Sunday, February 10, 2013

 အလွန်ကြီးမားသော ဂြိုဟ်သိမ်တစ်ခု ဖေဖော်ဝါရီလ ၁၅ ရက်၌ ကမ္ဘာနှင့် အနီးအကပ်ဆုံး အနေအထားဖြင့် ဖြတ်သန်းသွားမည်

လုံးပတ်ပေ ၁၅၀ အရွယ်အစား ခန့်ရှိသော 2012 DA14 အမည်ရ ဂြိုဟ်သိမ်ဂြိုဟ်မွှားက ကျည်ဆန် တစ်ခုထက် လျင်မြန်သောနှုန်းဖြင့် အချို့ဆက်သွယ်ရေး ဂြိုဟ်တုများထက် နီးကပ်စွာ ကမ္ဘာ၏ အနီးမှ လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းဖြတ်သန်းမှုသည် အလွန်ကြီးမားသော အာကာသ ကျောက်တုံးနှင့် ကြုံဖူးသမျှအနက် အနီးကပ်ဆုံး အနေအထားဖြင့် ကမ္ဘာအနီးမှ ပွတ်ကာသီကာ ဖြတ်သန်းသည့် ဖြစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း နာဆာမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်က ပြောကြားခဲ့သည်။

ကမ္ဘာနှင့် ထိပ်တိုက်ဝင်တိုက် မိနိုင်ခြေ လုံးဝမရှိဘဲ အနီးဆုံး အကွာအဝေးအားဖြင့် ယင်းဂြိုဟ်သိမ် ဂြိုဟ်မွှားသည် ကမ္ဘာမြေ အထက် ၁၇၀၀၀ မိုင်ခန့် အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။

သို့ရာတွင် ယင်းလမ်းကြောင်း၌ အန္တရာယ် ရှိနိုင်သော အမျိုးအမည်မသိ အခြားဂြိုဟ်သိမ် ဂြိုဟ်မွှား သန်းပေါင်းများစွာလည်း ရှိနေသဖြင့် ယင်းဂြိုဟ်မွှားများနှင့်မူ တိုက်မိနိုင်ခြေ ရှိကြောင်း သိရသည်။

ယင်းဂြိုဟ်သိမ်အား ဂြိုဟ်တု အော်ပရေတာများက စောင့်ကြည့် လျက်ရှိပြီး ဂြိုဟ်တုများ လွှတ်တင်ထားရာ ကမ္ဘာမြေအထက် အမြင့် မိုင်ပေါင်း၂၃၀၀၀ တွင် ရှိသော ဂြိုဟ်တုရပ်ဝန်းကို အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားမည်ဟု ခန့်မှန်းထားကြသည်။

အဆိုပါ ဖြတ်သန်းမှုသည် ဖေဖော်ဝါရီလ ၁၅ရက် အရှေ့တိုင်း စံတော်ချိန် ည ၂ နာရီ ၂၄ မိနစ်၌ ကမ္ဘာနှင့် အနီးကပ်ဆုံး ဖြစ်မည်ဖြစ်ကာ ယင်းညအချိန်၌ အဓိကအားဖြင့် အာရှနှင့် သြစတြေးလျနိုင်ငံများမှ တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။

Ref:Washingtonpost

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။