Monday, March 4, 2013

မလက်တို၌ ပုဒ်မ(၁၄၄) ပြန်လည်ရုပ်သိမ်း

ရဲနှင့်ရွာသားပဋိပက္ခကြောင့် ရဲဝန်ထမ်းတစ်ဦးသေဆုံး၍ ရွာသားနှင့်ဝန်ထမ်း(၄၆)ဦး ဒဏ်ရာရရှိခဲ့သည့် မလက်တိုကျေးရွာအုပ်စု၌  အခြေအနေများ အေးဆေးတည်ငြိမ်ခဲ့ပြီဖြစ်သဖြင့် ပုဒ်မ(၁၄၄) အား ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

 

မလက်တိုကျေးရွာအုပ်စု၌ ဖေဖော်ဝါရီ(၂၆)ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပုဒ်မ(၁၄၄)အား အေးချမ်းမှုအခြေ အနေအရ မတ်လ(၂)ရက်နေ့ ညပိုင်းက ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဆားမလောက်ရဲစခန်းက ဆိုသည်။

 

အဆိုပါမလက်တိုပဋိပက္ခဖြစ်စဉ်ကြောင့် အသက်(၂၃)နှစ်အရွယ် ရဲတပ်သား ရဲကျော်သူ သေဆုံး၍ ရဲဝန်ထမ်း (၂၇)ဦး ဒဏ်ရာရရှိကာ ရွာသားများဘက်မှ (၁၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။