Tuesday, January 22, 2013
အစိုးရ ထုတ်ပြန်ချက်မှာ တဖက်သတ် ဝါဒဖြန့်ခြင်းသာဖြစ်ဟု UNFC ဝေဖန်
စံခလပူရီ (မဇ္ဈိမ)။ ။ ကချင် လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/KIA) နှင့် ပတ်သက်သည့် အစိုးရ သတင်း
ထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်သည် တဖက်သတ် ဝါဒဖြန့်ချိရေးလုပ်ရပ်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။
"အစိုးရတပ်တွေက လူ့အခွင့်အရေး အကြီးအကျယ် ဖောက်တယ်။ အဲဒါတွေက တလုံးမှ မပြောဘူး။ KIO/KIA တပ်တွေက တံတားချိုးတာ၊ လမ်းဖျက်တာ၊ လုယက်တာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာ အဲဒီကို လျှောက်
ပြောတာကိုး။ ဒါတွေက လူထုတွေ မုန်းတီးအောင် မျက်စိလည်အောင် လုပ်တာပဲ။ အဲဒါက တဖက်ကို အပြစ်တင်
ပြီးတော့ သူတို့တိုက်တာက မှန်တယ်ဆိုတာ ထောက်ပြချင်တာ။ ဒါတွေဟာ နာဇီဝါဒပဲ" ဟု UNFC ဒု-ဥက္ကဋ္ဌ၊ လူထု
ဆက်ဆံရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် စောဒေးဗစ် သာကပေါ က မဇ္ဈိမကို ပြောသည်။
အစိုးရ၏ ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည့် "မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက်ထိုးစစ်
ဆင်ခြင်း တိုက်ခိုက်ခြင်း မပြုရန် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတား ဖောက်ခွဲဖျက်ဆီးမှု ၁၂၂ ကြိမ်၊ မိမိတပ်စခန်းများအား လာရောက်နှောင့်ယှက် ပစ်ခတ်ခြင်း ၆၄ ကြိမ်၊ အရပ်သားများ မိုင်း နင်းမိခြင်း ၃၀ ကြိမ်၊ လုယက်ဖျက်ဆီးခြင်း ၆၀ ကြိမ်၊ လူသစ် စုဆောင်းခြင်းနှင့် အဓမ္မ ဖမ်းဆီးခြင်း ၂၈ ကြိမ် ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း ၁၀၉၅ ကြိမ် ဖြစ်ပွားခဲ့ကာ အရာရှိစစ်သည် အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်" ဟူသည်ကို UNFC က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
စစ်ပွဲများ ဖြစ်ပွားလာပါက ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ရခြင်းသည် စစ်ပွဲ၏ သဘောတရားသာ
ဖြစ်သည်ဟု စောဒေးဗစ် သာကပေါ က ဆိုသည်။
ထို့အတူ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ကလည်း အဆိုပါ အစိုးရ သတင်းထုတ်ပြန်ရေး
အဖွဲ့၏ ထုတ်ပြန်ချက်သည် ငြိမ်းချမ်းရေးကို ရှေးရှုသည့် လုပ်ရပ် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
"ဒီထုတ်ပြန်ချက်ဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှုတဲ့၊ တနိုင်ငံလုံး အတိုင်း
အတာနဲ့ ဆက်စပ်ပြီးတော့ လွှမ်းခြုံနိုင်တဲ့၊ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်တဲ့ သဘောထားမျိုးလို့ ကျနော်တို့ လက်ခံလို့ မရဘူး။ စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ report တွေ၊ ဖြစ်စဉ်လောက်ကိုပဲ ထုတ်ပြန်တဲ့ သဘော
ထားလို့ ကျနော်တို့ သုံးသပ်တယ်" ဟု NCUB တွဲဖက် အတွင်းရေးမှူး ဦးမြင့်သိန်း က ဆိုသည်။
သတင်းထုတ်ပြန်ချက်သည် ကချင်ဒေသ တခုလုံးကို အပစ်အခတ် ရပ်စဲခြင်း မဟုတ်ဘဲ လဂျားယန်ဒေသ တခုကို
သာ အပစ်ရပ်သဘော သက်ရောက်ကြောင်းလည်း UNFC နှင့် NCUB တို့က ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကမူ လဂျားယန် ဒေသတွင်မကဘဲ ကချင်ဒေသတခုလုံး စစ်ဆင်ရေးများ လျှော့ချရန် လိုလားကာ အစိုးရကြေညာချက်မှ အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ထားပြီး အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကောမတီနှင့် ဆွေးနွေးပွဲများကိုမူ KIO နှင့် ဆွေးနွေးမည့်အစား UNFC နှင့်သာ
ဆွေးနွေးသင့်ကြောင်း ကြေညာထားသည်။
လက်ရှိအစိုးရ၏ လုပ်ရပ်မှာ လွန်ခဲ့သည့် ၁၈ နှစ်ခန့်က ကရင်အမျိုးသား အစည်းအရုံး (KNU) အား အထီးကျန်
အောင် လုပ်ဆောင်သကဲ့သို့ KIO/KIA အား လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု UNFC က ထောက်ပြပြောဆိုသည်။
"အဲဒီတုန်း (၁၉၉၄ ခုနှစ်ဝန်းကျင်) က မြောက်ပိုင်း တောက်လျှောက်ပေါ့ဗျာ။ KIO တို့၊ ကရင်နီ တို့ကလည်း လွယ်လွယ်နဲ့ လက်မှတ်ထိုးသွားတယ်။ နောက်ဆုံး (၁၉၉၅ ခုနှစ်)မှာ မွန် (NMSP) လည်း လက်မှတ်ထိုးလိုက်တယ်။ KNU တဖွဲ့ပဲ ကျန်ခဲ့တယ်လေ။ KNU ကို အထီးကျန်အောင် အစိုးရက လုပ်ခဲ့တယ်။ အခုလည်း ဒီဘက်မှာ လွယ်လွယ်နဲ့ လက်မှတ်ထိုးလိုက်ကြတာပဲ။ စီးပွားရေးတွေ ဘာညာ မက်လုံးပေးပြီး လက်မှတ်ထိုးကြတာပေါ့ဗျာ။ ကချင်ကျတော့ အထီးကျန်တဲ့သဘော ဖြစ်နေတယ်။ ဒါ သူတို့ (အစိုးရ)ရဲ့ သေနင်္ဂဗျူဟာလို့ ကျနော်တို့ ယူဆတယ်" ဟု ဗဒိုစောဒေးဗစ်သာကပေါ က သုံးသပ်သည်။
KIO/KIA အပေါ် အစိုးရတပ်၏ ထိုးစစ်ဆင်မှု မရပ်မချင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် မဟုတ်ကြောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် UNFC က သဘောထား ထုတ်ပြန်ထားသည်။

နေ့ခြင်းပြီး ဝန်ဆောင်မှုဖြင့် နိုင်ငံကူးနှင့် သက်သေခံကဒ်များ ထုတ်ပေးသွားမည်
ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူး လက်မှတ်နှင့် သက်သေခံကဒ်များ ထုတ်ပေးနိုင်ရေးကို ၂၀၁၃ မေလအထိ တိုးချဲ့ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ဗန်ကောက်ရှိ မြန်မာသံရုံးမှ ၀န်ထမ်းတဦးက ပြောသည်။
တရားဝင်နှင့် တရားမ၀င်ပါ မြန်မာ အလုပ်သမားများ၏ အသက်(၁၅)နှစ်အောက် သားသမီးများအား နိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်ရှိမည့် C of I (Certificate of Identity) ခေါ် သက်သေခံ အထောက်အထားများအား ထုတ်ပေးနိုင်ရေးနှင့် မှတ်ပုံမတင်ရသေးသည့် တရားမ၀င် အလုပ်သမားများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေး နိုင်ရေးကို လုပ်ဆောင် ပေးသွားမည်ဟု သိရသည်။
"ဇန်နဝါရီ ၁၅ ကနေ ဖေဖော် ဝါရီ (၁၅) ထိဟာ Registration လုပ်တဲ့ ကာလ၊ ဖေဖော် ဝါရီ (၁၅) ကနေ မေ (၁၅) လောက် အထိက လုပ်ဆောင် ပေးမယ့် ကာလလို့ ကျွှန်တော်တို့ သတ်မှတ်ပြီး လုပ်ဆောင် ပေးသွားဖို့ အစီအစဉ် ရှိပါတယ်" ဟု ဗန်ကောက် မြန်မာ သံရုံးမှ သံဝန်ထမ်း တစ်ဦးမှ မဇ္ဈိမအား ပြောသည်။
ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာ ၁၄ ရက်နေ့ နောက်ဆုံး ထားကာ ထိုင်းနိုင်ငံ တွင်းရှိ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားမှ တရားမဝင် အလုပ် သမားများ နိုင်ငံသား အသိအမှတ်ပြု မှတ်ပုံ တင်ခြင်း (Nationality Verification Process)
ပြုလုပ်ရန် ထိုင်းအစိုးရမှ ထုတ်ပြန် ထားသော်လည်း အောင်မြင်စွာ အကောင် အထည် ဖော်နိုင်ခြင်း မရှိခဲ့ပေ။
မြန်မာအစိုးရ တာဝန်ရှိသူများ ဖြစ်သည့် အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဋ္ဌာန ဒုဝန်ကြီး ဦးမြင့်သိန်းမှ ထိုင်းနိုင်ငံသို့ လာရောက်ကာ ထိုင်းအလုပ်သမားရေး ၀န်ကြီးဋ္ဌာနနှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေးခဲ့
ပြီး နောက်ပိုင်း ထိုင်းအစိုးရမှ သက်တမ်း သုံးလ ထပ်မံ၍ တိုးပေးခဲ့သည်။
ထို့ကြောင့် မြန်မာ အလုပ် သမားများ အနေဖြင့် မိမိတို့၏ အလုပ်ရှင် များမှ တဆင့် နီးစပ်ရာ ထိုင်း အလုပ်သမား ဌာန များတွင် အမြန်ဆုံး မှတ်ပုံတင်ကြရန်လည်း မြန်မာ သံရုံးမှ ဇန်နဝါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ကာ အသိပေးနှိုးဆော်ထားသည်။
ထို့အတူ ထိုင်းမီဒီယာ၊ ရုပ်သံ၊ ရေဒီယို စာစောင် များ၌လည်း ဆက်လက် ထုတ်ပြန် အသိပေး သွားနိုင်ရန် အတွက် ထိုင်း အာဏာပိုင် များနှင့် ပြောကြား ထားပြီး ဖြစ်သည် ဟုလည်း သံရုံး ဝန်ထမ်းမှ ဆက်ပြောသည်။
"ထိုင်း မီဒီယာ တွေက နေပြီးတော့ ဒီနေ့ ဇန်နဝါရီ (၂၁) ရက်နေ့က စပြီး စတင် ထုတ်ပြန် ကြေငြာ ပေးသွား မယ်
လို့ ကျွန်တော် တို့ကို ပြောထားတယ်၊ အလုပ် သမားတွေ အားလုံး သိနိုင်အောင် အတွက် သတင်းစာ၊ ရေဒီယို၊ စာစောင်၊ ဂျာနယ် တွေရော ကြေငြာ ပေးမယ်လို့တော့ ပြောထားတယ်" ဟု မြန်မာသံရုံးဝန်ထမ်းက မဇ္ဈိမအား ဆက်ပြောသည်။
သို့သော်လည်း ၄င်း လုပ်ငန်း စဉ်တွင် ထိုင်း အလုပ်ရှင် တစ်ဦးဦး၏ အလုပ် သမား ငှားရမ်းခွင့် (ကိုတာ) ရှိမှသာ လုပ်ဆောင် နိုင်ကြမည် ဖြစ်ကာ အလုပ်သမား များ အနေဖြင့် ၎င်းအလုပ်ရှင် ရရှိရန် ငှားရမ်း ကြရမည် ဖြစ်ကာ မလိုလား အပ်သည့် ပွဲစား များ၏ လိမ်လည် မှုများနှင့် အခြား အခကြေး ငွေများ ကုန်ကျ မည်ကို စိုးရိမ်စရာ ဖြစ်နေ
ကြောင်း မြန်မာ့ အလုပ်သမား အရေး လှုပ်ရှား ဆောင်ရွက် နေသည့် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်း Myanmar Association Thailand (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်းမှ ထောက်ပြ ပြောဆိုခဲ့သည်။
"အကြမ်းဖျင်း ပြောရရင် ကုန်ကျ စရိတ်က ဘတ် ၇၀၀၀ လောက် ကျမယ်၊ အဲဒါက ထိုင်းအစိုးရ အဖွဲ့ကို တရားဝင်
ပေးရမှာ၊ အဲဒါက လှုပ်ရှားစရိတ်တွေ မပါသေးဘူး၊ ဆိုတော့ တစ်သောင်း ဝန်းကျင် ရှိမယ်၊ အခု ပွဲစားတွေက အားလုံး အလုံးစုံ လုပ်ပေးမယ် ၁၂၀၀၀ ကနေ ၁၈၀၀၀ အထိ ဈေးဖွင့်ပြီး ခေါ်နေ ကြတာတော့ ကျွှန်တော်တို့
သတင်းတွေ ကြားရတယ်" ဟု ၎င်းက မဇ္ဈိမအား ဆက်ပြောသည်။
မိမိတို့ ခန့်မှန်းခြေ စာရင်း များအရ ထိုင်းနိုင်ငံ အတွင်း တရားမဝင် အလုပ်သမားများ သန်းဂဏန်း ဝန်းကျင်ခန့် ရှိမည်ဟု မြန်မာသံရုံး ဝန်ထမ်းမှပြောဆိုပြီး ဦးကျော်သောင်းကလည်း ယင်းကိန်းဂဏန်း ပမာဏသည် ၎င်းတို့ခန့်မှန်းချက်နှင့် မကွာခြားကြောင်း ပြောသည်။
"တရားမဝင် အလုပ်သမား ပေါင်း တစ်သန်းခွဲ ကနေ နှစ်သန်း နီးပါး ကျန်သေး တယ်လို့ ကျွှန်တော်တို့ ခန့်မှန်း ထားတယ်၊ ဒါပေမယ့် ထိုင်း အလုပ် သမား ဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ အချက် အလက်ကို အခြေ ပြုပြီး ခန့်မှန်း ထိုင်း အန်ဂျီအို တွေက မှတ်ပုံ မတင်ရ သေးတဲ့ အလုပ် သမားပေါင်း (၉) သိန်း ဝန်းကျင် လောက် မှန်းထား တာလည်း ရှိတယ်" ဟု MAT မှ မဇ္ဈိမအား ရှင်းပြသည်။
ထိုင်း တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်မူ ပြီးခဲ့ သည့်နှစ် မြန်မာ့ အလုပ်သမား အရေး လုပ်ဆောင် နေကြသည့် စာရင်း ဇယား များအရ တရားဝင်ရော တရားမဝင် အလုပ် သမားပေါင်း သုံးသန်းခွဲ မှ လေးသန်း နီးပါး ရှိမည်ဟု ခန့်မှန်း ထားကြသည်။
ထိုင်း အစိုးရက တရားဝင် ထုတ်ပြန်ချက် အရ တရားဝင် အလုပ် သမားပေါင်း တစ်သန်း သုံးသောင်း ခန့်သာ ပတ်စ်စပိုစ့် လုပ်ပေး နိုင်သေး သည်ဟု ထုတ်ပြန် ထားကြောင်း ဦးကျော်သောင်းမှ ဆက်ပြောသည်။
၎င်း C of I လုပ်ငန်း စဉ်နှင့် တရား မဝင် အလုပ် သမားများ ပြန်လည် မှတ်ပုံတင် နိုင်ရေးမှာ ထိုင်း ရုပ်သံများမှ ထုတ်ပြန် ချက်များသာ မိမိတို့ သတင်း သိရှိ ထားရ သော်လည်း မိမိတို့ အသိုင်း အဝိုင်း၌ မကြားရ သေးကြောင်း စမုတ်ဆာခွန် ခရိုင်၊ မဟာချိုင်၌ နေထိုင်သည့် ရွှေ့ပြောင်း အလုပ်သမား တစ်ဦးမှ မဇ္ဈိမအား ပြောသည်။
၎င်း လုပ်ငန်း စဉ်ကို အလုပ်သမား ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်း (၁၀) ခု၌ One-Stop-Service
ဖြင့် နေ့ခြင်းပြီး လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်းလည်း ဗန်ကောက် မြန်မာ သံရုံး ထုတ်ပြန် ချက်၌ ရေးသား
ဖော်ပြ ထားပါသည်။
![]() |
| ထိုင်းနိုင်ငံရှိ ငါးဖမ်းသင်္ဘောတခုပေါ် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမားများ။ (ဓာတ်ပုံ - IOM) |

Subscribe to:
Posts (Atom)