Sunday, February 17, 2013

သီရီလင်္ကာ ရေပိုင်နက် သင်္ဘောပေါ်မှ မြန်မာ ၃၂ ဦး ကယ်တင်ရရှိခဲ့

နယူးဒေလီ (မဇ္ဈိမ)။   ။ သီရိလင်္ကာနိုင်ငံ အရှေ့ဘက်ပိုင်းရှိ အိန္ဒိယ သမုဒ္ဒရာအတွင်း သင်္ဘောတစင်းပေါ်ရှိ
မြန်မာနိုင်ငံသား ၃၂ ဦးကို သီရိလင်္ကာ ရေတပ်မှ စနေနေ့ နေ့လည်ပိုင်းတွင် ကယ်တင်နိုင်ခဲ့သည်။

ကယ်တင်ရရှိခဲ့သော ထိုလူစုထဲတွင် လေးဦးမှာ ကျန်းမာရေးအရ အလွန်စိုးရိမ်ရသည့် အခြေအနေတွင်
ရှိကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူ တပ်မှူး Kosala Warnakulasriya အား ကိုးကား၍ Daily Mirror သတင်းတရပ်တွင် ရေးသားထားသည်။


ထိုသင်္ဘောကို တနင်္ဂနွေနေ့တွင် ကမ်းသို့ သယ်ဆောင်လာနိုင်မည်ဟုလည်း သိရသည်။

ထို့အတူ ဇန်နဝါရီ လကုန်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂၇ ဦးနှင့် မြန်မာ ၁၁ ဦးတို့ကိုလည်း သီရိလင်္ကာ ရေတပ်မှ ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်း ကတည်းက မလေးရှားနိုင်ငံသို့ ဦးတည်ထွက်ခွါလာကြသူများဖြစ်ကာ ပင်လယ်ပြင်တွင် မျောနေခဲ့ကြခြင်းဖြစ်သည်ဟု စုံစမ်းလေ့လာမှုများက

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။