Saturday, March 23, 2013

မိတ္ထီလာနှင့် ၃ မြို့နယ် အရေးပေါ်အခြေအနေ ကြေညာ

မန္တလေးတိုင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ်များကို အရေးပေါ် အခြေအနေအဖြစ် ကြေညာ
လိုက်ပြီး အခြေအနေထိန်းသိမ်းရန် တပ်မတော်က ပါဝင်ဆောင်ရွက်မည်ဟု အစိုးရ ပြန်ကြားရေးဌာနမှ ကြေညာ
သည်။

ဖွဲ့စည်းပုံ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က)အရ နိုင်ငံတော် သမ္မတ က ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် တိုင်ပင်၍ ရက်အကန့်အသတ်မဲ့ အတည်ဖြစ်မည့် အရေးပေါ် အခြေအနေကို ကြေညာလိုက်ခြင်း ဖြစ်သည်။

အဓိကရုဏ်းများ စတင်ဖြစ်ပွားခဲ့သည့် မတ်လ ၂၀ ရက်နေ့မှ စတင်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း ထိုမြို့နယ်များအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်စွာ မဆောင်ရွက်နိုင်၍ ယခုကဲ့သို့ တပ်မတော် ပါဝင်ထမ်းဆောင်မည့် အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။