများ၌ အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင်အာရုံ ချို့တဲ့စေသော ရောဂါများ ဖြစ်ပွားနိုင်သည့် ခရမ်းလွန်ရောင်ခြည်အဆင့် ၁၃ နီးပါးအထိ ရှိနေ


ရန်ကုန်မြို့ အပါအ၀င် အခြားမြို့ကြီးများ၌ အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင်အာရုံ ချို့တဲ့သည့် ရောဂါများ ဖြစ်ပွားနိုင်သည့် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၃) နီးပါး ကျရောက်နေကြောင်း “ရင်ထဲက အမွေ” သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲတွင် မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ဆိုပါသည်။


အညွှန်းကိန်း ၈၊ ၉၊ ၁၀၊ ၁၁ အထိ သက်ရောက်ပါက အရေပြားဆိုင်ရာ ရောဂါများ၊ အမြင်အာရုံ ချို့တဲ့သည့် ရောဂါများနှင့် ၁၃၊ ၁၄ အထိ သက်ရောက်ပါက သားသမီး မရနိုင်သည့် ရောဂါများအထိ သက်ရောက်နိုင်ေ
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း (၈) နှင့် အထက်ကို လူအသက် အန္တရာယ်ကို ထိခိုက်နိုင်သည့် အဆင့်အဖြစ် သတ်မှတ်ထားသည်။
ထိုသို့ အညွှန်းကိန်း ၈၊ ၉၊ ၁၀၊ ၁၁ အထိ သက်ရောက်ပါက အရေပြားဆိုင်ရာ ရောဂါများ၊ အမြင်အာရုံ ချို့တဲ့သည့် ရောဂါများနှင့် ၁၃၊ ၁၄ အထိ သက်ရောက်ပါက သားသမီး မရနိုင်သည့် ရောဂါများအထိ သက်ရောက်နိုင်ကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ရန်ကုန်မြို့၌ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအမှတ် ၁၂ ဒသမ ၈ အထိ ကျရောက်ခဲ့ပြီး ကော့သောင်းမြို့တွင် ၁၃ ဒသမ ၂၊ ထားဝယ်မြို့တွင် ၁၃ ဒသမ ၂၊ ပုသိမ်မြို့တွင် ၁၃ ဒသမ ၁၊ နေပြည်တော်တွင် ၁၁ ဒသမ ၇၊ မော်လမြိုင်မြို့တွင် ၁၂ ဒသမ ၈၊ ဘားအံမြို့တွင် ၁၂ ဒသမ ၈၊ လွိုင်ကော် ၁၂ ဒသမ ၄ ၊ တောင်ကြီးတွင် ၁၂ ဒသမ ၀ အထိ အသီးသီး ကျရောက်ခဲ့သည်။
“မနှစ်က မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုက အဆင့် ၁၀၊ ၁၁ ပဲရှိတယ်။ ဒီနှစ်မှာ ၁၃ အထိ ရှိလာတယ် ဆိုတော့ ပိုများလာတယ်လို့ ဆိုနိုင်တယ်။ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာပါ ခရမ်းလွန်ရောင်ခြည် အဆင့် ၁၃ နီးပါး ကျရောက်နေတယ်” ဟု ဦးထွန်းလွင်က ပြောသည်။
“နေကထွက်လာတဲ့ ခရမ်းလွန်ရောင်ခြည်က စွမ်းအင်မြင့်တဲ့အတွက် လူတွေနဲ့ထိရင် အန္တရာယ်ရှိတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ကို အန္တရာယ်ရှိသော ရောင်ခြည်များလို့လည်း ခေါ်တယ်။ ဒါတွေကို လူသားတွေဆီ မရောက်အောင် သဘာဝတရားက လေထုထဲမှာ ကာကွယ်ပေးထားတာ ရှိတယ်။ အဲဒါက အိုဇုန်းလွှာပဲ။ ကမ္ဘာမှာ ဓာတ်ငွေ့ထုတ်လုပ်မှု များလာတဲ့အတွက် အိုဇုန်းလွှာက ပေါက်သွားပြီ။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်က ကမ္ဘာကို တိုက်ရိုက်ထိလာပြီ” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်၏ အညွှန်းကိန်းကို ၂၀၁၂ ခုနှစ်တွင် စတင်တိုင်းတာခဲ့ခြင်း ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်၏ အညွှန်းကိန်းကို တိုင်းတာရာတွင် သုညမှ ၃ အထိကို အနိမ့်စား၊ အဆင့် ၄ မှ ၇ အထိကို အသင့်အတင့်၊ ၈နှင့် အထက်ကို အန္တရာယ်ရှိ အဆင့်အဖြစ် သတ်မှတ်ထားသည်။
“ခရမ်းလွန်ရောင်ခြည် သက်ရောက်မှု အများဆုံး အချိန်က မွန်းတည့်ချိန်ပေါ့။ တစ်နေ့လုံး မဟုတ်ပါဘူး။ မွန်းတည့်ချိန်ကို ရှေ့တစ်နာရီ နောက်တစ်ရီဆိုတော့ နံနက် ၁၁ နာရီကနေ မွန်းလွဲ၂ နာရီလောက် အထိကို နေပူထဲသွားလာတာတွေ သတိပြုပါ။ အကာအကွယ်မဲ့ မသွားပါနဲ့။ ထီး၊ နေကာမျက်မှန်၊ အင်္ကျီ ထူထူ စတာတွေကို ၀တ်ဆင်သင့်ပါတယ်၊ အညွှန်းကိန်း ၉ အထက် အဆင့်က အမြင်အာရုံ ချို့ယွင်းတာတွေ၊ အရေပြားဆိုင်ရာ ပြဿနာတွေ သတိပြုသင့်တယ်” ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံးလဖြစ်ပြီး မေလ၀န်းကျင်အထိ အပူချိန်မြင့်မားမှုဒဏ်ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။