Saturday, April 13, 2013

ရခိုင်ရိုးရာ နံ့သာသွေး ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ


rakhinethingyin1-april12

ရခိုင်လှပျိုဖြူများ နံ့သာသွေးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်

ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ရခိုင်အသင်း ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

rakhinethingyin2-april12

ရခိုင်လှပျိုဖြူများ နံ့သာသွေးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်

အဆိုပါ နံ့သာသွေးပြိုင်ပွဲတွင် မြောက်ဦးမြို့နယ် အသင်း၊ ရသေ့တောင်မြို့နယ် အသင်း၊ ကျောက်တော်မြို့နယ် အသင်း၊ ဘူးသီးတောင်မြို့နယ် အသင်း၊ ရခိုင်မောင်မယ် အသင်း၊ ရခိုင်အမျိုးသမီး အသင်း၊ လေးဝတီကုလရက္ခိတ အသင်း၊ ပုဏ္ဏကျွန်းမြို့နယ် အသင်း၊ ကျောက်ဖြူမြို့နယ် အသင်းနှင့် သင်္ကြန်ကျင်းပရေး ဗဟိုမှ လှပျိုဖြူအသင်းတို့ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

rakhinethingyin3-april12

ရခိုင်လှပျိုဖြူများ နံ့သာသွေးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်

အဆိုပါ နံ့သာသွေး ပြိုင်ပွဲတွင် ရခိုင်မောင်မယ် အသင်းမှ ပထမဆုကို လည်းကောင်း၊ လေးဝတီကုလရက္ခိတ အသင်းမှ ဒုတိယဆုကို လည်းကောင်း၊ ကျောက်တော်မြို့နယ် အသင်းမှ တတိယဆုကို လည်းကောင်း၊ မြောက်ဦးမြို့နယ် အသင်းမှ စတုတ္ထဆုကို လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

rakhinethingyin4-april12

ရခိုင်မောင်မယ်များ ရခိုင်ရိုးရာ အကဖြင့် ကပြဖြေဖျော်စဉ်

၎င်းနံ့သာသွေး ပြိုင်ပွဲမှာ ဒသမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ဧပြီလ ၁၃ ရက်နေ့ ၁၀ နာရီခန့်တွင် ဘုရားရေသပ္ပယ်မည်ဖြစ်ကာ နေ့လည် ၂ နာရီခန့်တွင် သုဝဏ္ဏ အားကစားကွင်း၌ ရေလောင်းမဏ္ဍပ် ဖွင့်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။