မြသီရိ (၂) လမ်း ရပ်ကွက် မြောင်းထဲကို သွန်ချ နေတဲ့အတွက် အနံ့အသက်ဆိုးတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ စွန့်ပစ် မိလ္လာတွေကို ရပ်ကွက် မြောင်းတွေထဲ
သွန်ချ နေတဲ့အတွက် အနီးဝန်းကျင်မှာ ရှိတဲ့ အိမ်ခြေ ၄၀ ကျော် လောက်ဟာ အနံ့အသက်ဆိုးတွေနဲ့ ကြုံတွေ့ နေကြရပါတယ်။ မိလ္လာ အနံ့ဆိုးတွေကြောင့် ရပ်ကွက်
အတွင်းမှာရှိတဲ့ ကလေးငယ်တွေရဲ့ကျန်းမာရေးကိုလဲ ထိခိုက်စေနိုင်တဲ့ အတွက် ဒေသခံတွေ အနေနဲ့ စိုးရိမ်မှု ရှိနေကြတာပါ။ ဒီလို အနံ့အသက်ဆိုးတွေကို ဖေဖော်ဝါရီလ
မှ စတင် ခံစားနေရတာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပေမယ့် တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် အနံ့အသက် မထွက်ရှိအောင်
သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပြုလုပ်ပေးပါလို့ ဒေသခံတွေက တောင်းဆို နေကြပါတယ်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။