Sunday, May 26, 2013

စမ်းချောင်း ရှင်စောပုလမ်းနေအိမ် ဖြိုချရာမှ လူသေမှုဖြစ်

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ နေအိမ်တစ်လုံးဖြိုချရာ၌ အလုပ်သမား(၃)ဦးသေဆုံး၍ ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်ဟု သိရသည်။

 

"အသစ်ပြန်ဆောက်ဖို့ ဖြိုချတာကို နေကာတဲ့ အုတ်ဘောင်ပေါ် တက်ဖြိုးရင်းနဲ့ အုတ်ဘောင်ပြိုကျလို့ နေရာမှာ ပွဲချင်းပြီး သေတာလည်းရှိတယ် ဆေးရုံရောက်မှ သေတာလည်းရှိတယ်"ဟု စမ်းချောင်းမြို့နယ် စခန်းမှူး ဦးသိန်းအေးက ပြောသည်။

 

အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးလူ(၁)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့ရာ (၂)ဦးသေဆုံးပြီး တစ်ဦးမှ ပေါင်ကျိုးဒဏ်ရာဖြင့် ဆက်လက်ဆေးကုသမှုခံယူနေဆဲ ဖြစ်သည် ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါဖြစ်စဉ်ကို ယနေ့ မေလ (၂၅)ရက်နေ့ နံနက် ၉နာရီ ၁၅ မိနစ်တွင် ရှင်စောပုလမ်းရှိ နေအိမ် အမှတ် (၁) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလည်း လာရောက်ခဲ့ သည်ဟု သိရသည်။

ထိုဖြစ်ပွားမှုအတွက် စမ်းချောင်းရဲစခန်းမှ လုပ်ငန်းခွင်ကြီးကြပ်သူ (အလုပ်သမားခေါင်းဆောင်)အား ပုဒ်မ ၃၀၄(က)/၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဆိုပါ ပုဒ်မမှာ ထိခိုက်၍ လူသေမှုနှင့်ပြင်းထန်ဒဏ်ရာရမှုအတွက်ဖြစ်သည်ဟု ဥပဒေပညာရှင်များထံက သိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။