Monday, March 20, 2017
ဖရဲသီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ခန့်မှန်းတန်ဖိုး ငွေကျပ်သန်း ၃၅၀ ခန့်ရှိ ကျောက်စိမ်းရိုင်း နှစ်တုံး သိမ်းဆည်းရမိ
မန္တလေး မတ် ၁၉
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၁၉၅/၅)မိုင်အနီး အနောက်ဘက် ၂ မိုင်ခန့် အကွာ တောတွင်းတစ်နေရာတွင်မတ် ၁၈ ရက်က မသင်္ကာဖွယ်ရာမစ်ဆူဘီရှီဖူဆို ၁၂ ဘီးယာဉ် တစ်စီး ရပ်တန့်ထားသည်ကို စစ်ဆေးခဲ့ရာယာဉ်ပေါ်တွင် ဖရဲသီးများနှင့်ဖုံးအုပ်ကာ တင်ဆောင်ထားသည့် ခန့်မှန်း တန်ဖိုး ငွေကျပ်သန်း ၃၅၀ခန့်ရှိ ကျောက်စိမ်းရိုင်းတုံး နှစ်တုံးဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
မသင်္ကာဖွယ်ရာ မစ်ဆူဘီရှီဖူဆို၁၂ ဘီးယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းရရှိသဖြင့် ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ဖရဲသီး များနှင့် ဖုံးအုပ် ထားသည့်ကျောက် စိမ်းရိုင်းတုံး နှစ်တုံး (၇၀၀၀kg)ကို တွေ့ရှိ ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့တွင်ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိရာ မတ်၁၈ ရက်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် တားဆီးမှု ခြောက်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀ ဒသမ ၁၃ သန်းခန့်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် တားဆီးမှု ခြောက်မှုခန့်မှန်းတန်ဖိုးငွေကျပ် ၂၃ ဒသမ ၃၇သန်းခန့် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မတ် ၁၈ ရက်တွင်မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ်ပို့ကုန် ၆၆၄ စီး၊ သွင်းကုန်အစီး၇၆၀၊ ရန်ကုန်-မြ၀တီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန်၃၁ စီး၊ သွင်းကုန် ၁၆၆ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိကြောင်းသိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။