Sunday, July 28, 2013

နစကဖျက်သိမ်းပြီးနောက်ပိုင်း မြန်မာ့ရေတပ် သင်္ဘော အမှတ် ၅၅၄ နတ်မြစ် အတွင်း ၀င်ရောက် နေရာယူ

မြန်မာရေတပ်သင်္ဘော တစ်စင်းသည် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နယ်စပ်ကို ပိုင်းခြားထားသော နတ်မြစ်အတွင်း ၀င်ရောက် နေရာယူထားကြောင်း သတင်း ရရှိသည်။

နစက တပ်ဖွဲ့အား ဖျက်သိမ်းပြီးနောက်ပိုင်း နတ်မြစ် အတွင်း ၀င်ရောက် နေရာယူထားသော အဆိုပါ ရေတပ်သင်္ဘောမှာ အမှတ် ၅၅၄ ဖြစ်ပြီး မောင်တောအနီးတွင် ဆိပ်ကပ်ထားသည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ တက်ကနက်မြို့တွင် အခြေစိုက်သော အမှတ် ၄၂ ဘီဂျီဘီမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျာဟစ် ဟူစိန်က မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ကြားတွင် တစ်စုံတစ်ရာ ပြဿနာ မရှိကြောင်း၊ မြန်မာရေတပ် သင်္ဘော ၀င်ရောက် နေရာယူလာခြင်းမှာ နစကအား ဖျက်သိမ်းလိုက်သည့် အတွက် ကြားကာလတွင် လုံခြုံရေး ဆောင်ရွက်ရန် ၀င်ရောက် နေရာယူလို၍  ဖြစ်ပုံရကြောင်း ပြောကြားသည်။

သို့သော်လည်း မြန်မာရေတပ် သင်္ဘော တစ်စီး နတ်မြစ်အတွင်း ၀င်ရောက် နေရာယူလာသဖြင့် ဒေသခံ ပြည်သူများ အကြားတွင် အမျိုးမျိုး ပြောဆိုဝေဖန်မူများနှင့် အတူ စိုးရိမ်မူများလည်း တိုးပွားနေကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ နယ်စပ် ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် မွတ်ဆလင် အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်း အဖွဲ့များ သင်တန်း တက်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်နှင့် ယခု မြန်မာရေတပ် သင်္ဘော ၀င်ရောက်လာချိန်နှင့် တိုက်ဆိုင်နေသည်။

ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များကမူ အဆိုပါ  မွတ်ဆလင် အဖွဲ့သင်တန်း ဘင်္ဂလာဒေခ်ျ့ မြေပေါ်တွင်  မရှိကြောင်း ငြင်းဆိုထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။