Tuesday, January 29, 2013

မန္တလေးမှာ ဆီဘောက်ဆာမီးလောင်

ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီက မန္တလေးမြို့ ၇၈ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဇီဝလောင်စာဆီ (Bio Fuel) အရောင်းဆိုင်ရှိ Good Luck ဆီဆိုင်မှ ဆီဂါလန် ၇၂၀၀ ဆန့် ဓာတ်ဆီ ဆီဘောက်ဆာမှ ဆီချနေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်း ၃ ဦး ဒဏ်ရာရရှိသည်။

 ဆီဘောက်ဆာမှ ဓာတ်ဆီများ ယိုဖိတ်မှုဖြစ်ပွားခဲ့ပြီး ဓာတ်ဆီစီးရာ လမ်းတလျောက်တွင် မီးလောင်မှုများဖြစ်ပွားခဲ့ကာ မီးသတ်ပေါင်ဒါမှုန့်များဖြင့် အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ဘေးပတ်ဝန်းကျင်သို့ ကူးစက်လောင်ကျွမ်းခြင်းမရှိပေ။ 

ဒီဗွီဘီ

(ဓါတ်ပုံ - ချစ်ကို၊ စူပါ)



No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။