
ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင် ရာဇာဝင်းသိန်း ဧရာဝတီအသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်နေစဉ်
၂၀၁၃ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆)ကို ပြီးခဲ့သည့် မတ်လ (၂၃)ရက်က ပြန်လည် ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။
ယင်းပွဲစဉ်တွင် လက်ရှိချန်ပီယံ ရန်ကုန်အသင်း ရှုံးပွဲကြုံတွေ့ခဲ့ပြီး KBZ အသင်းနှင့် ရတနာပုံအသင်းတို့ သရေကျသွားသည်။
အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန်အသင်းမှာ ဧရာဝတီအသင်းကို ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲသည်။ ဧရာဝတီအသင်းအတွက် ဂိုးများကို နန္ဒလင်းကျော်ချစ်က နှစ်ဂိုး နေလင်းထွန်းက တစ်ဂိုးတို့ သွင်းယူခဲ့ပြီး ဆီဇာက ရန်ကုန် အတွက် ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့သည်။
KBZ နှင့် ရတနာပုံတို့ပွဲတွင် KBZ အသင်းက အင်ယောင် သွင်းယူသောဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အသစ်ခေါ်ယူထားသည့် ကင်မရွန်း တိုက်စစ်မှူး ဒန်နီရယ်က ရတနာပုံအတွက် ချေပဂိုး ပြန်လည် သွင်းယူခဲ့သည်။
ဇေယျာရွှေမြေအသင်းမှာ ရခိုင်အသင်းကို အိမ်ကွင်း၌ ၆-၃ ဂိုးဖြင့် အနိုင်ယူကာ ရမှတ် ၁၅ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ မကွေးနှင့် ဟံသာဝတီတို့ပွဲတွင် ဂိုးမရှိ သရေကျ ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။