Saturday, February 9, 2013

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန် ADB ကူညီမည်

ရန်ကုန်(မဇ္ဈိမ)။        ။ မြန်မာနိုင်ငံ၏ မြစ်ကြီး သုံးစင်း မှ ရေချိုများအား အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့်
ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် မြစ်ကြောင်းထိန်းသိမ်းရေးကိစ္စများအတွက်  ADB က ဝိုင်းဝန်း ကူညီမည်ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်မှ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဌ MR. HARUHIKO KUR0DA ဦိးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ဖေဖေါ်ဝါရီ ၇ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ လက်ခံတွေ့ဆုံစဉ်။ (ဓာတ်ပုံ - နိုင်ငံတော်သမ္မတ ဝက်ဘ်ဆိုဒ်)

သမ္မတ ဦးသိန်းစိန်မှ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဌ MR. HARUHIKO KUR0DA ဦိးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖေါ်ဝါရီ ၇ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ လက်ခံတွေ့ဆုံစဉ်။ (ဓာတ်ပုံ - နိုင်ငံတော်သမ္မတ ဝက်ဘ်ဆိုဒ်)


အဆိုပါ ကိစ္စအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)  ဥက္ကဌ MR. HARUHIKO KUR0DA ဦိးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဖေဖေါ်ဝါရီ၇ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြ ပါရှိသည်။

ထိုအပြင် စားနပ်ရိက္ခာ ထုတ်လုပ်မှုတွင်  အရေးပါသည့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသဖွံ့ဖြိုးရေး အတွက် ကူညီဆောင်ရွက်ရေး၊ အိန္ဒိယ -မြန်မာ - ထိုင်း မော်တော်ကားလမ်း ဖေါက်လုပ်မှု၊ မြန်မာ-လာအို မဲခေါင်
မြစ်ကူးတံတား ဆောက်လုပ်မှုနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများတွင် ADB က ကူညီိ
ဆောင်ရွက်ရန်တို့ ဖြစ်သည်။                      

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် အခြေ ခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ဆက်သွယ်ရေး လမ်းကြောင်းများ ဖွံ့ဖြိုးမှုနှင့် ရေရှည်စွမ်းအင် ဖွံ့ဖြိုးမှုတို့အတွက် ADBက နည်းပညာနှင့် ငွေကြေး အကူအညီများ ပံ့ပိုးရန်တို့ကို ဆွေးနွေးသည်ဟု အဆိုပါ ယနေ့ထုတ် သတင်းစာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိ  လုပ်ကိုင်နေသော လျှပ်စစ်စီမံကိန်းများအနက် JVA အဆင့် ၄ခု၊ MOA အဆင့် ၂၅ခု၊ MOU အဆင့်  ၂၀တို့ရှိနေပြီးဖြစ်သည်။

ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းများအနေဖြင့် MOU အဆင့်သုံးခုရှိပြီး ဖြစ်သည်။ လေစွမ်းအင် သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စီမံကိန်းများအနေဖြင့် MOU အဆင့်သုံးခုတို့ကို ဆောင်ရွက်ထားပြီး သည်။

ကိုးလတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းခုနှစ်ရာကျော်ရှိလာ

ရန်ကုန်(မဇ္ဈိမ)။      ။ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်၏ ကိုးလတာ ကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ မျိုးစုံတွင် ပြည်ပနိုင်ငံများက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု အဖြစ်လာရောက် မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၇၉၄သန်းကျော် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

"ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ရက်ကနေ ဒီဇင်ဘာ ၃၁ရက်အထိ ကိုးလတာအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပြည်ပနိုင်ငံတွေကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖြစ် အမေရိကန်ဒေါ်လာ ၇၉၄.၃၄၅ သန်းရှိလာပါတယ်" ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများညွှန်ကြားမှု ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က အတည်ပြု ပြောကြားသည်။

၎င်းက "နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဖြစ် အများဆုံး ၀င်ရောက် လုပ်ကိုင်သည့် လုပ်ငန်းတွေက လုပ်သား အင်အားအများစု အသုံးပြုရတဲ့ လက်ခစားလုပ်ငန်းများ ပါဝင်ပါတယ်" ဟု ပြောသည်။

လက်ခစားစနစ်ဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများမှာ  အထည်ချူပ်လုပ်ငန်းတွေ ဆံပင်တုထုတ်လုပ်တဲ့ လုပ်ငန်း၊ သစ်ပါးလွှာ အထပ်သားထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ငါးမျှားချိပ် ထုတ်လုပ်တဲ့ လုပ်ငန်း၊ ကွန်ကရစ်နဲ့ ဘလောက်တုံး ထုတ်လုပ်တဲ့ လုပ်ငန်းတွေလည်း ပါဝင်တယ်ဟု ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင် က ပြောသည်။

ထို့အပြင် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ကျန်းမာရေးပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်း၊ တိရိစ္ဆာန်အစာ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ အိုင်တီလုပ်ငန်း၊ လျှပ်စစ်ဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်း၊ အသင့် သောက်ဖျော်ရည် လုပ်ငန်း၊ ဆံပင်ပြုပြင် ထိန်းသိမ်းခြင်းဆိုင်ရာ ကုန်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်း၊ အရက်ဆိုင် ယမကာ ထုတ်လုပ်ငန်း စသည်လုပ်ငန်းများ ပါဝင်ကြောင်း ဦးကျော်ဇောမောင်မှ ရှင်းပြခဲ့သည်။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေး နှစ် ကိုးလတာကာလအတွင်း  မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းမျိုးစုံတွင် နိုင်ငံခြား ကုမ္မဏီပေါင်း ၆၂ ခု ဝင်ရောက် လုပ်ကိုင်ခဲ့သည်။

ဘတ်စ်ကားပေါ်က ခါးပိုက်နှိုက်များ ဖမ်းဆီး