Sunday, August 4, 2013

စမ်းချောင်းနှင့်ရန်ကင်း၌ စိတ်ကြွဆေးပြား သုံးစွဲသူအများဆုံးဖြစ်

ရန်ကုန်မြို့အတွင်းရှိ စမ်းချောင်းနှင့်ရန်ကင်းမြို့နယ်များ၌ မူးယစ်ဆေးသုံးစွဲသူ အများဆုံးဖြစ်ပြီး၊ မင်္ဂလာ တောင်ညွန့်နှင့်တာမွေမြို့နယ်ဘက်တစ်ကြော၌ ကိုင်ဆောင်ရောင်းချသူအများဆုံးရှိသည်ဟု အနောက်ပိုင်းခရိုင် မူးယစ်အဖွဲ့မှ သိရှိရသည်။

 "ဖမ်းဆီးရမိတာတွေကတော့ စိတ်ကြွဆေးပြားများတယ်၊ အခုက စိတ်ကြွဆေးပြားခေတ်ဆိုတော့ ဘိန်းဖြူတို့ ဘိန်းဆီခဲတို့ အသုံးပြုမှုကတော့ နည်းပါတယ်"ဟု ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ ရဲမှူး ဦးခင်မောင်သိန်း ကပြောသည်။

 

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍ ဇူလိုင်လကုန်ထိ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း၌ မူးယစ်ဆေးဝါး ဖမ်းဆီးမှုပေါင်း ၃၃ မှုရှိခဲ့သည်ဟု သိရှိရသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ၌ ဘိန်းဖြူ၊ဘိန်းဆီ၊ ဆေးခြောက်များထက် စိတ်ကြွဆေးပြားများမှာ အများဆုံး ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

၂၀၁၃ ခုနှစ်  ခုနှစ်လတာကာလအတွင်း စိတ်ကြွဆေးပြားအလုံးရေ ၅ သိန်းခွဲခန့် ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုး ကျပ်သိန်းပေါင်းနှစ်သောင်းခုနှစ်ထောင်ကျော်ဖိုးခန့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ဆီက ဆေးဆိုင်အချို့မှာတောင် စိတ်ကြွဆေးတွေရောင်းနေတယ်၊ သိတဲ့လူကိုမှ ရောင်းပေး တယ်လို့ သိရတယ်" ဟု တောင်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ကင်ဆာရောဂါကုသဆေးနှင့် ချောင်းဆိုးပျောက်ဆေးများကိုလည်း မူးယစ်ဆေးအသွင်ဖြင့် လမ်းဘေးကွမ်းယာ ဆိုင်၊ ဆေးဆိုင်အချို့အလွယ်တကူဝယ်ယူ အသုံးပြုမှုများ ရှိနေကြောင်းကိုလည်း သိရသည်။

 "လူငယ်တွေက မူးရင်ပြီးရောဆိုတဲ့ သဘောနဲ့ ကင်ဆာပျောက်ဆေးတို့ ချောင်းဆိုးပျောက်ဆေးတို့ ကော်ရှု တာတို့ကို လုပ်နေကြတာ။ တကယ်က မူးယစ်ဆေးလို့ ပြောလို့မရပေမယ့် အဲဒါတွေအထဲမှာ ပါတဲ့ ဓာတုဗေဒ ကွန်ပေါင်းတွေက လူကိုမူး ဝေစေတယ်"ဟု ဦးခင်မောင်သိန်းက ဆက်ပြောသည်။ မူးယစ်အထူးအဖွဲ့များအနေဖြင့် သြဂုတ်လအတွင်း၌ မူးယစ်ဆေးဝါးနှင့်ပက်သက်သည့် အသိပညာပေး ဟော ပြောပွဲများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

မူးယစ်ဆေးဝါးဖမ်းဆီးမှုများအနေဖြင့် အမေရိကန် အလယ်ပိုင်း၊ အရှေ့အာရှနှင့် အရှေ့တောင်အာရှေ ဒသတွင်း၌ ဖမ်းဆီးရရှိမှုများမှာ ၂၀၀၉ ခုနှစ်မှစ၍ ၂ ဆကျော်မြင့်တက်နေသည်ဟု အင်တာနက် သတင်း များအရ သိရသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။